spot_img
Friday, March 24, 2023
spot_img

လူငယ်တွေရဲ့ ပညာသင်အခွင့်အလမ်းအတွက် ဖွင့်ထားတဲ့ ကယန်းဒေသက ကောလိပ်ကျောင်း

spot_imgspot_imgspot_imgspot_img

ခွန်းကလိုင်းဖရီး (ကန္တာရဝတီတိုင်း(မ်))

ပညာသင်အခွင့်အလမ်း ဆုံးရှုံးခဲ့ရတဲ့ လူငယ်တွေအတွက် ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသမှာ ကယန်းတောင်တန်း ကွန်မြူနီတီကောလိပ်လို့ခေါ်တဲ့ ကျောင်းတစ်ကျောင်းကို ဖွင့်လှစ်ထားတာ ခုဆိုရင် ၅ လ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

ကယန်းတောင်တန်း ကွန်မြူနီတီကောလိပ်ကို ပထမဆုံး အမှတ်စဉ် (၁) အဖြစ် အလယ်ကယန်းဒေသမှာ ဖွင့်လှစ်တာဖြစ်ပြီး အဲ့ဒီကျောင်းမှာ လူငယ် (၁၈) ဦး ပညာဆည်းပူးနေကြပါတယ်။

ခုလို ပညာဆည်းပူးနေကြတဲ့ လူငယ်တွေထဲမှာ ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ပညာရေး လမ်းပျောက်ခဲ့ရတဲ့ လူငယ်တွေ တက်ရောက်နေကြပြီးတော့ အဲ့ဒီအထဲမှာ အသက် (၁၉) နှစ်အရွယ် မအယ်မလီလည်း ပါဝင်ပါတယ်။

“ကျမကတော့ ဆယ်တန်းကို အပြည့်အဝ မတက်ခဲ့ရဘူးပေါ့နော်။ ကိုဗစ်ကြောင့်လည်းပါတယ်၊ စစ်ကြောင့်လည်း ပါတယ်။ အဲ့ဒါ ကြောင့်မို့လို့ ကျမက ဆယ်တန်းကို နှစ်ပတ်တည်းနဲ့ တက်ခဲ့ရတာပေါ့နော်။ ဒါ ကြောင့်မို့လို့ ကျမပညာရေး အများကြီး ဆုံးရှုံးခဲ့ရတာပေါ့နော်။ ကျမ ရည်မှန်းချက်တစ်ချို့လည်း ပျောက်ကွယ်သွားခဲ့ တာပေါ့နော်။”လို့ မအယ်မလီက ဆိုပါတယ်။

ကယောဒေသမှာ နေထိုင်တဲ့ သူမက ပညာရေးအခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရတဲ့အတွက် ခုလို ကယန်းတောင်တန်း ကွန်မြူနီတီကောလိပ် ကျောင်းကိုလာရောက်ပြီး ပညာဆက်လက် ဆည်းပူးတာလို့ ဆိုပါတယ်။

မအယ်မလီတက်ရောက်နေတဲ့ အဲ့ဒီကောလိပ်ကျောင်းမှာ အခြေခံအင်္ဂလိပ်စာ၊ အခြေခံကွန်ပျူတာ၊ ဘဝကိုယ်ရည် ကိုယ်သွေးနဲ့ ပတ်သက်တဲ့ ဘာသာရပ်တွေကို သင်ကြားပေးနေတာပါ။

ကျောင်းသား၊ သူ (၁၈) ဦးရှိတဲ့အထဲမှာ ဆယ်တန်းအောင်မြင်ထားသူ ၃ ဦးသာပါဝင်သလို ဆယ်တန်းကျပြီး ပညာရေးလမ်း ပျောက်နေတဲ့ လူငယ်တွေလည်း ပါဝင်ပါတယ်။

ဆယ်တန်းကျထားပြီး နိုင်ငံရေးအခြေအနေတွေကြောင့် ကျောင်းဆက်မတက်နိုင်တဲ့ အသက် ( ၂၀ ) နှစ်အရွယ် ခွန်းနာတားလက် ကလည်း အဲ့ဒီကျောင်းမှာ ပညာဆက်လက်သင်ကြားခွင့် ရခဲ့တဲ့ လူငယ်တွေထဲ တစ်ဦးပါ။

