spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လက်နက်ကြီးကျရောက်မှုတွေ ရှိနေတာကြောင့် ဘောလခဲ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မေလ ပထမအပတ်ကစပြီး ဘောလခဲမြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေထဲကို လက်နက်ကြီး မကြာခဏ ကျရောက်မှုတွေ ရှိနေတာကြောင့် ဘောလခဲ ဒေသခံတွေဟာ မိမိနေရပ်မှာ မနေရဲကြတော့ပဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဘောလခဲဒေသခံတွေက ပြောပါတယ်။

မိမိနေအိမ်မှာနေထိုင်တာ လူံခြုံမှူမရှိလို့ ဘုန်းကြီးကျောင်း တွေမှာ သွားရောက်တိမ်းရှောင်နေကြပေမယ့် ဘုန်းကြီးကျောင်း ထဲ လက်နက်ကြီးကျရောက်မှုတွေလည်း ရှိနေတာကြောင့် ယခုလို ထွက်ပြေးလာတာဖြစ်တယ်လို့ အသက် (၄၀)အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“လက်နက်ကြီးကြောက်လို့ ဘုန်းကြီးကျောင်းသွားနေပါတယ်ဆို။ ဘုန်းကြီးမှာလည်း တည့်တည့်လာကျတော့ ဘယ်သူမှ မနေရဲတောဘူး။ ဘာပဲ ဖြစ်ချင်ဖြစ်ဆိုပြီးတော့ ထွက်လာကြတာ” လို့ အသက် (၄၀) အရွယ် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

လက်နက်ကြီးကျရောက်တဲ့ ဘောလခဲမြို့ ကျေးရွာတချို့အပြင် မြို့ပေါ် ရပ်ကွက်က ဒေသခံအများစုလည်း ထွက်ပြေးလာကြတာကြောင့် ဝန်ထမ်းနဲ့ စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေသာ ကျန်ရစ်တယ်လို့ သူက ဆက်ပြောပါတယ်။

လွိုင်ကော်-ဒီးမော့ဆို- ဘောလခဲ လမ်းမကြီးဟာ ဇန်နဝါရီလ ဒုတိယပတ်ကစ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲပြင်းထန်မှုတွေကြောင့် ပိတ်ထားလိုက်ရပြီး ယခုအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တဲ့အတွက် စစ်ရှောင်တွေဟာ တောလမ်းကနေ လွိုင်ကော်မြို့ပေါ်ကို သွားရောက်ရှောင်တိမ်းနေတာရှိတယ်လို့ သိရပါတယ်။

သို့ပေမယ့် ငွေကြေးမတတ်နိုင်တဲ့ စစ်ရှောင်တွေကတော့ တောတောင်ထဲမှာသာ တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

“တချို့က ပိုက်ဆံတတ်နိုင်တဲ့လူတွေကတော လွိုင်ကော်ကို ပြေးကြတာပေါ။မတတ်နိင်တဲ့လူကျတော့ တခြားစစ်ရှောင်နေရာပဲ အ့လိုသွားကြတာပေါ” လို့ စစ်ရှောင်အမျိုးသား တစ်ဦးက ပြောပါတယ်။

မေလ ပထမပတ်လောက်က စတင်ပြေးကြပြီး လမ်းခရီးကြမ်းတမ်းမှုတွေကြောင့် စားနပ်ရိက္ခာတွေကို သယ်လာနိုင်ခြင်းမရှိတဲ့အပြင် ကူညီကယ်ဆယ်ရေးအဖွဲ့တွေ မရှိသေးတာကြောင့် ကူညီတွေ လိုအပ်နေသေးတယ်လို့ သိရပါတယ်။ လက်ရှိမှာ စစ်ရှောင်ဦးရေ ရာချီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့က ဘောလခဲမြို့တွင်းက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေဖြစ်တဲ့ စစ်မှုထမ်းဟောင်းရုံး၊ လဝကရုံး၊ မြို့မရဲစခန်း၊ ရုပ်သံလွှင့်ဌာန တို့ကို ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။ အလားတူ မေလ ၆ ရက်နေ့မှာလည်း ဘောလခဲမြို့ ပွန်ချောင်းအရှေ့ဘက်ခြမ်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဘောလခဲ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

spot_img
spot_img

Recent posts