spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လိုဘာခိုအုပ်စု ယပ်ခူရွာသစ်တွင် စိတ်ကြွမူးယစ်ဆေးဝါး ဖမ်းဆီးမိ

Author

Date

Category

မူအက်စတာ

လိုဘာခိုအုပ်စု၊ ယပ်ခူရွာသစ်တွင် စိတ်ကြွမူးယစ်ဆေးဝါးနှင့် လုပ်သေနတ်ကို မေလ ၁ဝရက်နေ့တွင် ဖမ်းဆီးမိကြောင်း သိရသည်။

ဝရမ်းအမှတ် (၃/၂၀၁၈)ဖြင့် ဒီးမော့ဆိုမြို့နယ် လိုဘာခိုကျေးရွာအုပ်စု၊ ယပ်ခူရွာသစ်နေ ဦးအောင်သန်းလင်း၏ နေအိမ်သို့ဝင်ရောက်ရှာဖွေရာ ဦးအောင်သန်းလင်းအား နေအိမ်တွင် တွေ့ရှိရပြီး ၎င်းအကျင်္ီအတွင်းမှ (WY)စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော ဆေးပြား(၄၄)ပြား၊ အလေးချိန်(၃.၉၆)ဂရမ်ခန့် ကာလတန်ဖိုး(၁၁၀၀၀၀/)ကျပ်ခန့်၊ မူးယစ်ဆေးသုံးစွဲရာတွင် သုံးသည့်ကိရိယာများနှင့် မူးယစ်ဆေးရောင်းဝယ်ရာတွင် အသုံးပြုသည်ဟုယူဆရသော လုပ်သေနတ်(၁)လက်တို့ကို ဖမ်းဆီးရမိကြောင်းသိရသည်။

ထို့ကြောင့် ဦးအောင်သန်းလင်းအား မယ(ပ)၅/၂၀၁၈ မူး/စိတ် ပုဒ်မ၁၉(က)/၂၂(ခ)ဖြင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း ဒီးမော့ဆိုမြို့နယ် မြို့မရဲစခန်းမှ သိရသည်။

spot_img
spot_img

Recent posts