spot_img
Monday, May 29, 2023
spot_imgspot_imgspot_imgspot_img

လက်နက်ကြီးရန်ကြောင့် ယာယီစာသင်ကျောင်းကို တောထဲတစ်နေရာမှာ ပြန်လည်ဖွင့်လှစ်

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းက ဒေါခရောခူကျေးရွာမှာပြီးခဲ့တဲ့ ဒီဇင်ဘာ လဆန်းတုန်းက ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ခဲ့တာကြောင့် စာသင်ကျောင်းကို တောထဲတစ်နေရာမှာ ဒီဇင်ဘာလ (၂၀ ) ရက်နေ့က ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစာသင်ကျောင်းမှာ KG ကနေ Gread-5 အထိ ကျေးရွာသုံးရွာက ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၀၀) ကျော် ကို ဆရာ၊ဆရာမ ၄ ဦးတို့က သင်ကြားပေးနေတာဖြစ်ပါတယ်။

၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်မှာတော့ အလယ်တန်းအထိ ဖွင့်လှစ်ဖို့ ရည်ရွယ်ထားတယ်လို့ ဖရူဆိုမြို့နယ် ပညာရေးဘုတ်အဖွဲ့ဝင် ဆရာမတစ်ဦးက ပြောပါတယ်။

“ ဒီလာမယ့် ဒီနှစ်ဆန်းပိုင်းကျရင်တော့ ကျမတို့ အခြေအနေကြည့်ပြီးတော့ အခြေအနေ ဒီလိုပဲ ဆက်ဖြစ်နေမယ် ဆိုရင်တော့ အလယ်တန်းကို ကျမတို့ ဖွင့်ဖို့ရှိတယ်ပေါ့နော်။ ကျောင်းသားစာရင်းတွေလည်း လုပ်ပြီးသားပေါ့နော်။ အဲဒီအတွက်တော့ လိုအပ်ချက်ရှိတယ်ပေါ့နော်။ အလယ်တန်းဆောင် ဆောက်ဖို့လေ။” လို့ ဖရူဆိုမြို့နယ် ပညာရေးဘုတ်အဖွဲ့ဝင် ဆရာမတစ်ဦးက ပြောပါတယ်။

ကျောင်းသားကျောင်းသူတွေအတွက် ကျောင်းဆောင်တွေ၊ စားရေးကိရိယာတွေ၊ ဖတ်စာအုပ်တွေ၊ သင်ထောက်ကူပစ္စည်းတွေ အခက်အခဲရှိတယ်လို့ သိရပါတယ်။

ကျောင်းသားကျောင်းသူတွေဟာ ဖတ်စာအုပ်တွေကို ၁ နှစ်နီးပါး အဟောင်းကို အသုံးပြုရတဲ့အတွက် လက်ရှိမှာ ဖတ်စာအုပ် အဓိက လိုအပ်နေတယ်လို့ ဖရူဆိုမြို့နယ် ပညာရေးဘုတ်အဖွဲ့ဝင် ဆရာတစ်ဦးက အခုလိုပြောပါတယ်။

“ လိုအပ်ချက်ကတော့ အများကြီးလိုတာပေါ့နော်။ ဘာလိုမလဲဆိုတော့ ကျနော်တို့ဖတ်စာအုပ်တွေ ဖတ်စာအုပ်က အရင်တုန်းက အဟောင်းပဲ ပြန်သုံးတယ်ကော ပြန်သုံးတော့ တစ်နှစ်သုံးပြီးပြီ အခုက နောက်တစ်နှစ် ထပ်သွားပြီ ပြီးလို့ရှိရင် ဒီနှစ်ကုန်ပြီးရင် နောက်တစ်နှစ်ထပ်သွားဖို့ရှိတယ်ဆိုတဲ့ အနေအထားမျိုးကြတော့ ဖတ်စာအုပ်က အများကြီးလိုအပ်တဲ့ အနေအထားမျိုးတော့ ရှိတယ် ဆိုတဲ့ အခြေအနေမျိုးတော့ ရှိတယ်ပေါ့နော်။” လို့ သူက ပြောပါတယ်။

ဖရူဆိုမြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ကျော်ရှိနေပြီး စစ်ရှောင်စခန်းတွေမှာ ကျောင်းပေါင်း ၁၀၁ ကျောင်းကို ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Recent posts