“နိုင်ငံရေးအခြေအနေလည်း မကောင်းတဲ့ နောက်ပိုင်း ကျနော်က လူငယ်ဆိုတဲ့အတိုင်း လေလွင့်နေတယ်ကော။ နောက် လေလွင့်တဲ့ အရွယ်ခါကျတော့ တစ်ခုပြီး တစ်ခု အရမ်းလျှောက်လုပ်တယ်။ ပြီးတော့ ကိုယ့်ရဲ့ ပန်းတိုင် တွေလည်း ပျောက်တာပေါ့နော်။ ပန်းတိုင်လည်း ပျောက်တော့ ဘာဆက်လေ့လာရမှန်းမသိ ဘာတွေ သင်ယူရမှန်း မသိ၊ ပြီးတော့ သင်ယူခွင့်ဆိုလည်း မရှိဘူးလေနော်။ အွန်လိုင်းကလွဲလို့ သင်ယူခွင့်မရှိ၊ နောက်အွန်လိုင်းမှာဆိုလည်း လိုင်းက အရင်လိုမျိုးခေတ်မကောင်းတော့ လိုင်းလည်းမရခါကျတော့ အဲ့လို မတတ်နိုင်ဘူးလေနော်။ အဲ့ကြောင့် ဒီလိုကျောင်းပေါ်လာခါကျတော့ ကျနော့အတွက် အများကြီးခွန်အားလည်းဖြစ်တယ်။ နောက်ပြီးတော့ လမ်းမှန် လည်း အများကြီးမြင်သွားတာပေါ့နော်။” လို့ သူကဆိုပါတယ်။

ကယန်းဒေသမှာ ပညာသင်ခွင့် အခွင့်အလမ်းဆုံးရှုံးခဲ့ရတဲ့ လူငယ်တွေ အများအပြားရှိနေပြီးတော့ ခွန်းနာတားလက် တို့လို ပညာဆက်ပြီး ဆည်းပူးခွင့်ရနေသူတွေကတော့ အနည်းစုသာ ရှိပါတယ်။

ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ကျောင်းထွက်တဲ့ လူငယ်တွေ များလာတဲ့အတွက် သူတို့အတွက် ပညာသင်ကြားနိုင်တဲ့ အခွင့်အလမ်း ပေးနိုင်ဖို့အတွက် အခုလို ကျောင်းကို ဖွင့်ရတာလို့ ကောလိပ်ကျောင်းတာဝန်ခံ ဒေါ်အာဆွန်းတာက ဆိုပါတယ်။

“ကိုဗစ်တွေ၊ ကိုစစ်တွေ ထပ်ဖြစ်လာခါကျတော့ ကျောင်းတွေလည်း ပိတ်ရတယ်။ အဲ့တော့ ကျောင်းထွက်တဲ့ ကလေးတွေ ဒီထက်ပိုပိုများလာတဲ့အတွက်ကြောင့် ဒီလူငယ်တွေအတွက် ပေါ့နော်။ သူတို့အတွက် တခုခု ဒုတိယမျှော်လင့်ချက်၊ ဒုတိယအခွင့်အရေးပေါ့နော်။ အထူးသဖြင့် ပညာရေး အပိုင်းမှာပေါ့နော်။ ကျမတို့ ပေးချင်တယ်။ ပြီးတော့မှ တကယ်ပဲ သူတို့ ဘဝ မှာ သူတို့ ဘာလုပ်ချင်လဲ။ သူတို့နဲ့ ကိုက်ညီတဲ့ အလုပ်မျိုး ရှာဖွေပေးဖို့အတွက် ကူညီပေးချင်တဲ့ စိတ်နဲ့ ဒီကွန်မြူနီတီကောလိပ်ကို ဖွင့်ရခြင်းဖြစ်ပါတယ်။” လို့ ဒေါ်အာဆွန်းတာက ပြောပါတယ်။

အဲ့ဒီကောလိပ်ကျောင်းဟာ ပညာသင်ကြားကာလ (၉) လ ကြာမြှင့်မယ့် ပညာရေးအစီအစဉ်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ပညာသင်ကြားကာလအတွင်းမှာ ဘာသာရပ်တွေကို သင်ကြားတာရှိသလို လုပ်ငန်းအရည်အသွေးကို မြှင့်တင်ပေးတဲ့ အစီအစဉ်နဲ့ ကျောင်းသား၊သူတွေ စိတ်ဝင်စားတဲ့ လုပ်ငန်းနယ်ပယ်တွေမှာ လက်တွေ့ဆင်းခိုင်းတာ တွေလည်း ပါဝင်ပါတယ်။

