spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လာမည့်နှစ်တိုင်းရင်းသားစာပေလိုအပ်ချက်တွေကဘာတွေဖြစ်မလဲ

Author

Date

Category

ကိုရယ်

ဒီဇင်ဘာလ ရ ရက်နေ့က ပြည်နယ်ခန်းမမှာ တိုင်းရင်းသားစာပေကို မူလတန်းကျောင်းတွေမှာ ကျောင်းချိန်အတွင်းသင်ကြားရတော့မယ်လို့ သိလိုက်ရလို့ ဒေသခံတိုင်းရင်းသား တဦးအနေနဲ့ အတိုင်းမသိဝမ်းသားမိတာတော့အမှန်ပါပဲ။

လာမည့်နှစ်မှာဆို ဒေသခံတိုင်းရင်းသားမျိုးနွယ်စုတွေဖြစ်ကြတဲ့ ကယား၊ ကယော၊ ကယန်း၊ ဂေဘား၊ မနုမနော၊ ယင်းတလဲ တို့ရဲ့ စာပေတွေကို သူတို့မျိုးနွယ်စုအလိုက် နေထိုင်ကြတဲ့ ဒေသအလိုက် တိုင်းရင်းသားမျိုးနွယ်စုစာပေတွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ဌာနေတိုင်းရင်းသာစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ထဌ ဦးမိုးစက်အောင်လေးက”လာမယ့်ပညာသင်နှစ်ကစပြီး ကျောင်းချိန်တွင်းမှာ သင်ကြားပါမယ် ဘာလို့ဆို တစ်ပတ်ကို အတန်းတစ်တန်းမှာ (၅)ချိန်ရတယ် နှစ်ချိန်ကို ပြည်နယ်အကြောင်းသင်မယ် သုံးချိန်ကို တိုင်းရင်းသားဘာသာစကားစာပေကိုသင်မယ်။”လို့ပြောပါတယ်။

အခြေခံမူလတန်းကျောင်းမှာ Grade 1 ကနေ 3အထိအတန်းလိုက် သင်သွားမယ်လို့သိရပါတယ်။ ဒီလိုသင်ကြားနိုင်ဖို့ အတွက် သက်ဆိုင်ရာ မျိုးနွယ်စုအလိုက်သင်ရိုးညွန်းတမ်းတွေရေးဆွဲပြီးကြပါပြီ။

ပြီးခဲ့တဲ့နှစ်တွေမှာတော့ တချို့ကျောင်းတွေမှာပဲ တိုင်းရင်းသားစာပေကို သင်ကြားနိုင်ပါတယ်။ တချို့ကျောင်းတွေကတော့ တိုင်းရင်းသားစာပေကို တချို့တာဝန်ရှိသူတွေက စိတ်မဝင်စားတာလား မသင်တဲ့ကျောင်းတွေလည်းရှိပါတယ်။

သင်နေတဲ့ကျောင်းတွေမှာဆိုရင်လည်း ကျောင်းချိန်ပြင်ပအချိန်မှာသင်ကြားလို့ ထိရောက်မှု မရှိခဲ့ပါဘူး။ ကျောင်းပြင်ပချိန်သင်ကြားတော့ ကျောင်းသူကျောင်းသားတွေကို စုရခက်ခဲပါတယ်။

“သူတို့လည်းကျောင်းပြင်ပချိန်လည်း ဖြစ်နေတဲ့အခါကျတော့ ရောက်တော့ရောက်လာတယ်။ ရောက်လာတယ်ထားအုံးကလေးလည်းမစုံဘူးအဲလိုဖြစ်နေတယ်။ ကလေးတွေ စုံတဲ့ချိန်ကျတော့လည်းဆရာမတွေကအချိန်လေး ကြန့်ကြာတာတို့ အဲလိုဖြစ်တတ်တယ်လေ။”လို့ ဆရာမဒေါ်ပေါ်လင်းနာက ပြောပါတယ်။

မြို့ပေါ်ကကျောင်းတချို့ဆိုရင်တော့ အဲဒီအချိန်က ယခုခေတ်စားနေဆဲ ကျူရှင်အချိန်နဲ့ အချိန်ကိုက်ဖြစ်နေလို့ ကလေးတွေမစုနိုင်ပါဘူး။ ကျောင်းသားမိဘတွေကလည်းတချို့က အားပေးကြသလို ၊ တချို့ကတော့ ခုခေတ်က စာမေးပွဲအောင်ဖို့လိုတယ်။ ငါ့သမီးစာရဖို့လိုတယ်။ ကိုယ့်တိုင်းရင်းသားစာရတော့ ဘာလုပ်ရမလဲ။ ကျောင်းစာရဖို့ ပိုအရေးကြီးတယ်။ဆိုပြီး ကျူရှင်ကိုပဲ ဦးစားပေး ပို့ခဲ့ကြတာတွေကို မြို့ပေါ်ကကျောင်းအတော်များများ ကြားမိပါတယ်။

မြန်မာပြည်ရဲ့ ပညာရေးစနစ်မှာ အခုလို မိမိတို့ဒေသခံတိုင်းရင်းသားစာပေကို သင်ကြားပေးတဲ့ဆရာ/မတွေ၊ စီမံခန့်ခွဲရတဲ့တာဝန်ရှိသူတွေ၊ ကျောင်းသားမိဘအားလုံးဟာ အခက်အခဲတွေချည်းရှိနေကြပါတယ်။

