spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လာမည့်နှစ် ကြယ်ဖိုးကြီးစာပေ သင်ရိုးညွန်းတမ်းကို ထုတ်ဝေ သင်ကြားသွားနိုင်ရန် ပြည်နယ် အစိုရထံ သဘောထား မှတ်ချက် တောင်းခံ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လာမည့်ပညာသင်နှစ်တွင် ကြယ်ဖိုးကြီးဗျည်းအက္ခရာ သင်ရိုးညွန်းတမ်းကို ရေးသားထုတ်ဝေသင်ကြားသွားနိုင် ရန်အတွက် ကယားစာပေနှင့်ယဉ်ကျေးမှုကော်မတီ က ပြည်နယ်အစိုးရထံ သဘောထားမှတ်ချက်တောင်းခံထားကြောင်းသိရသည်။

“အဲဒါကို လာမည့်ပညာသင်နှစ်မှာ ပုံနိုပ်ထုတ်ဝေတော့မယ်။ ငါတို့မဟုတ်ဘူး ဒီအခြေခံပညာ ကနေ (အစိုးရ) ပုံနိုပ်ထုတ်ဝေတော့မယ်။ ပုံနိုပ်ထုတ်ဝေတော့မယ်ဆိုတော့ သူတို့က အချက်အလက်တောင်းတယ်။ သူတို့ကဘာပြောလဲဆို ပြည်နယ်အစိုးရရဲ့ သဘောထားမှတ်ချက်ကို တခါထဲတောင်းပေးပေါ့နော။” ဟု ကယားစာပေနှင့်ယဉ်ကျေးမှုကော်မတီအတွင်းရေးမှူး ဆရာမိုးဇက်ညန့်ရယ်ကပြောသည်။

လက်ရှိမှာ တိုင်းရင်းသားစာပေတွေကို အစိုးရကျောင်းချိန်ပြင်ပ အချိန်များတွင်သာသင်ကြားခွင့်ရနေပြီး ထိရောက်မှုသိပ်မရှိကြောင်း ၎င်းကဆက်ပြောသည်။

“ထိရောက်မှုမရှိဘူးဆိုပေမဲ့လည်း အခွင့်အရေးပေးတာလောက်ဆိုရင်လည်းမဆိုးဘူး” . ဟု ဆရာ မိုးဇက်ညွန့်ရယ်ကဆက်ပြောသည်။

တိုင်းရင်းသားစာပေကိစ္စနှင့်ပတ်သက်ပြီး တရားဝင်အတည်ပြုပေးနိုင်ရန် အစိုးရသို့ တင်ပြနိုင်သည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ကန္တာရဝတိုင်း(မ်) သတင်းထောက်သို့ ပြောဆိုထားပါသည်။

ကြယ်ဖိုးကြီးစာပေ ကို ၂၀၁၄ ခုနှစ်က အစိုးရက အသိမှတ်ပြုခဲ့ပြီး ကျောင်းပြင်ပအချိန်တွင် ဘာသာပြန်ထားသည့် စာအုပ်များဖြင့်သာ သင်ကြားလာခဲ့ရာ ယခုသင်ရိုးညွန်းတမ်းကို ၂၀၁၆ ခုနှစ်တွင် ရေးဆွဲခဲ့ကာ ပြည်နယ်အစိုးရထံ သဘောထားမှတ်ချက်တောင်ခံခြင်းဖြစ်သည်။

spot_img
spot_img

Recent posts