spot_img
Monday, March 27, 2023
spot_img

လုံလောက်တဲ့ဆေးကုသခွင့် မရရှိတဲ့အတွက် ၇ လသားအရွယ်ကလေးငယ်တစ်ဦး သေဆုံး

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း( မ် )

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်က ကျေးရွာတစ်ရွာမှာ အထက်လှန်အောက်လျှောရောဂါဖြစ်နေတဲ့ ၇ လသားအရွယ် ကလေးငယ်တစ်ဦး လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရရှိတဲ့အတွက် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း အသက်သေဆုံးခဲ့ရတယ်လို့ Mobye Rescue Team တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အဲဒီကျေးရွာတစ်ခုထဲမှာပဲ ၅နှစ်အောက်ကလေးငယ် ၂၀ ဦးနဲ့ လူကြီး ၂ ဦးလည်း အဲဒီလို ထက်လှန်အောက်လျှောရောဂါဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျန်းမာရေးစောင့်ရှောက်မှုတွေ သွားရောက်ပြုလုပ်ခဲ့ပြီး လိုအပ်တဲ့ ဆေးဝါးတွေနဲ့ ကုသပေးခဲ့တယ်လို့ Mobye Rescue Team တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ ခါတိုင်းဆရာမတို့ အဲဒါကြည့်တဲ့ အချိန်ကျတော့ ဝမ်းသွားတယ်ဆိုရင် ၅ ကြိမ်အထက်လောက်ဆိုရင်တော့ ကျမတို့ ဝမ်းသွား သတ်မှတ်တဲ့အခါကျတော့ တချို့ကလေးတွေကလေ ဝမ်းသွားတာတောင်မှ အဖြူရောင်ဖြစ်နေတာ။ အဖြူရောင်ဆိုတော့ အဖြူရောင်ဆိုတော့ ကျမတို့က နည်းနည်းကြောက်ရတဲ့ အဆင့်ထဲ ပါတာပေါ့နော။ သိပ်ပြီး ဓာတ်ခွဲနဲ့ မနီးတဲ့အခါကျတော့လေ။ အဲဒီဟာတော့ သတ်မှတ်လို့မရဘူး။ ဒါပေမယ့် အရေးကြီးတဲ့ ကလေးက နှစ်ယောက် ဝမ်းက အဖြူရောင်ဖြစ်နေပေမယ့်လည်း သူတို့ စောင့်ကြည့်တဲ့အထဲမှာပေါ့နော။ ” လို့ သူက ပြောပါတယ်။

အဲဒီကျေးရွာမှာ ကျေးလက်ကျန်းမာရေးဌာနခွဲရှိပေမယ့် ကျွမ်းကျင်တဲ့ ဆေးပိုင်းဆိုင်ရာဝန်ထမ်းတွေမရှိဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် လုံလောက်တဲ့ ဆေးဝါးမရှိတာကြောင့် ဖျားနာတဲ့လူနာတွေအတွက်လည်း ပါရာဆေး လောက်သာ ရှိနေတယ်လို့ ဆိုပါတယ်။

“ ဆရာမတွေကလည်း မရှိဘူး။ မရှိတဲ့အခါကျတော့ သူတို့ Volunteer ရှိတယ်။ သူတို့က ဆေးနည်းနည်းပါးပါး နည်းလည်သလောက်ပေါ့နော။ သူတို့ဆေးအများကြီးလည်းမပေးနိုင်ဘူး။ နောက်ပြီးတော့ ခေါင်ကလည်းခေါင်တော့ သူတို့ဆေးလည်း မလုံလောက်ဘူး။ ဓာတ်ဆားတောင်မှ သူတို့မပေးနိုင်ဘူးထင်တယ်။ သိပ်မပေးနိုင်ဘူး။ အများဆုံးကိုယ်ပူကျဆေး ပါရာလောက်ပဲ နည်းနည်းပါးပါး။ ဒါပေမယ့် တစ်ရွာလုံးအများကြီးဆိုတော့ အဲဒီ Volunteer လည်း မပေးနိုင်ဘူး။ ” လို့ Mobye Rescue Team တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အိမ်ခြေ ၅၁ အိမ်ရှိပြီး လူဦးရေ ၃၀၀ ရှိနေတဲ့ အဲဒီကျေးရွာမှာ ဆေးရုံသွားဖို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိနေသလို နီးစပ်ရာဆေးရုံရောက်ဖို့လည်း ၂နာရီကျော် ဆိုင်ကယ်စီးသွားရတယ်လို့ ဆိုပါတယ်။