တိုင်းရင်းသားစာပေသင်ကြားဖို့ လိုအပ်ချက်တွေ၊ အခက်အခဲတွေကို ကန္တာရဝတီတိုင်း(မ်)ကနေ ဖရူဆိုမြို့နယ်ထဲက အခြေခံ မူလတန်းကျောင်း ဆရာ/မ ၁ဝဦးကို လိုက်လံမေးမြန်းဖြစ်ခဲ့ပါတယ်။

မူလတန်းကျောင်းဆရာ/မတွေ လစဉ်အစည်းအဝေးတွေမှာတကျောင်းနဲ့တကျောင်းတွေ့ဆုံတဲ့အခါ တိုင်းရင်းသားစာပေသင်ကြား ရေးနဲ့ပတ်သက်လို့အများဆုံးကြားနေရတဲ့အခက်အခဲက တိုင်းရင်းသားစာပေဆရာ/မတွေကို နေ့စားလပေးခန့်အပ်တဲ့ကိစ္စပါပဲ။

ဆရာ/မတွေကို အတည်တကျမခန့်တာတွေရယ်၊ ထောက်ပံ့ကြေးမလုံလောက်တဲ့အတွက်ကြောင့် အဆင်မပြေမှုတွေ ရှိခဲ့ကြပါတယ်။

“နောက်ဒီတစ်ဖက်တစ်လမ်းလည်း ဒီဝန်ထမ်းထပ်ခန့်ပေးဖို့ တိုင်းရင်းသင်တဲ့ဆရာ/မကိုထိုက်သင့်တဲလစာပေးဖို့ပေါ အဲလိုလုပ်ပေးမယ် ဆိုရင်တော့ဆရာ/မတွေတွက် ပိုပြီးအဆင်ပြေတာပေါ့။”လို့ ဆရာမီရယ် ကပြောပါတယ်။

လာမည့်နှစ်မှာ အခုလို Grade 1 ကနေ Grade 2 အထိသင်ကြားပေးတော့မယ်ဆိုတော့ တိုင်းရင်းသားစာပေသင်ပေးမည့်သူ အများကြီး လိုလာတဲ့အတွက် အစိုးရကနေ လုံလုံလောက်လောက်ခန့်အပ်ပေးဖို့ လိုလာပါတယ်။

ဒါ့အပြင် ထိရောက်တဲ့သင်ကြားရေးဖြစ်ဖို့ သင်ထောက်ကူပစ္စည်းတွေ လုံလုံလောက်ထောက်ပံ့ပေးဖို့လိုအပ်တယ်လို့ မူလတန်းကျောင်းအုပ်ဆရာ/မက ပြောဆိုထားကြပါတယ်။

” အခက်အခဲကအခုသူတို့သင်နေတာပေါနောဟိုစာအုပ်မလုံလောက်တာတို့ အဲလိုမျိုးရှိတယ်လေ။ စာအုပ်ကိုလုံလုံလောက်လောက်ထားပေးဖို့ နောက်ပြီးအဓိကကဒီဖတ်စာအုပ်ပေါနောကလေးတွက် တစ်ယောက်တစ်အုပ်ထားပေး နိုင်ရင်တောကောင်းတာပေါ။ “လို့ ဒေါ်ပရားမိုး ကပြောပါတယ်။

ဆရာ/မအများစုက တိုင်းရင်းသားစာပေသင်ကြားပေးတဲ့ဆရာ/မတွေကို အတည်တကျခန့်ထားပေးနိုင်ဖို့၊ သင်ကြားပြီးသော စာပေများကို ကလေးများအတွက် အကျိုးရှိစေမရန် ပြန်လေ့လာနိုင်မည့်နည်းလမ်းတွေစီစဉ်ပေးဖို့၊ အချိန်ဇယားတွေသေချာညှိပေးဖို့စတာတွေ လိုအပ်တယ်လို့တိုက်တွန်းပြောဆိုထားကြပါတယ်။

“ခုကသင်တယ် သင်ပြီးရင် သင်ပြီးသလို ပြီးကလေးလည်းပြန်မလေ့လာတောသူတို့တွက် အကျိုးမရှိသလိုဆရာ/မ တွေတွက်လည်းအချိန်ကုန်လူပင်ပန်းဘဲရှိ။ အတတ်နိုင်ဆုံးစာအုပ်နဲပါတဲဟာပေါ၊ အဲဒါမှ ကလေးတွေလည်း စိတ်ဝင်စားစေမယ်လေ ငယ်တုန်းကလိုကကလေးငယ်ချစ်စဖွယ်သလိုမျိုးပေါ၊ ဂျာနယ်ဆိုလည်းကာတွန်းရုပ်လေးတွေနဲဆို ဖြန့်ပေးရင် သူတို့ ပြန်လေ့လာပြီး စိတ်ဝင်စားမယ်ထင်တယ်။” လို့ ဆရာမဗျားမြာကပြောပါတယ်။

အရင်နှစ်တွေကတော့ တိုင်းရင်းသားစာပေသင်ကြားပေးနေတဲ့ ဆရာ/မ ၆ဝ ဦးကိုအစိုးရကနေ နေ့စားလပေးအနေနဲ့ ခန့်ထားပေးပါတယ်။

လာမည့်နှစ်တွေမှာတော့ အထက်ပါဆရာ/မတွေပြောဆိုထားတဲ့လိုအပ်ချက်တွေကို အစိုးရကနေ၊ တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ပူးပေါင်းပြီး စနစ်တကျဆောင်ရွက်ပေးမယ်ဆိုရင်တော့ ကျောင်းချိန်မှာ တိုင်းရင်းသားစာပေသင်ကြားရေး တိုးတက်လာဖို့ လမ်းစပဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts