spot_img
Friday, March 24, 2023
spot_img

လက်နက်ကြီးနဲ့လေကြောင်းရန် ကာကွယ်ရန် ဗုံးခိုကျင်း မဖြစ်မနေ တူးဖို့ KSCC တိုက်တွန်း

spot_imgspot_imgspot_imgspot_img
ဓါတ်ပုံ –  JFK

ကန္တာရဝတီတိုင်း( မ် )

၂၀၂၃ ခုနှစ် နှစ်ဦးပိုင်းကစပြီး ကရင်နီပြည်တွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာသလို စစ်ကောင်စီဘက် လက်နက်ကြီးတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာနေပြီး အရပ်သားသေဆုံးမှုများပြားလာတဲ့အတွက် ဗုံးခိုကျင်းမဖြစ်မနေ တူးဖို့ ကရင်နီအတိုင်ပင်ခံကောင်စီ(KSCC) က တိုက်တွန်းလိုက်ပါတယ်။

အဲ့ဒီအတွက် လူထုတွေ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုအန္တာရာယ်ကနေ ကာကွယ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ရမယ့် အချက် ၉ ချက်ကို KSCC ကနေ ဒီကနေ့ မတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

“ ကျနော်တို့ ဒါကို လူထုကနေပြီးတော့ လက်နက်ကြီးဒဏ်တွေပေါ့နော။ ဒီလေယာဉ်ပစ်ဒဏ်တွေကို ကျနော်တို့ ကာကွယ်နိုင်အောင်ဆိုပြီးတော့ သတိပေးတဲ့သဘောပါပဲ။ အဲဒါကတော့ တစ်ပြည်လုံးအတိုင်းအတာနဲ့ လုပ်ဆောင်ရမယ့် အချက်တွေဖြစ်တယ်။ အဲဒါဆိုလို့ရှိရင် ကျနော်တို့ပြည်နယ်က တခြားပြည်နယ်တွေနဲ့ မတူဘူး။ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေက ဖြစ်နေတာဖြစ်တယ်။ နောက်လက်နက်ကြီးအငယ်ကလည်း အချိန်မရွေးကျရောက်နိုင်တာဖြစ်တဲ့အတွက် လူထုအတွက် အသက်အန္တာရာယ်လုံခြုံဖို့အတွက် ကျနော်တို့က ကြိုတင်ပြီးတော့မှ လုပ်ဆောင်ရမယ့်အချက်တွေကို မေတ္တာရပ်ခံ တောင်းဆိုလိုက်တာဖြစ်ပါတယ်။ ” လို့ KSCC ဥက္ကဌ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

KNDF ရဲ့ မတ်လ ၄ရက်နေ့ ဖေဖော်ဝါရီလ စစ်ရေးသတင်းထုတ်ပြန်ချက်မှာ တစ်လအတွင်း ရှမ်း-ကရင်နီနယ်စပ်နဲ့ ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးသူငယ်အပါအဝင် အရပ်သား ၈ဦး သေဆုံးပြီး ၂နှစ်ခွဲကလေးငယ်အပါအဝင် ပြည်သူ ၁၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကရင်နီပြည်တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးတွေ၊ လေကြောင်းတွေ အသုံးပြုတိုက်ခိုက်သလို တိုက်ပွဲတွေဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာနဲ့ စစ်ရှောင်စခန်းတွေကိုလည်း ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပါတယ်။

လူထုတွေအနေနဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်အောင် ဆောင်ရွက်ဖို့ KSCC ကနေ ထုတ်ပြန်တဲ့အချက် ( ၉ ) ချက်ကတော့
( ၁ ) စစ်ရှောင်နေရာ( သို့မဟုတ် ) တောင်စောင်းတွေမှာ ဗုံးခိုကျင်း တူးထားရန်။
( ၂ ) ဗုံးခိုကျင်းတွေကို
– အနည်းဆုံး အနက် ( ၅ ) ပေနဲ့ လူဦးရေအလိုက်အကျယ်ကို တူးပါ။
– ကောင်းမွန်ခိုင်ခံ့တဲ့ အကာအကွယ်တစ်ခုရရှိနိုင်ရန်အတွက် အချင်း ( ၁ ) ပေခန့် သစ်လုံး/တုံးများဖြင့် ဖုံးအုပ်ပါ။ နေရာမရွေ့စေရန် သစ်တုံးများကို သံကြိုး၊ သွပ်နန်းကြိုးများဖြင့် တွဲချည်ပါ။ အဲဒီသစ်တုံးပေါ်မှာ မိုးကား၊ ပျဉ်ပြားတို့နဲ့ ဖုံးအုပ်ပြီး အနည်းဆုံး ( ၂ ) ပေနဲ့အထက် မြေဖို့ပါ။
( ၃ ) တွင်းထဲသို့ အသင့်ဝင်ပုန်းနိုင်ဖို့နဲ့ အဝင်အထွက် အဆင်ပြေနိုင်စေဖို့အတွက် မြောင်းပြုလုပ်ရန်။
( ၄ ) သောက်သုံးရေ၊ ရိက္ခာခြောက်၊ ဆေးဝါးများ၊ ဓါတ်မီး၊ မီးခြစ်၊ ဓါး၊ ဖုန်း၊ ပါဝါဘန့်၊ အဝတ်အထည်၊ စောင်၊ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို မိမိတို့နဲ့အတူ တစ်ပါတည်း ပြင်ဆင်ထားကြရန်။
( ၅ ) သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အရေးပေါ်ထုတ်ပြန်ချက်၊ သတိပေးချက်ကို အထူးဂရုပြုလိုက်နာဆောင်ရွက်ရန်။
( ၆ ) တိုက်လေယာဉ် အသံကိုကြားပါက ( သို့မဟုတ် ) တွေ့ရှိပါက ဗုံးခိုကျင်းတွေအတွင်း အမြန်ဆုံး ပုန်းရှောင်ကြရန်။
( ၇ ) လမ်းပေါ်နဲ့ ဟင်းလင်းပြင်၊ အကာအကွယ်မဲ့တဲ့ မြင်ကွင်းထင်ရှားတဲ့နေရာတွေကို ထွက်ကြည့်ခြင်း ရှောင်ကြဉ်ကြရန်။
( ၈ ) တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကာလအတွင်း မလိုအပ်ပဲ သွားလာလှုန်ရှားမှုတွေ မပြုလုပ်ကြရန်နဲ့ ဘေးကင်းလုံခြုံရာ နေရာတွေကို လုံခြုံရေးအသိသတိနဲ့ ရွေ့ပြောင်းနေထိုင်ကြရန်။
( ၉ ) မိမိတို့နေထိုင်ရာ နီးစပ်ရာ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့နယ်အတွင်း ပိတ်မိသူတွေကို တွေ့ရှိပါက လူသားချင်းစာနာမှုဖြင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ အသင်းအဖွဲ့တွေကို ချက်ချင်းဆက်သွယ်အသိပေးကြရန်။ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