ထက်လှန်အောက်လျှောရောဂါဟာ အန်ပြီး ဝမ်းလည်းလျောတဲ့ ရောဂါလက္ခာဏာမျိုးဖြစ်ပြီး သက်ကြီးရွယ်အို၊ ကလေးနဲ့ ကိုယ်ခံအားနည်းတဲ့ လူတွေမှာ အဖြစ်များတယ်လို့ သူက ပြောပါတယ်။ ထက်လှန်အောက်လျောဖြစ်စေတဲ့ ရောဂါပိုးတွေကနေ တစ်ယောက်နဲ့တစ်ယောက် ကူးစက်ဖြစ်ပေါ်စေတတ်တဲ့ ရောဂါဖြစ်တယ်လို့ ဆေးဝါးပညာရှင်တွေက ဆိုထားပါတယ်။

အဲဒီလို စစ်ရှောင်တွေမှာ အချိန်မီဆေးကုသခွင့်တွေမရရှိသလို ဆေးဝါးတတ်ကျွမ်းတဲ့ ဆေးဆရာမတွေလည်း နည်းပါးနေတဲ့အတွက် သေဆုံးခဲ့ရတဲ့ စစ်ရှောင်တွေ အများအပြားရှိနေတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ အဓိက စစ်ရှောင်တွေအများစု သေရတာကတော့ ကျနော်တို့ ကောက်ခံချက်အရဆိုရင် ဒီပထမတစ်ချက်ကဒီဆေးဝါးမလုံလောက်မှုတွေကြောင့် သေဆုံးရတာပေါ့နော။ ဒီအချိန်မှာ အခုက နိုင်ငံရေး ဆေးဝါးမလုံလောက်မှုတွေကြောင့်ပေါ့နော။ ဆိုတော့ ပထမတစ်ချက်ပေါ့နော။ ဒုတိယတစ်ချက်က ဘာလဲဆိုရင် စစ်ကောင်စီက ဒီစစ်ရှောင်စခန်းမှာ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒီစစ်ရှောင်တွေ ထိမှန်ပြီးသေဆုံးတာပေါ့နော။ ဒုတိယတစ်ချက်ပေါ့နော။ နံပါတ်သုံးတစ်ချက်ကတော့ စစ်ရှောင်စခန်းတွေမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကျဲတာတွေကြောင့် ဒီစစ်ရှောင်စခန်းထဲက ပြည်သူတွေ သေဆုံးရတယ်ဆိုတဲ့ဟာ ဒါက နံပါတ်သုံး၊ နံပါတ်လေးတစ်ချက်က ဘာလဲဆိုရင် စစ်ရှောင်ရင်းနဲ့ စိတ်ဓာတ်တွေဘာတွေကျ ကိုယ့်ကိုယ်ကို အဆုံးစီရင် ဘာညာတွေဖြစ်သွားခဲ့တယ်ဆိုတဲ့ဟာ ဆိုတော့ အဓိက အဲဒီအချက်လေးချက်အပေါ်မှာ ကျနော်တို့ တွေ့ရှိရတယ်ပေါ့နော။ ” လို့ PKPF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နဲ့ နီးစပ်တဲ့ မိုးဗြဲ၊ ဖယ်ခုံမှာ အရပ်သားပြည်သူ နှစ်သိန်းဝန်းကျင် စစ်ဘေးရှောင်နေရပြီး စစ်ဘေးရှောင်ရင်း သေဆုံးသွားသူ ၁၂၈ ဦးရှိနေတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး...

စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့ ) မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ဘုရားကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူစုရုံးပြီး ကုလားပဲထုပ်...

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီးကျပြီး ဒေသခံထိခိုက်မှုရှိခဲ့၊ ဖရဲသီးစိုက်ခင်းလည်းပျက်စီး

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ မတ်လ ၂၄ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတချို့ ထိခိုက်ခဲ့သလို ဖရဲသီးစိုက်ခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ "အိမ်ကတော့ လူနေအိမ်ပဲ မိန်းက‌လေးထိတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်။ ဒီကျတာက ဖရဲသီးခြံစိုက်ခင်းထဲမှာက...

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၁၀ ရက်နေ့ ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းက ဆွေမျိုးတွေဆီကို ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေအထဲက ကလေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "အကြောင်းရင်းက ဘာလဲ မသိဘူး၊ ရေရှားတဲ့ နေရာလဲ မဟုတ်ဘူး၊...