spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ရှိ မိုင်းလုံးမီးပွိုင့်ကို သင်္ကြန်မတိုင်ခင် စတင်အသုံးပြုမည်

Author

Date

Category

နော်ဒွေးအယ်ခူ

လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်တွင် မကြာသေးမီက တပ်ဆင်ထားသော မိုင်းလုံး မီးပွိုင့်ကို လာမည့်ကြာသပတေးနေ့ သင်္ကြန်မတိုင်ခင်တွင် စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းရဲမှူးဘုန်းမင်းစိုး ကပြောသည်။

“မီးပွိုင့်ကတော့ အဆင်သင့်ဖြစ်နေပါပြီ။ လာမယ့် ၁၂ ရက်နေ့ သင်္ကြန်မတိုင်ခင်မှာ မိုင်းလုံးမီးပွိုင့်ကို စသုံးပါမယ်”ဟု ၎င်းက ပြောသည်။

စည်ပင်၊ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနနှင့် မြို့တွင်းကွင်းဆင်းကြည့်ပြီး လွိုင်ကော်မြို့တွင်းတွင် မီးပွိုင့်တပ်ဆင်ရမည့် လိုအပ်သည့်နေရာများကိုလည်း တပ်ဆင်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

လွိုင်ကော်မြို့အတွင်း မြို့လယ်မီးပွိုင့်၊ ဒေါဥခူမီးပွိုင့်၊ ဥတ္တရာရုံမီးပွိုင့်၊ တောင်ဈေးမီးပွိုင့်နှင့် မိုင်းလုံးမီးပွိုင့် အစရှိသည့်နေရာ ၅ နေရာ၌ တပ်ဆင်ထားရှိပြီဖြစ်သည်။

spot_img
spot_img

Recent posts