spot_imgspot_imgspot_imgspot_img
Monday, January 20, 2025
spot_imgspot_imgspot_imgspot_img

လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတွေ တောင်ယာခင်းတွေဆီ မသွားရောက်နိုင်၊ စားဝတ်နေရေးအတွက် စိုးရိမ်နေကြရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေက နေ့စဉ်ရက်ဆက် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဖရူဆိုဒေသခံတောင်သူတွေဟာ တောင်ယာခင်းတွေဆီကို မသွားရောက်နိုင်တော့တဲ့အတွက် စားဝတ်နေရေး ထိခိုက်လာမှာကို စိုးရိမ်နေကြပါတယ်။

ဒါ့အပြင် လက်နက်ကြီးပစ်ခတ်မှု နဲ့ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် တိရိစ္ဆာန်တွေကို ထိန်းကြောင်းနိုင်ခြင်း မရှိတဲ့အတွက်လည်း စိုက်ခင်းတွေပျက်စီးလာတာ ရှိနေတယ်လို့ ဖရူဆိုဒေသခံတစ်ဦးက ပြောပါတယ်။

“တောင်ယာလုပ်ရင် နွားစာပဲ ဖြစ်သွားမှာကို စိုးရိမ်ပူပန်ကြတယ်၊ တောင်ယာခင်းသွားတာလည်း လက်နက်ကြီးနေရာ ကြောက်ရတယ်ဆိုပြီး ဒီတစ်နှစ်မှာတော့ တောင်ယာမလုပ်တဲ့သူတွေလည်း ရှိတယ်ပေါ့” လို့ ဖရူဆိုဒေသခံ တောင်သူတစ်ဦးကပြောပါတယ်။

ဖရူဆိုမြို့နယ်အတွင်း စစ်ဘေးရှောင်နေကြတဲ့ ဒေသခံတွေဟာ တိုက်ပွဲငြိမ်နေချိန်တွေမှာ နေရပ်အနီးပြန်လာပြီး စားဝတ်နေရေးအတွက် တောင်ယာလုပ်ငန်းကို အသက်စွန့်ပြီး လုပ်ကိုင်ကြသူတချို့ရှိနေပါတယ်။

“အိမ်ပြန်ချင်တာပေါ့နော၊ အိမ်မပြန်ရဲတော့ အခုလိုမျိုး လက်နက်ကြီးကျေးရွာအတွင်း ရမ်းသန်းပစ်နေသလို အလုပ်လုပ်ချင်တဲ့သူတွေလည်း အဆင်မပြေတော့ဘူးပေါ့” လို့ ဖရူဆိုဒေသခံတစ်ဦးကလည်း ပြောပါတယ်။

တောင်ယာစိုက်ခင်းတွေကို ပြန်လာရိတ်သိမ်းခွင့်ရနိုင်ဖို့ စစ်ရှောင်တွေက မျှော်လင့်နေပါတယ်။
ဖရူဆိုမြို့နယ်အတွင်းက တောင်ယာမရှိတဲ့ စစ်ဘေးရှောင်တွေဟာ အလှူရှင်က ထောက်ပံ့ပေးမှုကိုသာ အားထားနေရပြီး စစ်ရှောင်စခန်းတွေဆီကို သွားလာရခက်ခဲတာကြောင့် အလှူရှင်မရောက်ရှိတာ ကြာနေပြီလို့ ဆိုပါတယ်။

“ကျနော်တို့ရဲ့ ဒုက္ခသည်စခန်းအတွင်းမှာတော့ အလှူရှင်မလာတာလည်း တော်တော်ကြာနေပြီ၊ တချို့ စစ်ရှောင်လူထုတွေကလည်း ငတ်နေပြီ၊ ကျနော်တို့ ရှာပေးမယ်ဆိုလည်း လုံလောက်တာတော့ မရှိဘူးပေါ့၊ အလှူရှင်ရှာလည်း မရှာတတ်ဘူးပေါ့နော” လို့ စစ်ဘေးရှောင် ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်မှာ စစ်ဘေးရှောင်ဦးရေ တစ်သောင်းကျော်ရှိတယ်လို့ လူမှုအသင်းအဖွဲ့ တွေရဲ့ စာရင်းအရသိရပါတယ်။

spot_img
spot_img
spot_img

Recent posts