စစ်ရှောင်လူထုတွေ ပါဝင်ကျင်းပကြတဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်

ကန္တာရဝတီတိုင်း(မ်) ကရင်နီလူမျိုးတို့ရဲ့ ရိုးရာဓလေ့ဖြစ်တဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို မတ်လ ၂၂ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာမှာ ကျေးရွာဒေသခံတွေနဲ့ စစ်ရှောင်တွေစုပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။ ကျေးရွာကော်မတီတစ်ဦးဖြစ်တဲ့ ဒေါ်ပုက ပွဲတော်ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။ “ ရည်ရွယ်ချက်က သူ့ရဲ့ရိုးရာဓလေ့က ဟိုးဘိုးဘွားဘီဘေခေတ်ကတည်းက လုပ်လာခဲ့တဲ့ ရိုးရာဓလေ့တစ်ခုပေါ့။ အဲ့ဒါသူက သူ့ရဲ့ရိုးရာက ဘာကြောင့်လုပ်ရလည်းဆိုရင်တော့...

ရေနီပေါက်နဲ့ မိုင်းထမ်းကျေးရွာမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တွေ ပျက်စီးမှုရှိခဲ့

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် ဘောလခဲမြို့ နယ်၊ ရေနီပေါက်ကျေးရွာနဲ့ မိုင်းထမ်းကျေးရွာတွေမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တစ်ချို့ ပျက်စီးတာတွေရှိခဲ့တယ်လို့ ဘောလခဲဒေသခံတွေက ပြောပါတယ်။ “ကျနော်တို့ ဘောလခဲ အခုလက်ရှိကတော့ ဘောလခဲကျေးရွာအုပ်စု သုံးရွာလုံး တစ်ယောက်မှ အိမ်မှာနေခဲ့လို့ မရတော့ဘူးလေနော။ ရက်တိုင်းရက်တိုင်းပဲ လက်နက်ကြီးတွေနဲ့ သူတို့ပစ်ခတ်တာကြောင့်နေအိမ်လည်းပျက်စီးတယ်။ တချို့က မီးလောင်သွားတဲ့ဟာတွေလည်းရှိတယ်။...

ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ နွေရာသီအတွက် ရေသိုလှောင်ထားပေမယ့် လုံလောက်မှု မရှိ

ကန္တာရဝတီတိုင်း(မ်) ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ စစ်ရှောင်ကာလ ၂နှစ်ဝန်းကျင်ရှိလာပြီ ဖြစ်ပေမယ့် နွေရာသီ ရေရှားပါးမှုပြဿနာကို ပိုမိုခက်ခဲစွာ ရင်ဆိုင်ဖြေရှင်းနေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေး အဖွဲ့နဲ့ စစ်ရှောင်တွေဆီကနေ သိရှိရပါတယ်။ မိုးရာသီမှာ သိုလှောင်ထားတဲ့ ရေတွေ မလုံလောက်တဲ့အတွက် စစ်ရှောင်တွေအနေနဲ့ ဝေးလံတဲ့နေရာတွေအထိ သွားရောက် ခပ်ယူနေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စီမံရေးမှူး ခွန်းရောဘတ်က ပြောြပပါတယ်။ “...

ကရင်နီဒေသ စစ်ဘေးရှောင် လူငယ်များအတွက် လူငယ်စွမ်းရည်မြှင့်တင်ရေး သုံးရက် သင်တန်းပို့ချ

CJ (သတင်းပေးပို့ချက်) ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင် စခန်းတခုမှာ မတ်လ ၁၇ ရက်နေ့မှစပြီး ၁၉ ရက်နေ့အထိ နွေရာသီ လူငယ်သင်တန်းကို သုံးရက်တာ ပို့ချခဲ့ပြီး လူငယ် ၁၂၀ ကျော်က သင်တန်းကို တက်ရောက်ခဲ့တယ်လို့ ကရင်နီ​ပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်မှ တာဝန်ရှိသူက ‌ပြောပါတယ်။ “လူငယ်‌တွေက အသက် ၁၅နှစ်ကနေ ၂၉နှစ်လောက်ထိပါတယ်။...