spot_imgspot_imgspot_imgspot_img
Monday, May 19, 2025
spot_imgspot_imgspot_imgspot_img

ရှေ့တန်းတွင် မိုင်းနှင်းမိရာမှ KNDF B-10 ရဲဘော်တစ်ဦးကျဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ယမန်နေ့ ( မေလ ၉ရက်) နေ့မှာ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ရှေ့တန်းတစ်နေရာမှာ မိုင်းနင်းမိပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-10 မှ ရဲဘော်တစ်ဦး ကျဆုံးသွားတယ်လို့ KNDF B-10 တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ မနေ့က ညနေပိုင်းမှာ ရှေ့တန်းတစ်နေရာမှာ ကျနော်တို့ တာဝန်ထမ်းဆောင်နေတဲ့ ကျနော်တို့ KNDF B-10 က တစ်ယောက် မနေ့ညကပဲ မိုင်းလေးယောက်ထိတယ်။ နှစ်ယောက်ကတော့ ကျနော်တို့ တစ်ယောက်ကတော့ ခြေတောက်နှစ်ဖက်ပြတ်တယ်။ နောက်တစ်ယောက်က ခြေတောက်တစ်ဖက်ပြတ်တယ်။ ဗိုက်နည်းနည်းထိထားတယ်။ နောက်ထပ်နှစ်ယောက်ကတော့ မျက်စိနဲ့ မျက်နှာကိုပဲ ထိထားတယ်ပေါ့နော။ နည်းနည်းလေး အစမှန်တယ်ပေါ့။ အဲ့ထဲမှာမှ ခြေတောက်နှစ်ဖက်ထိထားတဲ့ ရဲဘော်က မနေ့ညကျနော်တို့ ဆေးရုံပို့တဲ့ အချိန်မှာ ကျဆုံးသွားတယ်။ နောက်ထပ်ရဲဘော်ကိုလည်း ကျနော်တို့ အခြေအနေ စောင့်ကြည့်နေရသေးတယ်ပေါ့နော။ အရမ်းကြီးနဲ့ မစိုးရိမ်ရတဲ့ အခြေအနေတော့မဟုတ်ဘူး။ ကျနော်တို့ စောင့်ကြည့်နေရသေးတယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ ကျနော်တို့ စိုးရိမ်စရာတော့ သိပ်မရှိဘူး။” လို့ ၎င်းက ပြောပါတယ်။

ကျဆုံးသွားသူမှာ အသက် ၂၉ နှစ် အရွယ်ရှိတဲ့ စောကပေါ်ထူး ဖြစ်ပြီး ဒီကနေ့ ( မေလ ၁၀ ရက်) နေ့မှာ မြေမြုပ်သင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

spot_img
spot_img
spot_img

Recent posts