spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လက်နက်ကိုင်လူတစ်စုမှ ဖယ်ခုံ ဒေသခံများအား ခြိမ်းခြောက်ငွေတောင်း

မော်မီမြာ/ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့မှာ ဖယ်ခုံ ခေါင်းအိကျေးရွာဖက်မှာ တောင်ယာကနေ ထင်းခုတ်ပြန်လာတဲ့ ဖယ်ခုံဒေသခံပြည်သူ လေးဦးကို လက်နက်ကိုင်ထားတဲ့ လူတစ်စုက လက်နက်နဲ့ ခြိမ်းခြောက်ပြီး ငွေတောင်းခံတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။

“သေနတ်နဲ့ ခြိမ်းခြောက်ပြီးတော့ ဒူးထောက်ပြီးတော့မှ ဘာညာ ထင်းခုတ်မရဘူး အဲ့လိုပြောတယ်။ ဦးလေးကတော့ ကောင်းကောင်းရှင်းပြပြီးတော့ ပါးစပ်ပိတ် ပြောတယ်။ တချို့က စကားပြောတာ မကြမ်းပေမယ့် နားထောင်တာ ကြမ်းတာမျိုးလည်းရှိတယ်ပေါ့။ ဒါပေမယ့် ကိုယ်ကတော့ ကြောက်ခါကျတော့ ရပါတယ် ဘားမဖြစ်ပါဘူး။ ကိုယ်ကပဲ ကံမကောင်းတာပဲ ဖြစ်မှာပေါ့။”လို့ ခြိမ်းခြောက်ခံရသူတွေထဲက တစ်ဦးက ကန္တာရ၀တီတိုင်း(မ်)ကိုပြောပါတယ်။

လက်နက်နဲ့ ခြိမ်းခြောက်အပြီး ဒေသခံတွေရဲ့ ထင်းသယ်လာတဲ့ ထော်လာဂျီ ကို သိမ်းယူထားခဲ့တာကြောင့် ငွေနှစ်သိန်းနဲ့ ပြန်လည်ရွေးယူခဲ့ရတယ်လို့ဆိုပါတယ်။

ခြိမ်းခြောက်ငွေတောင်းတဲ့ သူတွေဟာ သေနတ်ကိုယ်စီကိုင်ဆောင်ထားပြီး ပျောက်ကြားအကျီဝတ်ဆင်ထားကာ အကျီပေါ်က တံဆိပ်ကို မတွေ့ရတဲ့အတွက် ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့ကဆိုတာ မသိရဘူးလို့ ဒေသခံတွေကပြောပါတယ်။

ခြိမ်းခြောက်ခံရတဲ့ ဒေသခံ လေးဦးထဲမှာ အမျိုးသမီးတစ်ဦး နဲ့ အမျိုးသား ၃ဦး ဖြစ်ပါတယ်။

“ အင်္ကျီတံဆိပ်တော့ မတွေ့ခဲ့ဘူး။ ဝတ်စုံတော့ တွေ့တယ်။ ကိုယ်ကလည်း ကယန်းပဲပြောတယ် သူတို့လည်း ကယန်းပဲပြန်ပြောတယ်။ “ လို့ ခြမ်းခြောက်ခံရသူက ပြောပါတယ်။

အဆိုပါ ကိစ္စနဲ့ပါတ်သက်ပြီး ဖယ်ခုံမြို့နယ်မှာ ရှိနေတဲ့ ဖယ်ခုံ PDF ကို ဆက်သွယ်မေးမြန်းကြည့်ရာ “ အခုမှသိလို့ကျနော်ပြန်မေးကြည့်တာတော့ ဖယ်ခုံ PDFတွေထဲကတော့ မဟုတ်ဘူးဗျ။ “ လို့ ဖယ်ခုံ PDFတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဖယ်ခုံမြို့နယ်အတွင်းမှာလည်း လှုပ်ရှားမှု ရှိနေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကိုဆက်သွယ်မေးမြန်းရာမှာလည်း မိမိတို့ တပ်ဖွဲ့ မဟုတ်ကြောင်းနဲ့ ဒီကိစ္စကို စုံစမ်းနေဆဲဖြစ်ကြောင်း ဖြေကြားထားပါတယ်။

“ လောလောဆယ် အဲ့ဖက်မှာရှိတဲ့ တပ်ရင်းတွေကော ကျနော်တို့မေးထားတယ်။ စုံစမ်းခိုင်းတယ်ပေါ့နော။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ကျနော်တို့ KNDFကတော့ မဟုတ်ဘူးပေါ့။ အဲ့ဖက် တပ်ရင်းတွေအကုန်လုံး စုံစမ်းထားတဲ့ အခြေအနေအရပေါ့နော။ ကျနော်တို့ KNDFကတော့ မဟုတ်ဘူးလို့ ကျနော်တို့ သိရတယ်ပေါ့။ “ လို့ KNDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

လက်ရှိမှာဆိုရင်တော့ ဒေသခံ ပြည်သူတွေဟာဆိုရင် မိုးရာသီဖြစ်တဲ့အတွက် တောင်ယာသွားပြီး သီးနှံကို စိုက်ပျိုးနေကြတဲ့ အချိန်ဖြစ်ပါတယ်။ အခုလို ခြိမ်းခြောက်ခံရတာတွေ ကြုံတွေ့နေရတာတွေက ပြည်သူတွေအနေနဲ့ လုံခြုံမှု မရှိဘူးလို့ ဒေသခံပြည်သူတွေက ဆိုပါတယ်။

spot_img
spot_img