spot_imgspot_imgspot_imgspot_img
Monday, January 13, 2025
spot_imgspot_imgspot_imgspot_img

လအိကျေးရွာဆေးရုံကို စစ်ကောင်စီ လေယာဥ်ဗုံးကြဲ၊ ဆေးကုသမှုခံယူနေတဲ့ အမျိုးသားနှစ်ဦးသေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖယ်ခုံမြို့နယ်၊ လအိကျေးရွာမှာရှိတဲ့ ဆေးရုံကို စစ်ကောင်စီက လေယာဥ်နဲ့ လာရောက်ဗုံးကြဲမှုကြောင့် ဆေးကုသမှု ခံယူနေတဲ့ လူငယ်နှစ်ဦးသေဆုံးခဲ့သလို ဆေးရုံလည်း ပျက်စီးသွားတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံမှာ ဆေးကုသခံယူနေတဲ့ လူငယ်နှစ်ဦးပေါ့နော်။” လို့ (KNDF)ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက အတည်ပြုပြောပါတယ်။

ဒီကနေ့ မတ်လ ၂၂ ရက်နေ့ မနက် ၁၀နာရီမှာ စစ်ကောင်စီက ဗုံးအား ၅၀၀ နဲ့ ၄ကြိမ်လာကြဲသွားတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားမှုမရှိသလို တိုက်ပွဲဖြစ်ပွားတဲ့ ဧရိယာနဲ့လည်း အလှမ်းဝေးတယ်လို့ အဆိုပါ KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက အခုလို ဆက်ပြောပါတယ်။

“အဲ့ဒီဖက်မှာတော့ ဘာတိုက်ပွဲမှ မရှိပါဘူးပေါ့နော်။ လအိဆိုတာက တိုက်ပွဲဖြစ်ပွားနေတဲ့ ဒီဆောင်းပြောင်း ပေါ့နော် ဖယ်ခုံ-ပင်လောင်းနယ်စပ်ဆောင်းပြောင်းနဲ့က ဒါ မိုင် ၄၀ လောက် ဝေးတဲ့ နေရာဖြစ်ပါတယ်။” လို့ KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေယာဥ်ဗုံးကြဲမှုကြောင့် ဆေးကုသမှုခံယူရင်း သေဆုံးခဲ့ရတဲ့ နှစ်ဦးဟာ လူငယ်အရွယ်ဖြစ်ပြီး အသက်အရွယ်ကိုတော့ မသိရှိရသေးပါဘူး။

spot_img
spot_img
spot_img

Recent posts