spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လက်နက်နဲ့အတူ ခိုလှုံတဲ့ တပ်မ(၆၆) လက်အောက်ခံ မိုးဗြဲအခြေစိုက်မှ တပ်သားတစ်ဦးကို ဆုငွေ (၂၀) ကျပ် ချီးမြှင့်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တပ်မ (၆၆) လက်အောက်ခံ မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်မှ ကိုယ်ပိုင်နံပါတ် (တတ-၁၃၁၂၅၈)တပ်သား တင်သိန်းမှ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၁)ထံ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ CDMတပ်သားအဖြစ် ဇူလိုင်လ ၃ ရက်နေ့မှာ လာရောက်ခိုလှုံခဲ့တယ်လို့ မိုးဗြဲPDFတပ်ရင်း(၁)ထံကနေ သိရပါတယ်။

အမှတ် (၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ((MBPDF)၊ တပ်ခွဲ (၃) ကျွဲချိုတပ်ခွဲမှ လက်နက်နဲ့ CDM ဝင်ရောက်လာတဲ့ တပ်သား တင်သိန်းကို ဆုငွေ (၂၀) သိန်းကျပ်တိတိကို ပေးအပ်ချီးမြှင့်ခဲ့ပြီး လုံခြုံတဲ့နေရာမှာ ရှိနေတယ်လို့ မိုးဗြဲ PDF က ပြောပါတယ်။

အဆိုပါ တပ်သားဟာ အသက် (၂၀) အရွယ်ရှိပြီး ဆန္ဒမပါပဲ စစ်တပ်ထဲ တာဝန်ထမ်းဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်အာဏာရှင်ကို မကြိုက်တဲ့အတွက် CDMအနေနဲ့ ရုန်းထွက်ခဲ့တာဖြစ်တယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်၊ ကျွဲချိုထောက်ပို့ ဖေ့ဘုတ်စာမျက်နှာက ဖော်ပြထားတဲ့ ဗီဒီယိုဖိုင်မှာ CDMတပ်သား တင်သိန်းက ပြောကြားထားပါတယ်။

သူ့အနေနဲ့လည်း စစ်အာဏာရှင်ကို ပြန်လည်တိုက်ထုတ်တဲ့နေရာမှာ ပါဝင်သွားမယ်လို့ ပြောဆိုထားပါတယ်။

“ ကျနော် ဒီတော်လှန်ရေးမပြီးမချင်း ကျနော့်အသက် မသေမချင်း ရအောင်ပြန်ပြီး နှိမ်နင်းဖို့ ကျနော် ဒီတော်လှန်ရေးမပြီးမချင်း တိုက်ဖို့ပါ။ တကယ်လို့ အရေးကြီးလာပြီး သေမလောက်ရှင်မလောက် ဖြစ်လာရင် ကျနော့်အသက်ပေးပြီး တိုက်ဖို့ ဝန်မလေးဘူး။ ဝင်တိုက်ရဲတယ်။ ဒီစနစ်အောက်မှာ မနေချင်လို့ ရုန်းထွက်ခဲ့တယ်။ ပြည်သူအတွက် ပြန်ပြီး တိုက်ပေးဖို့ ကျနော့်အသက် မသေမချင်းတိုက်ဖို့ပါ။ “ လို့ တပ်သား တင်သိန်းက ပြောပါတယ်။

ငွေ ၃ သိန်းပေးပြီး တပ်စုဆောင်းရေးထဲ ခေါ်ဆောင်ခံရကြောင်း၊ သင်တန်းပြီးပြီးချင်း မိုးဗြဲဖက်ကို ရှေ့တန်းပို့ဆောင်ခံရကြောင်း၊ မိုးဗြဲမြို့မှာ တာဝန်ထမ်းဆောင်နေချိန်မှာ ပြည်သူ့အိုးအိမ်တွေကို မီးရှို့လို့ရကြောင်း၊ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူလို့ရကြောင်း၊ မြင်မြင်သမျှ ပစ်လို့ရကြောင်း၊ အမျိုးသမီးတွေကို မုဒိမ်းကျင့် သတ်ပစ်လို့ရကြောင်း အထက်ညွှန်ကြားထားတာရှိခဲ့သလို မြေပြင်မှာလည်း လက်တွေ့မြင်တွေ့နေရတာကြောင့် ပြည်သူ့ရင်ခွင်ခိုလှုံဖို့ စိတ်ဆုံးဖြတ်ချက်ခဲ့တယ်လို့ တပ်သားတင်သိန်း ပြောကြားထားတယ်လို့ မိုးဗြဲ PDF ထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ အနေနဲ့ စစ်ကောင်စီကိုစွန့်ခွာပြီး တော်လှန်ရေးမှာ CDMပြုလုပ်ပြီး ပါဝင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသီးသီးက ဖိတ်ခေါ်တာတွေလည်းရှိနေပါတယ်။

မိုးဗြဲမြို့မှာဆိုရင် စစ်ကောင်စီတပ်က မြို့တွင်းကို မကြာခဏ စစ်ကြောင်းထိုးခြင်း၊ တပ်စွဲခြင်း ပြုလုပ်တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိနေတာပါ။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ( KNPP )ကနေလည်း ဘက်ပြောင်းခိုလှုံသူများ နဲ့ CDM ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းထားတာရှိသလို စစ်ကောင်စီတပ်သားတွေကို CDMပြုလုပ်ဖို့ ဖိတ်ခေါ်တာတွေလည်း ရှိပါတယ်။

spot_img
spot_img

Recent posts