spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လာမယ့် နှစ်သစ်အပေါ် ကယန်းလူငယ်တွေရဲ့ မျှော်လင့်ချက်

ကန္တာရဝတီတိုင်း(မ်)

အလယ်ကယန်း ဒေသက ကယန်းလူငယ်တချို့ ရဲ့ လာမယ့် ၂၀၂၃ခုနှစ် နှစ်သစ်အပေါ် ပြောစကားတွေ၊ မျှော်လင့်ချက်၊ တောင်းဆုတွေနဲ့ ပတ်သက်ပြီး မေးမြန်းထားတာဖြစ်ပါတယ်။

မူရိုစီ
ကယန်းလူငယ်တစ်ဦး

ဒီလာမယ့်နှစ်သစ်အတွက် ကျမဘာတွေဆုတောင်းစကားပြောချင်လည်းဆိုတော့ ပထမဆုံးကကျတော့ ကျမတို့ရဲ့မြန်မာနိုင်ငံသည် အမြန်ဆုံးငြိမ်းချမ်းနိုင်ဖို့ ကျမဆုတောင်းတယ်။ ထပ်မံပြီးတော့ ကျမတို့ရဲ့လူငယ်အတွက်ပေါ့နော လူငယ်တွေကဒီချိန်မှာ သူတို့တွေက တော်တော်များများတော်လှန်ရေးတွေဝင်ကြတယ်။ ပြီးတော့ သူတို့ဒေသကနေလည်း သူတို့အများကြီးထွက်ခွာပြီးတော့ အသက်စွန့်ကြတဲ့လူငယ်တွေအများကြီးရှိတယ်ပေါ့လေနော။ ဒါ့အပြင်ဒီတော်လှန်ရေးမှာ အမြန်ဆုံးအောင်မြင်ဖို့ရန်အတွက်ဆိုပြီးတော့ ကျမဆုတောင်းပေးချင်တယ်။ ဘာကြောင့်လည်းဆိုရင် ဒီချိန်မှာကိုယ့်ရဲ့ရပ်ရွာ ကိုယ့်ဒေသမှာ ပြန်နေချင်တယ်။ ကိုယ့်ရဲ့မိဘနဲ့သူကိုယ်မိတ္တာတရားတွေခုံလုံခွင့်တွေ ရချင်တာပေါ့နော။ အဲ့တော့ ဒီတော်လှန်ရေးမှာလည်း အမြန်ဆုံးအောင်မြင်ဖို့တွက် ကျမဆုတောင်းပေးချင်ပါတယ်။

ခွန်းဆီမွန်
ကယန်းလူငယ်တစ်ဦး

မြန်မာနိုင်ငံအနေနဲ့ အကောင်းဆုံး ဖယ်ဒရယ်ဒီမိုကရေစီစစ်စစ် နိုင်ငံတော်ကြီးဆိုတဲ့ အပြောင်းအလဲကြီးကို ကျနော်တို့ မြင်ချင်ပါတယ်ပေါ့နော။ အဲ့ဒီ နေရာရောက်ဖို့လည်း ကျနော်တို့လူငယ်တွေကော တော်လှန်ရေးပေါင်းစုံက တော်လှန်တပ်သားတွေကော ပါဝင်နေကြတာကိုလည်း တွေ့မြင်ရပါတယ်ပေါ့။ အဲ့ဒီ အပြောင်းအလဲကို ကျနော်တို့ အကောင်းဆုံးနဲ့ ကျော်ဖြတ်နိုင်မယ်လို့လည်း ကျနော်ယုံကြည်ပါတယ်ပေါ့။

စောကပေါ်ထူး
ကယန်းလူငယ်တစ်ဦး

တချိန်တုန်းက လူငယ်တွေကိုအများအားဖြင့် အနောက်ကျအောက်ကျထားထားခဲ့တယ်ပေါ့နော။ ဆိုတော့ကျနော်တို့ အနေနဲ့က သူတို့တွေလူကြီးပိုင်းတွေဦးဆောင်လာခဲ့တာလည်း များလာပြီဆိုသလို အကောင်ထည်လက်တွေ့ပိုင်းမှာ အဲ့လောက်ထိ မပေါ်လွင်သလိုကျနော်မြင်ရတယ်ပေါ့နော။ ကျနော်အနေနဲ့တော့ လူငယ်တွေကိုပိုပြီးတော့မှ ကျနော်တို့ အခုလက်ရှိမှာလည်း ဦးဆောင်နေတာလည်း လူငယ်တွေပေါ့နော။ ဆိုတော့ ပိုပြီးတော့မှ လူငယ်တွေကို အခွင့်အလမ်းပေးမယ်ဆိုရင်တော့ ပိုပြီးတော့အောင်မြင် မြန်မယ်လို့ ကျနော်ယုံကြည်ပါတယ်။

မူအေးသစ်
ကယန်းလူငယ်တစ်ဦး

လူငယ်တွေအသက်ကတော့ ပိုပြီးတော့ အခွင့်အလမ်းပေါ့နော ပိုပြီးတော့ရရှိစေချင်တယ်ပေါ့နော။ ဘာလို့လည်းဆိုတော့ ကျမတို့လူငယ်တွေအနေနဲ့တော့ အခွင့်ရေးဆုံးရှုံးတာလည်း တော်တော်ကြာပြီပေါ့နော။ အဲ့တော့ ၂၀၂၃ မှာ လူငယ်အယောက်ချင်းဆီရဲ့ လိုအင်ဆန္ဒတွေပြည့်ဝဖို့ဆုတောင်းပေးတယ်ပေါ့နော။ ဆိုတော့ ဖယ်ဒရယ်ဒီမိုကရေစီအမြန်ဆုံးရပါစေလို့ ဆုတောင်းပေးတယ်ပေါ့နော။

မူရိုစ်ဘယ်လာဇင်
ကယန်းလူငယ်တစ်ဦး

ဘယ်လိုမျိုးဆုတောင်းပေးချင်လည်းဆိုတော့ ဒီသူတို့တိုက်ပွဲဝင်တဲ့ချိန်မှာပဲဖြစ်စေ ပြီးတော့ သူတို့လုပ်ဆောင်နေတဲ့အရာတခုခုဖြစ်စေ ပြည်သူ့အတွက် ဒီလွတ်လပ်တဲ့တရားမျှတမှုကို ရရှိဖို့ သူတို့စွန့်စားပေးနေတဲ့ချိန်မှာ အဖက်ဖက်ကနေကူညီပံ့ပို့ပေးမယ့်သူတွေဖြစ်စေ ဘုရားသခင်ကွယ်ကာစောင်မပေးပါ။

spot_img
spot_img