spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၅နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့ ညနေ ၆နာရီခွဲအချိန်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီးမော့ဆို အနောက်ဖက်ခြမ်း ပြည်သူရှိတဲ့နေရာမှာ စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးကျရောက်ခဲ့ပြီး အသက် ၅နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၂၅နှစ် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလဆန်းပိုင်းမှစ နေ့စဉ် စစ်ကောင်စီမှလက်နက်ကြီး ပစ်ခတ်တာတွေ ရှိနေပြီး အောက်တိုဘာလ ၈ရက်နေ့အထိ ထိခိုက်ဒဏ်ရာရရှိသူ ပြည်သူ နှစ်ဦး ရှိနေတာဖြစ်ပါတယ်။

“ လောလောဆယ် ဒီနှစ်ဦးကတော့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ စာရင်းတော့ ရှိပါတယ်။ လက်ရှိ အခြေအနေထိတော့ ကျနော်တို့ အဲ့လိုမျိုး ပြောလို့ရပါသေးတယ်။ အဓိက သူတို့ ပစ်တဲ့နေရာကို ကြည့်လိုက်တော့ လူထုတွေ အဓိက နေတယ်။ နောက် စစ်ရှောင် တွေ အများဆုံးနေတဲ့ နေရာဖြစ်တယ်ပေါ့နော။ ပစ်တဲ့နေရာ တော်တော်များများက တိုက်ပွဲ ဖြစ်တာ မဟုတ်ဘူးပေါ့။ တိုက်ပွဲ ဖြစ်တဲ့နေရာ မဟုတ်သလို လူထုတွေ အဓိက နေတဲ့ နေရာတွေပါပဲ ရွာတွေကို ဦးတည်ပြီး ပစ်ခတ်နေတယ်ဆိုတာ ကျနော်တို့ တွေ့ရပါတယ်။ “ လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဆရ ဗညားက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ရင်းဖြစ်တဲ့ ငွေတောင်အခြေစိုက် ၁၀၂ တပ်ရင်း၊ ဖရူဆိုတပ်ရင်းဖြစ်တဲ့ ခမရ ၄၂၈၊ ခမရ ၅၃၁ ၊ အမှတ်၁၄ တန်းမြှင့်စစ်သင်တန်းကျောင်း ကနေ လက်နက်ကြီးပစ်ခတ်မှုလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။

လက်ရှိ ကရင်နီပြည်မှာ ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေရတဲ့အတွက် ဆေးရုံ၊ ဆေးခန်းလက်လှမ်းမမှီတာကြောင့် လက်နက်ကြီးထိမှန်တဲ့အချိန်မှာလည်း အချိန်မှီဆေးကုသဖို့အတွက် အခက်အခဲကြုံနေရတယ်လို့ ဆိုပါတယ်။

“ ကျနော်တို့ ပုံမှန်အချိန်မှာတောင်မှ ဖျားနာတဲ့ လူတွေကို ကုသနိုင်ဖို့အတွက် အကန့်အသတ်တွေ အခက်အခဲတွေ အများကြီးရှိတယ်ပေါ့နော။ အခုလိုမျိုး လက်နက်ကြီး ထိခိုက်မှုကို ကုသဖို့အတွက် ပိုပြီးတော့ ကွာတာပေါ့နော။ ကျနော်တို့ ဒီ ဓါတ်မှန်ရိုက်တဲ့ ကိစ္စတွေရှိတယ်။ ပြီးတော့မှ ခွဲစိတ်တဲ့ ကိစ္စတွေရှိတယ်။ အဲ့တော့ ဒီဟာက ပုံမှန်ရိုးရိုး ဖျားတာထက်စာရင် ပိုပြီးတော့ သတိထားကိုင်တွယ်ရတဲ့ ဟာမျိုးတွေ ဖြစ်တယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်တွေကလည်း ဒီအပိုင်းမှာ နည်းနေတာပေါ့။ နေရာတကာမှာ မရှိတဲ့အတွက်ကြောင့်မလို့ ထိခိုက်ဒဏ်ရာရမှု ခွဲစိတ်တာတွေ ဖြတ်တောက်တာတွေ လုပ်ဖို့အတွက်က တော်တော်လေး ခက်ခဲပါတယ်။ “ လို့ ဆရာဗညားက ဆက်ပြောပါတယ်။

ကရင်နီမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း လက်နက်ကြီး ထိမှန်မှုကြောင့် အရပ်သားပြည်သူ ၁၀ဦးသေဆုံးခဲ့ရပြီး ၁၉ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ အောက်တိုဘာလ ၂ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အောက်တိုဘာလ ၈ရက်နေ့ ဒီးမော့ဆို အနောက်ဖက်ခြမ်း တစ်နေရာ လက်နက်ကြီး ကျရောက်ပုံ။ (ဓါတ်ပုံ – KnHRG)
spot_img
spot_img

Recent posts