spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လက်မှုထုတ်ကုန်များ မပပျောက်စေရန် ဈေးကွက်ဖော်ဆောင်ရန်လို

Author

Date

Category

စိုးထိုက်အောင်

တိုင်းရင်းသားများ၏ လက်မှုပညာရပ်ဖြင့် ထုတ်လုပ်သည့် ထုတ်ကုန်များ မပပျောက်စေရန် ဈေးကွက်ဖော်ဆောင်ပေးသည့် လုပ်ငန်းများလိုအပ်နေသည်ဟု Craft program and business officer ကိုသုအောင်ခိုင်က ပြောပါသည်။

” ဈေးရောင်းပွဲလုပ်ရ ခြင်းရဲ့အဓိက ကတော့ လက်မှုက တဖြေးဖြေး နဲ့ တိမ်ပါးလာတာပေါ့နော်။ ဘာလို့လဲဆိုတော့ တခြားစက်မှုနဲ့ထုတ်တာတွေက အများကြီး ထုတ်နိုင်လာတယ်။ လက်မှုက တစ်ရက်မှ တစ်ခုတောင် ပီးချင်မှပီးတယ် အဲ့လိုမျိုးဆိုတော့ တဖြေးဖြေး နဲ့တိမ်ကော လာတယ်။” ဟု သုအောင်ခိုင်က ပြောပါသည်။

တိုင်းရင်းသားများ၏ လက်မှုပညာရပ်များကို ဈေးကွက်ဖော်ဆောင်ပေးရန် နိုဝင်ဘာလ ၁၈ရက်နေ့မှ ၂၀ ရက်နေ့အထိ ကယားပြည်နယ်လွှတ်တော်ဝန်းထဲတွင် ကျင်းပပြုလုပ်သွားသည်ဟု သိရသည်။

တိုင်းရင်းသားများ၏ လက်မှုပညာရပ်များကို ဈေးကွက်ဖော်ဆောင်ပေးရန် နိုဝင်ဘာလ ၁၈ရက်နေ့မှ ၂၀ ရက်နေ့အထိ ကယားပြည်နယ်လွှတ်တော်ဝန်းထဲတွင် ကျင်းပပြုလုပ်

ပြည်နယ်အတွင်းတွင်ရှိသည့် တိုင်းရင်းသား ၉ မျိုးမှ ထုတ်လုပ်သည့် လက်မှုလုပ်ငန်းများအပြင် တခြားမတူညီသည့် ထုတ်ကုန်များကို ဈေးကွက်တွင်းဖော်ဆောင်နိုင်ရန် အခက်အခဲရှိနေသေးသည်ဟု သုအောင်ခိုင်က ပြောပါသည်။

“ဘာလို့ ဆိုအဓိက သူတို့မှာ လုပ်တတ်တဲ့သူများတယ်။ ခက်တာက ဈေးကွက်ကို သွားရတဲ့နေရာမှာ အရမ်းအခက်အခဲ ဖြစ်တယ်။ သူတို့က ဈေးကွက်မရှိဘူးလို့ပြောကြတယ်ပေါ့နော်။ တစ်ဘက်မှာ ကျတော့လဲ ဟိုတယ်တွေကျတော့ သူတို့က ဒီ ကယားဒေသထွက်ပစ္စည်းတွေကို သုံးချင်တယ်။ ဒါပေမဲ့ ဘယ်နားမာ ဝယ်ရမလဲမသိဘူး။ အဲ့လို မျိုးဖြစ်နေတယ်ပေါ့နော်။”ဟု သုအောင်ခိုင်က ဆက်ပြောပါသည်။

ထိုအတွက်ကြောင့် ယခုကဲ့သို့ လက်မှုပညာဈေးရောင်းပွဲတော်များပြုလုပ်ခြင်းဖြစ်သည်ဟုဆိုပါသည်။

ပန်းပုရုပ်ထုလုပ်ငန်းကို ၅ နှစ်ပြုလုပ်နေပြီဖြစ်သည့် ဒီးမော့ဆိုမြို့နယ် ငုပလော့ရပ်ကွက်မှ ဗန်းဒူက ၎င်းလုပ်ငန်းနှင့် ပတ်သက်၍ ယခုလိုပြောပါသည်။

” ဝယ်တဲ့သူတွေကို facebookပေါ်မှာ ကြော်ငြာတယ် မှာတဲ့သူတွေလဲရှိပါတယ်။ အဓိက ကတော့ ပန်း ပဲမှာလုပ်တဲ့လူများတာပေါ့ ဒီ အရုပ်ကျတော့ မှာတဲ့လူနည်းတာပေါ့။ အထူးသဖြင့် မသိသေးလို့ပါ နေရာကလဲ လိုသေးတယ်ပေါ့။” ဟု ဗန်ဒူးက ပြောပါသည်။

ဈေးရောင်းပွဲတော်မှ ဒေါ်အိုင်းရင်းက ” ဒီမှာ ဝါးလက်မှုပစ္စည်းတွေကိုရောင်းပါတယ်။ ကိုယ့်ကို လုပ်ထားတာပါ။ ဒီလိုမျိုးလုပ်တာ ၂နှစ်လောက်ပဲရှိသေးတယ်။” ဟု ပြောပါသည်။

ဈေးရောင်းပွဲတော်အတွင်းတွင် ကယား၊ကယန်းပန်းပု ရုပ်များ၊ ဒေသထွက် အစားအစာဖြစ်သော မက်ခါသီးအမှှုန့်၊ သဘာဝ ကော်ဖီ၊ ရိုးရာအဝတ်အထည်များ၊ ဝါးလက်မှုပစ္စည်းများရောင်းချသွားသည်။

ကယားပြည်နယ်မှ ဒေသထွက်ပစ္စည်းသည် အမှန်တကယ် ဈေးကွက်ဖော်ဆောင်ပေးနိုင်ပါက ကမ္ဘာကျော်အထိ ဖြစ်သွားနိုင်သည်ဟု ကယားဖူးလူမှုဝန်ထမ်းခြင်းနှင့် ဖွံ့ဖြိုးရေးဌာနမှ တာဝန်ခံ ဒေါ်လီးမြာ က ပြောပါသည်။

“ကျမတို့ ဒေသထွက် ပစ္စည်းက သဘာဝကိုပဲ ကျမတို့ထပ်ပီးမြင့်တင်မယ် ၊ပြည်သူတွေကလဲ စိတ်ချလက်ချ စားသုံးဖို့အတွက် အခုဒီကော်ဖီဆိုရင်လဲ သဘာဝပဲ ကျမတို့မြင့်တင် ခြင်းပဲဖြစ်ပါတယ်။ ဒီ သဘာဝက ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အတွက် သဘာဝထွက် ပစ္စည်းကို ကျမတို့ကုန်ချောကောင်းကောင်း မွန်မွန်လုပ်ဆောင်ပီးမှ ကျမတို့ဈေးကွက်ကို ကောင်းကောင်း ဖော်ဆောင်နိုင်မယ်လို့ကျမ ယုံကြည်ပါတယ်။” ဟု ဒေါ်လီးမြာက ပြောပါသည်။

ဈေးရောင်းပွဲတော်ကို နိုင်ငံတကာ ကုန်သွယ်မှုဗဟို International Trade Centre မှ ဦးဆောင်ပြီး စားသုံးသူရေးရာဦးစီးဌာနနှင့် ပြည်နယ်လွှတ်တော်တို့ ပူးပေါင်းပြီး ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။

spot_img
spot_img

Recent posts