spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လက်နက်ကြီးကြောင့် ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားလေးဦးထိခိုက်

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ဒီကနေ့ (နိုဝင်ဘာလ ၁ရက်နေ့ )မှာ ကရင်နီပြည် လွိုင်ကော်မြို့နယ် လင်ဖုံကြီးကျေးရွာနဲ့ ဝမ်ပန်ကျေးရွာအတွင်းကို စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးကျရောက်ပြီး မွေးဖွားခါနီး ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရ ခဲ့တယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးထံကနေ သိရပါတယ်။

“လင်ဖုံက နှစ်ယောက်တော့ တော်တော်စိုးရိမ်ရတဲ့ အနေအထားမှာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ လင်မယားပေါ့နော။ ကလေးက တစ်ယောက်ရှိတယ်။ ပြီးတော့ ဗိုက်ကြီးသည်ပေါ့။ ဗိုက်ကြီးသည်ဆိုတော့ ဗိုက်ကြီးသည်ကိုထိတော့ သူ့ထိတဲ့နေရာအတိအကျကိုတော့ မသိဘူးဒါပေမဲ့ သူတို့ပြောတာကတော့ ဗိုက်ထိတယ်လို့ကြားတယ်ပေါ့နော။ နောက် ဒီလထဲမှာ မွေးရမဲ့ဟာပေါ့နော။ နောက်အဲဒီ ဗိုက်ကြီးသည် အစ်မအတွက်တော့ စိုးရိမ်ရမယ် ပြီးတော့ သူ့ယောကျာ်းကလည်း ကျမတင်းထားတဲ့အတိုင်းပဲ သွေးသံတရဲရဲနဲ့ သူတို့နှစ်ယောက် လင်မယားကတော့ စိုးရိမ်ရတဲ့ အခြေအနေတော့ ရှိတယ်ပေါ့နော။” လို့ သူက ပြောပါတယ်။

ဝမ်ပန်ကျေးရွာက နှစ်ဦးကတော့ ခြေထောက်မှာ မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာတွေကို ရရှိထားတယ်လို့ ဆိုပါတယ်။ ကျေးရွာအတွင်း ၁၂၀ မမ၊ ၆၀ မမ လက်နက်ကြီးအမျိုးအစား ၁၂လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးကျရောက်မှုကြောင့် လင်ဖုံကြီးကျေးရွာနဲ့ ဝမ်ပန်ကျေးရွာက အနည်းဆုံးနေအိမ်ငါးလုံးလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

“အဲဒီစိုးရိမ်ရတဲ့ နှစ်ယောက်ကတော့ အဲဒီပထမဆုံးတစ်လုံးမှာက သူတို့မထိသေးဘူး။ ဒုတိယလာတဲ့အချိန်မှာမှ သူတို့က ဟိုစာ အိမ်ရှေ့က အုတ်နံရံတွေနဲ့ သူတို့အကာအကွယ်ယူတယ်ပေါ့နော။ အုတ်နံရံနားမှာပဲ သူတို့ကို ထိထားခါကျတော့လေ။ ဆိုတော့ အိမ်ရှေ့က အုတ်နံရံနားမှာပဲ သူတို့အကာအကွယ်ယူရင်းနဲ့ ထိသွားတာ။ အိမ်ထဲမှာတော့ မဟုတ်ဘူး။ သူတို့ကို ထိတဲ့နေရာကလေ။” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာတွေမရှိပဲ လက်နက်ကြီးပစ်ခတ်လာတာဖြစ်တယ်လို့ သိရပါတယ်။ လက်နက်ကြီးဒဏ်ရာနဲ့ စိုးရိမ်ရဒဏ်ရာရတဲ့ ဇနီးမောင်နှံနှစ်ဦးမှာ ၅နှစ်အရွယ် သားလေးတစ်ယောက်လည်းရှိပါတယ်။

လင်ဖုံကျေးရွာနဲ့ ဝမ်ပန်ကျေးရွာမှာ ယခင်က လက်နက်ကြီးကျရောက်ဖူးပြီး လက်ရှိမှာ ဒေသခံတွေလည်း စစ်ဘေးရှောင်နေကြတာတွေလည်းရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့်
ကရင်နီပြည်တွင်းမှာ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှု တစ်နှစ်ကျော်ကာလအတွင်း ၆၄ဦးရှိပြီး လက်နက်ကြီးပစ်ခတ်သံတွေကြောင့် ထိတ်လန့်သေဆုံးသူ ၉ဦးရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF ) က နိုဝင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts