spot_img
Sunday, April 2, 2023
spot_img

ရှေ့တန်းဆေးကုသမှုအပြန် မိုင်းနင်းမိပြီး DMO-PDF အမျိုးသမီးဆေးမှူးတစ်ဦး ကျဆုံး

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဒီးမော့ဆိုမြို့ ဆောင်ဒူရွာသစ်ကျေးရွာမှာ DMO-PDF အမျိုးသမီးဆေးမှူးတစ်ဦးဖြစ်တဲ့ မဇယ်ရာမီးနာဟာ ရှေ့တန်းဆေးကုသမှုအပြန် စစ်ကောင်စီထောင်ထားတဲ့မိုင်းကို နင်းမိပြီး ကျဆုံးခဲ့တယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ( DMO-PDF )က ဒီကနေ့ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၁၈ရက်နေ့ ညနေ့ ( ၄ ) နာရီအချိန်မှာ အသက် ၅၀ ဝန်းကျင်ရှိပြီဖြစ်တဲ့ ဦးလေးဖြစ်သူနဲ့ ရှေ့တန်းဆေးကုသပြီး အပြန်မှာ မိုင်းနင်းမိခဲ့တာ ဖြစ်ပါတယ်။

မိုင်းနင်းမိပြီး ကျဆုံးသွားတဲ့ မဇယ်ရာမီးနာဟာ DMO-PDF တပ်ရင်း(K)မှာ ဆေးမှူးတာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၁၈နှစ်အရွယ်ဖြစ်ပါတယ်။

မဇယ်ရာမီးနာနဲ့အတူ လိုက်ပါသွားတဲ့ ဦးလေးဖြစ်သူ ‌ဦးပေါလူခွန်းကတော့ ဘယ်ဘက်လက်နဲ့ ဘယ်ဘက်ခြေတောက်မှာ ပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့ရတဲ့ မဇယ်ရာမီးနာရဲ့ ဈာပနကို ဒီကနေ့ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ကတ်သလစ်ခရစ်ယာန်ထုံးတမ်းအစဉ်အလာနဲ့အတူ ဂူသွင်းသင်္ဂြိုလ်ခဲ့တယ်လို့ DMO-PDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မဇယ်ရာမီးနာ ကျဆုံးသွားခဲ့ရတဲ့အတွက် မိသားစုနဲ့အတူ ဝမ်းနည်းကြေကွဲကြောင်းနဲ့ ဖက်ဒရယ်သူရဲကောင်းအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုသွားမှာဖြစ်တယ်လို့ DMO-PDFက ထုတ်ပြန်ထားပါတယ်။

DMO-PDF ရဲ့ ထုတ်ပြန်ချက်တွေအရ ကရင်နီပြည်မှာ ၂၀၂၂ခုနှစ်အတွင်း စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတဲ့ DMO-PDF တပ်ဖွဲ့ဝင် ၁၅ဦး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

လူထုထောက်ခံမှုရှိနေသ၍ ပါတီဆက်ရှိနေအုံးမယ်လို့ KySDP ပြော

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီအပါအဝင် တိုင်းရင်းသားပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ( UEC ) က မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် လူထုထောက်ခံမှုရှိနေသ၍ ကတော့ ပါတီဆက်လက်ရှိနေအုံးမှာဖြစ်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP...

နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅)ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါလျားခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ် ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ...

တစ်လကျော်ကြာတိုက်ပွဲပြင်းထန်နေတဲ့ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ လေကြောင်းတိုက်ခိုက်မှုပြင်းထန်စွာ အသုံးပြုနေ

ကန္တာရဝတီတိုင်း(မ်) ပင်လောင်းမြို့နယ်ဖက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတာ တစ်လကျော်ကြာရှိနေပြီဖြစ်ပြီး စစ်ကောင်စီဖက် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ သုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဆိုကြပါတယ်။ မတ်လ (၂၉)ရက်နေ့ ဖယ်ခုံ-ပင်လောင်းနယ်စပ်တစ်နေရာမှာ ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဖက် တိုက်လေယာဉ် (၄)စင်းနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရက်တိုက်ပွဲမှာ...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ အထက်တန်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

ကန္တာရဝတီတိုင်း(မ်) ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အထက်တန်း စာသင်ကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့ရပါတယ်။ “၁ နာရီ ၁၆မိနစ်မှာ တိုက်လေယာဉ် နှစ်ပတ် ပတ်ပြီးဝဲတာ ဝဲပြီးတော့ ၁၈မိနစ်လောက်မှာ တစ်ခါတည်းတန်းပစ်တာ။ ၈ခေါက်တိတိပစ်တယ်။ လေယာဉ်ဒုံးနဲ့လည်းပစ်တယ် ရွာတစ်လျှောက်...