spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လိုအပ်ချက်မြင့်မားနေတဲ့ ကရင်နီ လူထုတွေကိုကူညီဖို့ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းတွေကို IEC တောင်းဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ကရင်နီပြည်က စစ်ရှောင် နှစ်သိန်းခွဲကျော်ဟာ လက်ရှိမှာ လိုအပ်ချက်တွေမြင့်မားလာတာကြောင့် သက်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေဆီကို ကရင်နီပြည် ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ IECက အကူအညီတောင်းခံလိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ကရင်နီပြည်ရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ လိုအပ်ချက်များ အကျဉ်းချုပ်ကို IEC ရဲ့ ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာမှ အသိပေးထုတ်ပြန်ထားခဲ့ပါတယ်။

“ ဒီ နိုင်ငံတကာ community ပေါ့နော အထူးသဖြင့်တော့ ဒီနိုင်ငံတကာ အသိုင်းအဝိုင်း ဒီမြန်မာပြည်၊ အထူးသဖြင့် ကရင်နီ ရဲ့ နိုင်ငံရေး နဲ့ humanitarian issue တွေ ကို ပံ့ပိုးပူးပေါင်းကူညီပေးဖို့အတွက် ကျမတို့ ပြောတာဖြစ်တယ်။” လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ မှ အတွင်းရေးမှူး (၁) ဇူးပဒုမ္မာ က ကန္တရဝတီတိုင်း(မ်)ကို ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံထဲကို ရောက်ရှိ ခိုလှုံနေကြတဲ့ စစ်ရှောင်တွေကို လုံခြုံမှုရှိတဲ့ အနေအထားတခုထိ ဆက်လက် လက်ခံထားပေးဖို့ ထိုင်းအစိုးကို တောင်းဆိုထားတာရှိတယ်လို့ ဇူးပဒုမ္မာ က ပြောပါတယ်။

“အထူးသဖြင့် ဒီ ထိုင်းနဲ့ ကရင်နီနယ်စပ်မှာ ရှိတဲ့ ဒီ စစ်ရှောင်တွေကို လက်ခံထားပေးဖို့၊ ယာယီလက်ခံထားပေးဖို့ အခြေအနေတွေ ဒီယာယီစခန်းတွေပေါ့နော်၊ ဒီယာယီစခန်း‌တွေလုပ်ဆောင်ထားပေးဖို့ အခြေအနေတွေကို ကျမတို့တောင်းဆိုတယ်။” လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ မှ အတွင်းရေးမှူး (၁) ဇူးပဒုမ္မာ က ကန္တရဝတီတိုင်း(မ်)ကို ပြောပါတယ်။

ကရင်နီတပြည်နယ်လုံးမှာ စစ်ရှောင်စခန်း ၂၀၀ ကျော်ရှိနေပြီး စစ်ရှောင် ဦးရေ နှစ်သိန်းခွဲကျော်ရှိနေကာ အဆိုပါ လူဦးရေအတွက် တလစာ စားနပ်ရိက္ခာကုန်ကျမှုဟာ အမေရိကန်ဒေါ်လာ တသန်းကျော်ရှိနေတယ်လို့ IEC ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လတ်တလောအနေနဲ့ အဲ့ဒီကုန်ကျစရိတ်တွေကို ပြည်သူအချင်းချင်း ကူညီပံ့ပိုးတာရှိသလို နိုင်ငံတကာ INGO အဖွဲ့အစည်း၊ အရပ်ဖက် အဖွဲ့အစည်းကနေတဆင့် ပံ့ပိုးကူညီမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

မြေပြင်မှာ လူသားချင်းစာနာထောက်ထားမှုနဲ့ ပတ်သက်ပြီး ကူညီဆောင်ရွက်နေတဲ့ အဖွဲ့တွေအနေနဲ့ IEC နဲ့ လာရောက်ပူးပေါင်း ဆောင်ရွက်နိုင်ကြောင့် ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကရင်နီပြည်မှာ တိုက်ပွဲကြောင့် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ရတာ နှစ်နှစ်ကျော်ကြာရှိနေပြီး၊ လက်ရှိအချိန်ထိ စစ်ရှောင်တွေဟာ နေရပ်ပြန်နိုင်ခြင်းမရှိသေးသလို ထပ်မံဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လူဦးရေ ပိုမိုများပြားလာပါတယ်။

spot_img
spot_img

Recent posts