spot_img
Wednesday, December 7, 2022
spot_img

လက်နက်ကြီးကြောင့် ပြည်သူ့နေအိမ် ထိခိုက်မှုများပြားလာ၊ နေ့စဉ် လက်နက်ကြီးနဲ့ရမ်းသန်းပစ်ခတ်နေ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ရှိ ရပ်ကွက် ၊ ကျေးရွာအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ကင်းပုန်းတပ်က ဝင်ရောက်နေရာယူထားပြီး နေ့စဉ် ပြည်သူတွေရဲ့နေအိမ်ကို ဝင်ရောက်ဖျက်ဆီးတာ၊ မီးရှို့တာ၊ လက်နက်ကြီးရဲ့ အကြောင်းမဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေတာကြောင့် ပြည်သူ့နေအိမ်များ ထိခိုက်မှု များပြားလာတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ရိက္ခာပြန်လာယူတဲ့ ပြည်သူတွေကိုလည်း လိုက်လံပစ်ခတ်တာရှိနေပြီး လက်နက်ကြီးရမ်းသန်းပစ်ခတ်နေတဲ့အတွက် ဒေါငံခါး၊ ငူးပလော့၊ခေါက်ပလော့ စတဲ့နေရာက ပြည်သူနေအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၄နာရီခွဲဝန်းကျင်မှာလည်း ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နှစ်ဖက်ပစ်ခတ်သံ၊ လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“၄ နာရီကျော်တုန်းက လက်နက်ငယ်တွေ အတွဲလိုက်ပစ်သံကြားတယ်။ လက်နက်ကြီးကောထုတယ်။ စစကြားတုန်းက နှစ်ဖက်ပစ်နေသလိုမျိုး အခုတော့ လက်နက်ကြီးနဲ့ တစ်ဖက်သတ်ပစ်နေတာ။”လို့ ဒီးမော့ဆိုမြို့ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

ဒီးမော့ဆိုမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကနေ နေ့စဥ် လက်နက်ကြီးတွေ အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်နေတဲ့အတွက် ပြည်သူလူထုအနေနဲ့ အသွားအလာဆင်ခြင် သတိထားသွားကြရန်၊ မဖြစ်မနေသွားလာရမယ်ဆိုလျှင် သက်ဆိုင်ရာ ဒေသကာကွယ်ရေးတပ်ဖွဲ့ကို အကြောင်းကြားပြီး သွားလာကြဖို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အသိပေးနိုးဆော်ထားပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ကရင်နီပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူတွေ လက်ရှိအချိန် မိမိနေအိမ်ကို ပြန်ရောက်လာနိုင်ခြင်းမရှိသေးပါဘူး။ လက်ရှိမှာလည်း စစ်ဘေးရှောင်စခန်းတွေမှာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အနွေးထည်တွေ လိုအပ်နေဆဲလို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

KNDF တပ်ရင်း ၄က ရဲဘော် ဂျေရုမ်း မိုင်းနင်းမိရင်း ကျဆုံး

ကန္တာရဝတီတိုင်း(မ်) ဖရူဆိုမြို့တွင်းတစ်နေရာမှာ နယ်မြေရှင်းလင်းရေးပြုလုပ်ရင်း စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိတဲ့အတွက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) တပ်ရင်း ၄မှ ရဲဘော် ဂျေရုမ်းဟာ ဒီဇင်ဘာလ ၄ရက်နေ့က ကျဆုံးသွားခဲ့ရပါတယ်။ ရဲဘော် ဂျေရုမ်းဟာ တပ်ရင်း(၄) တည်ထောင်တဲ့အတောအတွင်း ပထမဆုံး ကျဆုံးသွားတဲ့ ရဲဘော်ဖြစ်တယ်လို့ KNDF တပ်ရင်း...

ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်စာသင်ကျောင်းတစ်ခုရဲ့ ကျောင်းဆင်းပွဲ

ကန္တာရဝတီတိုင်း(မ်) ဒီဇင်ဘာလ ၅ရက်နေ့က ဒီးမော့ဆိုအနောက်ဘက်ခြမ်း စစ်ရှောင်ကျောင်းတစ်ကျောင်းမှာ ကျောင်းဆင်းပွဲအခမ်းအနားပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ကျောင်းသူ၊ကျောင်းသားတွေ ၊ ကျောင်းသားမိဘတွေနဲ့ ကျောင်သားသမဂ္ဂအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပါတယ်။ အခုလိုကျောင်းဆင်းပွဲ အခမ်းအနားကျင်းပ‌ခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်တဲ့အကြောင်းကို ဆရာမတစ်ဦးက အခုလိုပြောပါတယ်။ "ကျောင်းဆင်းပွဲဆိုကျွန်မ လုံးဝမမျှော်လင့်ဘူး။ အရင်နှစ်ကျမတို့လုပ်တာမိဘ( ၁၀ )ယောက်တောင်မလာဖူးပါဘူး။ ဒီတစ်နှစ်ကျတော့ ကျမဘယ်လိုမှ ပြောမပြနိုင်တဲ့ပီတိကို ကျမခံစားရပါတယ်။ မိဘတွေအများကြီးတက်ရောက်လာတယ်...

လွိုင်ကော် ၅ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက် တပ်ခွဲမှူးတစ်ဦးအပါအဝင် ၅ဦးသေဆုံး

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် လွိုင်ကော်မြို့ နယ်၊ ပါလောင်းကျေးရွာ နဲ့ ကျေးရွာဝန်းကျင်တွေမှာ နိုဝင်ဘာလ ၂၄ရက်နေ့မှ ၂၉ ရက်နေ့အတွင်း ၅ရက် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၀၈ တပ်ရင်း တပ်ခွဲမှူးတစ်ဦးအပါအဝင် ၅ဦး သေဆုံးခဲ့တယ်လို့...

လက်နက်ကြီးရန်ကြောင့် စာသင်ကျောင်း ရွေ့ပြောင်းဆောက်လုပ်၊ စာရေးကိရိယာများ လိုအပ်နေ

ကေးဒူ (ကန္တာရဝတီ တိုင်း(မ်)) ကျေးရွာအတွင်းကို လက်နက်ကြီး ကျရောက်လာတာကြောင့် ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ကျေးရွာတစ်ခုမှာ ဖွင့်လှစ်နေတဲ့ စာသင်ကျောင်းတစ်ခုဟာ လုံခြုံနိုင်မယ့် တောထဲ တစ်နေရာကို ရွေ့ပြောင်းဆောင်လုပ်နေရပြီး အမိုးအကာ လိုအပ်ချက်တွေလည်းရှိနေတယ်လို့ ကျောင်းမှာ စာသင်ပေးနေတဲ့ စေတနာ့ဝန်ထမ်း ကျောင်းဆရာတစ်ဦးက ပြောပါတယ်။ “ လက်နက်ကြီး ရွာထဲ တစ်ခေါက် နှစ်ခေါက်ကျသွားတယ်။...