spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လုံခြုံရေးအတွက် ကရင်နီပြည် ရဲဌာန နဲ့ KNDF တပ်ရင်း ( ၅ ) တို့က ရှောင်တခင် စစ်ဆေးခြင်းပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတနေရာမှာ ယမန်နေ့ (နိုဝင်ဘာလ ၉ရက်နေ့) က မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု နဲ့ နယ်မြေလုံခြုံရေးအတွက် ရည်ရွယ်ပြီး ကရင်နီပြည်ရဲဌာန (KSP) နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း(၅) တို့ ပူးပေါင်းပြီး ရှောင်တခင် စစ်ဆေးတာတွေကို ပြုလုပ်ခဲ့တယ်လို့ ကရင်နီပြည်ရဲဌာနရဲ့ တာဝန်ရှိသူ ကိုဘိုဘို က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“အဓိကက မူးယစ်ဆေးဝါးပေါ့နော်။ မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်လာတဲ့အတွက် ဒါတွေကို ကျနော်တို့ ရှောင်တခင်စစ်ဆေးတယ်။ ပြီးတော့မှ ခုလက်ရှိ နယ်မြေအခြေအနေအရ ဒီဒလန်တွေ ဘာတွေ ရှိတာလည်း အဲ့တာတွေလည်း စစ်ဆေးတယ်။ နောက်ပြီးတော့မှ ပြည်သူတွေကိုအဲ့လို သူတို့ရဲ့ လုံခြုံမှုပေါ့နော် အဲ့ဒါတွေလည်း ရစေတာပေါ့နော်။ အဲ့လိုမျိုးတွေနဲ့ ကျနော်တို့က စစ်ဆေးတယ်”လို့ ကိုဘိုဘို က ဆိုပါတယ်။

ကရင်နီပြည်မှာ စစ်ကောင်စီတပ်ကို ခုခံတော်လှန်နေတဲ့ကာလအတွင်း မူးယစ်ဆေးသုံးစွဲမှုတွေလည်း ပိုများလာတာတွေ့ရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့မှာလည်း WY စိတ်ကြွရူးသွပ်ဆေးပြား (၁၀၃၀) ပြားကို ဖမ်းဆီးတွေ့ရှိခဲ့တယ်လို့လည်း ကရင်နီပြည် ရဲဌာန က ထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ်အတွင်းမှာ မူးယစ်ဆေးဝါးအမှု ၃၀ ကျော်ကို ကရင်နီပြည် ရဲဌာနအနေနဲ့ ဖမ်းဆီးရမိပြီး တရားစွဲဆိုထားတာလည်း ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts