spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရှားတောမြို့နယ်၊ ဒေါလဲဒူကျေးရွာမှာ အကြောင်းရင်းမသိရဘဲ ကျွဲများသေဆုံးမှုရှိနေ

Author

Date

Category

CJ/ ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ရှားတောမြို့နယ် ဒေါလဲဒူကျေးရွာမှာ ကျွဲများသေဆုံးနေပြီး သေဆုံးရတဲ့ အကြောင်းရင်းကို မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ရွာမှာ နှစ်တိုင်း ဒီလိုအချိန်မှာ ကျွဲ၊ နွားတွေ သေလေ့ရှိတယ်။ ဘာကြောင့်လဲတော့မသိဘူး ကူးစက်ရောဂါလို့ပဲ ပြောရမလား။ အခု ၅လပိုင်း၊ ၆လပိုင်းဆိုရင် အမြဲထုံးစံလိုဖြစ်နေပြီ။”လို့ ဒေါလဲဒူ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အကြောင်းရင်းမရှိဘဲ ကျွဲ ၂ကောင်သေဆုံးခဲ့တာကြောင့် ဒေသခံတွေကတော့ ကူးစက်ရောဂါဖြစ်ပွားမှာကို စိုးရိမ်နေပြီး ကျန်းမာနေသေးတဲ့ ကျွဲ၊ နွားတချို့ကိုလည်း အသားပေါ် ၊ ရောင်းချနေတာတွေရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကရင်နီပြည်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာလည်း နေ့အပူရှိန် ပြင်းတာနဲ့ ရေခမ်းခြောက်တာတွေကြောင့် နွားပေါက်ငယ်တွေသေဆုံးနေတဲ့ ဖြစ်စဉ်တွေရှိနေပါတယ်။

spot_img
spot_img

Recent posts