spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လက်ရှိအစိုးရ တိုင်းရင်းသားတို့၏ အခွင့်အရေးမဖြည့်ဆည်းပေးနိုင်ဟုဆို

Author

Date

Category

ဦးမြာ

ကယား(ကရင်နီ)ပြည်နယ်အတွင်း တောင်သူများနှင့် စစ်တပ်တို့၏ တပ်သိမ်းမြေယာအငြင်းပွားမှု ကိစ္စရပ်များသည် လက်ရှိအစိုးရတွင် မဖြေရှင်းပေး နိုင်သည့်အတွက် တိုင်းရင်းသားတို့၏ အခွင့်အရေးကို မဖြည့်ဆည်းပေးနိုင်ကြောင်း ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ဒုဥက္ကဌ ဦးစိုင်းနိုင်နိုင်ထွေးက ပြောပါသည်။

“တိုင်းရင်းသားအခွင့်အရေးကိုလုပ်တာ မဟုတ်ဘဲနဲ့ သူတို့အခွင့်အရးကိုထိန်းချုပ်ထားတယ်လို့ဘဲမြင်တယ်။ လက်ရှိတိုင်းရင်းသားအခွင့်အရေးလို့ ပြောတဲ့အခါကျရင် အဓိကလိုအပ်ချက်ကို ကျနောတို့တကယ်ဖြည့်ဆည်းပေးနိုင်တဲ့အနေအထားကို မတွေ့ရဘူး။” ဟု ဦးစိုင်းနိုင်နိုင်ထွေးက ပြောပါသည်။

မြေယာပြဿနာကိစ္စနှင့်ပတ်သက်ပြီး လက်ရှိတွင် ကယားပြည်နယ်အတွင်း စစ်တပ်က ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ ဖြင့် ၁၁ဦး၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆/၁ ဖြင့် ၂ ဦး၊ ပုဒ်မ ၄၄၇နှင့် ပုဒ်မ ၆/၁ (ပုဒ်မ ၂ခု)ပေါင်းဖြင့် ၄ ဦး စုစုပေါင်း တောင်သူ ၁၇ ဦးတရားစွဲထားသည်ကို သက်ဆိုင်ရာအစိုးရများ၊ ကိုယ်စားလှယ်များက အသံတိတ်နေကြခြင်းဖြစ်သည်။

စစ်တပ်မှ တောင်သူများ တရာစွဲဆိုထားသည့်ကိစ္စရပ်များသည် မြေလွတ်၊မြေလပ်၊မြေရိုင်းဥပဒေနှင့်အညီသွားမည်ဆိုပါက မြေသိမ်းယာသိမ်းဥပဒေဖြစ်သည့်အတွက် တိုင်းရင်းသားများဒေသနှင့် မကိုက်ညီကြောင်း အနိုင်ကျင့်နေခြင်းသာဖြစ်ကြောင်း ဦးစိုင်းနိုင်နိုင်ထွေးက ပြောပါသည်။

၎င်းဥပဒေသည် တိုင်းရင်းသားဒေသနှင့် လိုက်လျောညီထွေမရှိသည့်ဥပဒေဖြစ်ကြောင်း၊ ရိုးရာဓလေ့ထုံးတမ်းစဉ်လာများနှင့် လိုက်လျောညီထွေမှုမရှိကြောင်း၊ အာဏာရှိသူများအတွက် မြေသိမ်းရန် ဥပဒေဖြစ်ကြောင်း စသည်များကို ပြည်ထောင်စုလွှတ်တော်တွင် တိုင်းရင်းသားပါတီတော်တော်များများမှ ကန့်ကွက်ခဲ့ကြသော်လည်း လက်ရှိအာဏာရပါတီမှမျက်ကွက်ပြုခဲ့သည်ဟု ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းနိုင်နိုင်ထွေးက ပြောပါသည်။

တိုင်းရင်းသားများ၏ ဘိုးဘွားစဉ်ဆက်မြေယာအသုံးပြုမှုဥပဒေများကိုအစိုးရများအနေဖြင့် အသိအမှတ်ပြုကာကွယ်ပေးခြင်းမရှိသည့်အတွက် ယခုလိုဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု ကယားပြည်လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု ကွန်ယက်(KEAN မှ ဦးဖိုးဆွိကယခုကဲ့သို့ ပြောဆိုသွားပါသည်။

“သူတို့တွေလုပ်ကိုင်စားသောက်တဲ့မြေပေါ်မှာ အစိုးရတွေကနေသေချာကွင်းဆင်းစီစစ်ပြီးမှဘဲ သူတို့ရဲ့ယန္တာရားတွေထဲမှာထည့်သွင်းစဉ်းစားဖို့လိုတာပေါ့နော။ အဲ့ဒါအဓိကလုပ်ဖို့လိုတာပေါ့နော။”ဟု ဦးဖိုးဆွိက ပြောပါသည်။

ထိုဥပဒေသည် နိုင်ငံသားများ၊ ဒေသခံပြည်သူများ၊ တောင်သူလယ်သမားများနှင့် ဌာနေတိုင်းရင်းသားများ၏ မြေပိုင်ဆိုင်မှုကိုအသိအမှတ်ပြု အကာအကွယ်ပေးမှုမရှိရုံသာမက အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှုအတွက်လည်း ရည်ရွယ်ချက်ကင်းမဲ့လျက်ရှိကြောင်း ၂၀၁၉ ခုနှစ် သြဂုတ်လ ဖက်ဒရယ် မြေအုပ်ချုပ်စီမံမှု ဆီသို့ အလှမ်းဝေးနေသေးသည့် နိုင်ငံ၏ မြေယာကဏ္ဍ ပြုပြင်ပြောင်းလဲမှု အစီရင်ခံစာတွင် ဖော်ပြပါရှိပါသည်။

ကယားပြည်နယ်တွင် ၁၉၆၀ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်ခဲ့သောမြေသိမ်းဆည်းမှုများတွင် စစ်တပ်နှင့်ဌာနဆိုင်ရာများ၏ ပါဝင်ပတ်သက်မှုသည် အမြှင့်ဆုံးဖြစ်သည်ဟု ၎င်းအစီရင်ခံတွင် ဖော်ပြပါရှိပါသည်။

ကယားပြည်နယ်၏ မြေသိမ်းဆည်းမှုနှင့်ပတ်သက်၍ တရားစွဲမှု၊ ဖမ်းဆီးချုပ်နှောင်မှုနှင့် ထောင်ချအရေးယူမှုတို့ကိုကြည့်မည်ဆိုလျှင် စစ်တပ်နှင့် ပတ်သက်သော အမှုကိစ္စများကြောင့်သာဖြစ်သည်။

ထိုသို့သောမြေသိမ်းမှုကြောင့် ဒေသခံများနှင့် ဌာနေတိုင်းရင်းသားများသည် ထိုက်သင့်သောပြန်လည်ကုစားခြင်းများ ပြန်လည်ပြုစုပျိုးထောင်ခြင်းများကို မရရှိရုံမျှမက အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုများကို ခံစားခဲ့ကြရသည်။ စစ်တပ်သာမက အခြားသောအစိုးရဌာန ဆိုင်ရာအဖွဲ့အစည်းများ ၊ စီးပွားရေးလုပ်ငန်းများ၏ ပုံစံအမျိူးမျိူးဖြင့် မြေသိမ်းခြင်းများသည်လည်း အရှိန်အဟုန်ဖြင့် ဆက်လက်မြှင့်မားနေဆဲဖြစ်သည်။ု

spot_img
spot_img

Recent posts