spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လူငယ်ကနေ လူငယ်ကို သင်ကြားပို့ချပေးနေတဲ့ Adolescence Engagement Program

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အသက် ၁၆နှစ်မှ ၂၀ဝန်းကျင် ဆယ်ကျော်သက်လူငယ်ကနေ လူငယ်အချင်းချင်းပြန်လည်ပို့ချပေးနေတဲ့ Adolescence Engagement Program (AEP) (ဆယ်ကျော်သက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအစီအစဉ်) ဟာ စက်တင်ဘာလ ၃၀ရက်နေ့မှာ ဒုတိယအသုတ်ထိ သင်တန်း ပြီးမြောက်အောင် ဖွင့်လှစ်ပြီးခဲ့ပြီဖြစ်ပါတယ်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ကနေစပြီး ကရင်နီပြည် ဒီးမော့ဆို အရှေ့ခြမ်းမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ တော်လှန်ရေးကာလမှာ ဆယ်ကျော်သက် လူငယ်တွေအတွက် ရည်ရွယ်ပြီး ကယားလီဖု လူငယ် အဖွဲ့ကနေပြီး စတင်ဖွင့်လှစ်ပေးခဲ့တဲ့ သင်တန်းကျောင်းတစ်ခုဖြစ်ပါတယ်။

၃လသာ သင်တန်းဖြစ်ပြီး လူငယ် အချင်းချင်း ပြန်လည်ပို့ချပေးနေကြတာ ဖြစ်တဲ့အတွက် အခက်အခဲတွေလည်း ရှိတယ်လို့ AEP Batch-2 မှာ သင်ကြားပေးခဲ့တဲ့ ဆရာမ မော်ညားမြာက ဆိုပါတယ်။

“ ဒီလို လူငယ်ချင်းလူငယ်ချင်း ဦးဆောင်တာက တခါတလေဆို လူကြီးတွေရဲ့ အမြင်က ဒါ ကလေးကလား ဆန်တယ်လို့ အဲ့လိုမျိုး မြင်တာ တချို့ ကြားနေရတယ်ပေါ့နော။ ဒါပေမယ့် ယုံကြည် ကြည့်ပါပေါ့နော။ ပေးလုပ်ကြည့်ပါပေါ့နော အရင်ဆုံး ကျမတို့ လုပ်ကြည့်နေတဲ့အချိန်မှာ ဝေဖန်တာ မဟုတ်ပဲနဲ့ ကျမတို့ အောင်မြင်သွားတဲ့အချိန်ကျမှ ချီးကျူးပါပေါ့။ တအားကြီးပံ့ပိုးခိုင်းစေချင်တယ်။ ကျမတို့ကျောင်း မှာဆိုရင် လိုအပ်တဲ့အရာတွေလည်းအများကြီးရှိသေးတယ်။ “ လို့ မော်ညားမြာက ပြောပါတယ်။

လိုအပ်ချက် အခက်ခဲ ၊ စိန်ခေါ်မှုတွေကြားမှာ သင်တန်း ၂ကြိမ်ဖွင့်လှစ်ပြီးစီးနိုင်ခဲ့တာ ဖြစ်ပြီး နောက်ဆက်လက်ဖွင့်လှစ်သွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။ သင်တန်းဖွင့်လှစ်တဲ့နေရာမှာ လူငယ်တွေကိုယ်တိုင်ကနေပဲ ဦးဆောင်နေကြရတာဖြစ်တဲ့အတွက် သင်တန်း လုံခြုံရေးပိုင်း၊ သင်ကြားမှုပိုင်း၊ နေထိုင်စားသောက်မှုအပိုင်းတွေမှာ စိန်ခေါ်မှုတွေ ရင်ဆိုင်ကြရပါတယ်။

ဓါတ်ပုံ – AEP မှ စက်တင်ဘာလ ၃၀ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဒုတိယအသုတ် ကျောင်းဆင်းပွဲမြင်ကွင်းများ။

Batch-2မှာ သင်တန်းလာရောက်တက်ခဲ့တဲ့ မနော်ဖောဒေးစေ ကတော့ လက်ရှိ နိုင်ငံရေးအခြေနေအရ အခုလို သင်တန်းဖွင့်လှစ်ပေးတဲ့အတွက် လူငယ်တွေအတွက် ပညာရေးပန်းတိုင်မပျောက်အောင် ကူညီပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ လူငယ်အချင်းချင်း လက်တွဲဆွဲခေါ်နေကြတာဖြစ်တဲ့အတွက်လည်း ကောင်းမွန်တဲ့ လုပ်ဆောင်မှု တစ်ခုဖြစ်တယ်လို့ သူက ဆိုပါတယ်။

