spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လယ်ယာမလုပ်နိုင်တဲ့ စစ်ရှောင်တွေကို လူမှုအသင်းအဖွဲ့တစ်ခုက လူတစ်ဦး ဆန်၆ပြည် ၆ဗူးနှုန်းနဲ့သွားရောက်လှူဒါန်းပေးခဲ့

Author

Date

Category

ကေးဒူ (ကန္တာရဝတီတိုင်း(မ်))

တိုက်ပွဲ တွေကြားမှာ ယနေ့ အချိန်ထိ နေရပ်ကိုမပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်တွေ ၊ လက်နက်ကြီး မကြာခဏ ကျရောက်နေတာကြောင့် လယ်ယာတွေကို ပြန်စိုက်ပျိုးလို့ မရတာတွေ နဲ့ကြုံတွေ့နေကြရတဲ့ စစ်ရှောင်တွေကို လူမှုအသင်းအဖွဲ့တစ်ခုက လူတစ်ဦး ဆန်၆ပြည် ၆ဗူးနှုန်းနဲ့ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာကို ဒီကနေ့ အောက်တိုဘာလ ၄ ရက်မှာ အဲ့ဒီ လူမှုအသင်းအဖွဲ့ တစ်ခုကနေပြီး ဆန်၊ ရိက္ခာခြောက်၊ မိုးကာ စတဲ့ ပစ္စည်း ၈ မျိုး လာရောက်လှူဒါန်းပေးခဲ့တယ် လို့ သွားရောက်လှူဒါန်းပေးတဲ့ လူမှုအသင်းအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ အခုလို လာရောက် လှူဒါန်းပေးရတဲ့ ရည်ရွယ်ချက် ကတော့ အခုက ပြေးရလွှားရ တောတွေ ထဲမှာ သွားနေရတော့ မိုးကာတွေ ဘာတွေ မလုံလောက်လို့ အခက်အခဲ ဖြစ်နေတာတွေကို ကျနော်တို့ တွေ့နေရတာပေါ့နော်။ တချို့ ကတော့ တိုက်ပွဲ တွေ၊ လက်နက်ကြီး တွေကျ နေတာတွေကြောင့် သူတို့ရဲ့ လယ်ယာတွေကို ပြန်မစိုက်နိုင်ကြဘူး။အဲ့ဒါကြောင့် သူတို့ လိုအပ်နေတဲ့ ဆန်တွေ ကို ကျနော်တို့ အများကြီး လည်း မပေးနိုင်တော့ တစ်လစာ ဖူလှုံဖို့လောက်ပဲ ကျနော် တို့ ပေးနိုင်သေးတယ် ” လို့ လူမှုအသင်းအဖွဲ့ က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စစ်ရှောင်ကာလ ကြာလာပြီ ဖြစ်လို့ မိုးကာ ဆွေးကုန်တာတွေ မိုးဒဏ်၊လေဒဏ်ကြောင့် ပျက်ဆီး ကုန်တာတွေ ရှိပြီး အခုလို လိုအပ်နေတဲ့အချိန်မှာ လာရောက်ကူညီပေးတဲ့ လူမှုအသင်းအဖွဲ့ကို ကျေးဇူးတင်ကြောင်း စစ်ရှောင်အမျိုးသား တစ်ဦးက ပြောပါတယ်။

” ကျနော်တို့ စစ်ဘေးရှောင်တာ ကြာလာပြီပေါ့နော်။ မိုးကာတွေ လာရောက်ကူညီပေးတာတော့ ရှိတယ်။ဒါပေမယ့် ကြာကြာတော့ မခံဘူး။ မိုးဒဏ်၊ လေဒဏ်ကြောင့် ပျက်ဆီးကုန်တာပေါ့နော်။အခုလို လိုအပ်နေချိန်မှာ ကူညီပေးတဲ့ လူမှုအသင်းအဖွဲ့ ကို ကျေးဇူးတင်တယ် ” လို့ စစ်ရှောင် အမျိုးသား တစ်ဦးက ပြောပါတယ်။

အဲ့ဒီ လူမှုအသင်းအဖွဲ့ကတော့ ဖရူဆို အရှေ့ဘက်ခြမ်း စစ်ရှောင် စခန်း ၁၀ နေရာကိုလည်း သွားရောက်လှူဒါန်းခဲ့ပြီး လက်ရှိမှာတော့ ဒီးမော့ဆို အရှေ့ဘက်ခြမ်း စစ်ရှောင်စခန်း ၁၅ နေရာလောက်ကို ဆက်လက် လှူဒါန်းပေးဖို့ ရှိတယ်လို့ သိရပါတယ်။ ကရင်နီပြည်မှာဆိုရင် အာဏာသိမ်းကာလအတွင်း စစ်ရှောင် ၂သိန်းကျော် ရှိနေတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်က စက်တင်ဘာလ ၂၇ ရက်နေ့မှာ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts