spot_imgspot_imgspot_imgspot_img
Wednesday, June 25, 2025
spot_imgspot_imgspot_imgspot_img

လက်ပစ်ဗုံးကစားရင်း ကလေးငယ်တစ်ဦးသေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း ကျေးရွာတစ်ရွာက ၁၁နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ လက်ပစ်ဗုံးကို ဆော့ကစားရင် မတော်တဆ ပေါက်ကွဲကာသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ ယမန်နေ့ (ဇွန်လ ၂၈ရက်) ညနေ ၄နာရီအချိန်မှာ အစ်ကိုဖြစ်သူ (တော်လှန်ရေးရဲဘော်) ရဲ့ နေအိမ်မှာ သိမ်းထားတဲ့ လက်ပစ်ဗုံးတစ်လုံးကို ယူပြီး ဆော့ကစားရာမှ မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

“အိမ်ထဲမှာထားတယ်လေ၊ ကြွတ်ကြွတ်အိတ်နဲ့ ထုတ်ထားသေးတယ်။ သံကြိုသံကြား ဟိုအနောက်ဘက်မှာထားတယ်။ သူဘယ်လိုမျိုး လိုက်ရှာလဲမသိဘူး။ ကိုင်လို့မရဘူးသူ့ကိုပြောသေးတယ်။ အရင်တုန်းကလဲမကိုင်ဘူးလေ။ ဒီရက်ခါကြတော့ ဘယ်လိုဖြစ်သွားလဲမသိဘူး” လို့ မိခင်ဖြစ်သူကပြောပါတယ်။

ဖြစ်စဉ်ဖြစ်ပွားနေတဲ့ အချိန်မှာ မိဘဖြစ်သူတွေက တောင်ယာသွားနေပြီး အကိုငယ်(၁၃)နှစ် ဖြစ်သူနဲ့ အတူ အိမ်တွင်ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။

“ကျွန်မနဲ့သူ့အဖေတောင်ယာသွားတယ် ဒါလေးနည်းနည်းကျန်သေးတယ်။ ပြီးအောင်လုပ်ပြီး ပြန်မလားဆိုတော့ မပြီးသေးဘူး။ သူများပြန်လာခေါ်တယ်။ နင်သားပြန်ကြည့်တဲ့ ဘာဖြစ်လဲမသိဘူး အူတောင်မှထွက်တယ်တဲ့ အပေါက်ကဒီလောက်ရှိတယ်။ ကျွန်မပြန်ကြည့်တဲ့ချိန် ဆရာမတွေ ပတ်တီးတွေအကုန်လုံးပတ်ကုန်ပြီ သူစကားပြောနိုင်သေးလားဆိုတော့ မပြောနိုင်တော့ဘူးတဲ့ ချက်ချင်းသေတယ်တဲ့” လို့ မိခင်ဖြစ်သူကပြောပါတယ်။

သေဆုံးသူမှာ ၁၁ နှစ်အရွယ် အာရီဘိန်းတို မောင်သောင်း ဖြစ်ပြီး ၄တန်း တက်ရောက်တော့မယ့် ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။

spot_img
spot_img

Recent posts