“ ကျမတို့ လူငယ်အချင်းချင်းဆွဲခေါ်နိုင်တာ အကောင်းဆုံး ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကျမတို့ လူငယ်အချင်းချင်းကသာ စိတ်ချင်းသိကြတယ်။ စူးစမ်းလိုစိတ်ကတော့ လူငယ်တိုင်းရဲ့ သဘောသဘာဝဖြစ်တယ်ပေါ့နော။ ကျမတို့ ဒီကျောင်းကို တက်ရောက်လာပြီဆိုကတည်းကလည်း အပြင်မှာတော့ ဘယ်လိုပဲ နေခဲ့နေခဲ့ပေါ့နော။ ဒီမှာ ရောက်ရင် ကိုယ်ကတော့ ကျောင်းသူ ကျောင်းသား ဖြစ်ရမယ်ပေါ့။ ကိုယ့်ထက်အသက်ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ကိုယ့်မှာမရှိတဲ့ပညာ သူ့မှာရှိရင် ဆရာတင်သင့်ရင် တင်ရမှာပဲ ဆိုတဲ့ စကားပုံအရပေါ့နော။ ကိုယ့် လူငယ်အချင်းချင်း ဒီလိုဆွဲခေါ်နိုင်တာက အကောင်းဆုံးပါ။ “ လို့ မနော်ဖောဒေးစေက ပြောပါတယ်။

သင်တန်းပြီးသွားလို့ရှိရင်လည်း တတ်ထားတဲ့ ပညာတွေကို ပြန်လည် မျှဝေတာတွေ၊ လူမှုအသင်းအဖွဲ့တွေမှာ ပါဝင်ဆောင်ရွက်တာတွေ ပြုလုပ်သွားမယ်လို့ သင်တန်းတက်ရောက်ခဲ့တဲ့ သူတွေက ဆိုကြပါတယ်။

၃လတာ သင်တန်းမှာဆိုရင် English, Learning skills, Social science, Karenni history , Karenni language , Music စတဲ့ ဘာသာရပ်တွေအပါအဝင် ဘာသာရပ် ပေါင်း ၉ခု ကို ထည့်သွင်းသင်ကြားပေးနေတယ်လို့ သိရပါတယ်။

“ ကျမတို့က သူတို့ကို မေးခွန်း ပေးလိုက်ပြီဆိုလို့ရှိရင် များသောအားဖြင့် open question တွေကို အများအားဖြင့် မေးလေ့ရှိတယ်။ မေးခွန်းတစ်ခု မေးလိုက်ပြီဆိုတာနဲ့ သူတို့ဆီက အသိပညာတွေနဲ့ သူတို့ ဖြေလို့ရှိရင် သူတို့ ကို ကျမတို့ အမှတ်ပေးတယ်။ ကျမတို့က သူတို့ရဲ့ အသိပညာကို ပြန်ပြီးတော့ ဆွဲခေါ်တဲ့အပိုင်းမှာ ပိုပြီးတော့မှ ဦးစားပေးတယ်ပေါ့နော။ သူတို့ကို အရမ်းကြီးစာကျက်စရာမလိုပဲ လေ့လာရင်းနဲ့ ရသွားတဲ့ဟာ နဲ့ သူတို့ကို အမှတ်ပေးတယ်။ အမှတ်တွေယူတဲ့အခါမှာဆို ပူးပေါင်းပါဝင်မှုအား ပါတယ်။ အဲ့မျိုးတွေပေါ့နော။ အရမ်းကြီးစာကျက်စရာမလိုတာ မဟုတ်ပဲနဲ့ စာလေ့လာရင်းနဲ့ သူတို့ ရသွားတဲ့ဟာ ပြီးရင် သူတို့ ဆီက အသိပညာ အရင်တုန်းက ရှိထားတဲ့ဟာ တွေ ဆွဲထုတ်တယ်။ ပြီးရင် လိုအပ်တဲ့ဟာကို ထပ်ဖြည့်တယ် အဲ့လို သွားတယ်ပေါ့။ “ လို့ ကျောင်းဆရာမ မော်ညားမြာက ပြောပါတယ်။

ဒုတိယအသုတ်မှာဆိုရင် သင်တန်း ဆရာ၊ ဆရာမ ၁၁ယောက်ရှိပြီး သင်တန်းသူ၊ သင်တန်းသား ၄၃ယောက် တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ ပထမအသုတ်မှာ သင်တန်းသား ၄၇ဦး တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

သင်တန်းပြီးမြောက်သွားတဲ့ လူငယ်တွေဟာဆိုရင် စစ်ရှောင်စခန်းတွေမှာ စေတနာ့ဝန်ထမ်းအနေနဲ့ ဆောင်ရွက်တာတွေ စာသင်ပေးတာတွေ၊ လူမှုအဖွဲ့အစည်းတွေမှာ ကူညီတာတွေ၊ နယ်စပ်မှာရှိတဲ့ ကရင်နီပညာရေးကျောင်းတွေမှာ ပညာဆက်လက် သင်ကြားနေကြတာတွေ ရှိနေပါတယ်။

spot_img
spot_img

Recent posts