“အရင်က ကိုယ်ဘယ်လိုမျိုးအသက်ရှင်သန်ရမလဲ၊ လူဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် မသိခဲ့ဘူးပေါ့နော်။ ကိုယ်က ဘယ်လိုမျိုးလူလည်း ဆိုတာ ကိုယ့်ကိုယ်ကိုယ်မသိခဲ့ဘူး။ ကျမ ပေါ့ပျက်ပျက်ပဲ နေလာခဲ့တာပေါ့နော်။ ကျမဒီမှာ ရောက်လာတဲ့အချိန်မှာ ဆရာမတို့ အဓိက သင်ပေးတဲ့ life skill (ဘဝကိုယ်ရည်ကိုယ်သွေး) ပေါ့နော်။ ကျမအတွက် အများကြီး အသုံးဝင်သွားတာပေါ့နော်။ အဓိက ဘယ်အပိုင်းလည်း ဆိုတော့ ကိုယ့်ကိုယ်ကိုယ် ပြန်လည် သိရှိဖို့ပေါ့နော်။”လို့ မအယ်မလီက ဆိုပါတယ်။

အခုလို ကျောင်းမျိုးအများအပြားပေါ်ပေါက်မှသာ ပညာသင်ကြားခွင့် အခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရတဲ့ လူငယ်တွေရဲ့ ပညာသင်ကြားခွင့် အိပ်မက်တွေကို ပြန်လည် ဖြည့်ဆည်းနိုင်မှာ ဖြစ်ပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

စစ်ရှောင်လူထုတွေ ပါဝင်ကျင်းပကြတဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်

ကန္တာရဝတီတိုင်း(မ်) ကရင်နီလူမျိုးတို့ရဲ့ ရိုးရာဓလေ့ဖြစ်တဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို မတ်လ ၂၂ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာမှာ ကျေးရွာဒေသခံတွေနဲ့ စစ်ရှောင်တွေစုပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။ ကျေးရွာကော်မတီတစ်ဦးဖြစ်တဲ့ ဒေါ်ပုက ပွဲတော်ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။ “ ရည်ရွယ်ချက်က သူ့ရဲ့ရိုးရာဓလေ့က ဟိုးဘိုးဘွားဘီဘေခေတ်ကတည်းက လုပ်လာခဲ့တဲ့ ရိုးရာဓလေ့တစ်ခုပေါ့။ အဲ့ဒါသူက သူ့ရဲ့ရိုးရာက ဘာကြောင့်လုပ်ရလည်းဆိုရင်တော့...

ဝါးပင်တွေရှားပါးလာတာကြောင့် စစ်ရှောင်တွေရဲ့ ဝါးတဲအိမ်တွေကို အသစ်ပြန်လည်ပြုပြင်ဖို့ ခက်ခဲနေ

ကန္တာရဝတီတိုင်း(မ်) ထိုင်း-ကရင်နီနယ်စပ် စစ်ရှောင်စခန်းတစ်နေရာမှာ စစ်ရှောင်နေအိမ်တွေ ဝါးပိုးထိုးပြီး အသစ်ပြန်လည်ပြုပြင်ဖို့ လိုအပ်နေပြီး တစ်ဖက်မှာလည်း ပြန်လည်ပြုပြင်ဖို့ အခက်အခဲ များစွာရှိတယ်လို့ ပြန်လည်ပြုပြင်လိုတဲ့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ အဆိုပါ စစ်ရှောင်စခန်းဟာ ယခင်က သစ်ဝါးတွေကို နီးနီးနားနားမှာတင် ခုတ်ယူနိုင်ပေမဲ့ စစ်ရှောင်ဦးရေ တဖြည်းဖြည်းများလာတာကြောင့် နေအိမ်ဆောက်လုပ်နိုင်ဖို့ သစ်ဝါးတွေဟာလည်း ရှားပါးလာတယ်လို့ ဆိုပါတယ်။ “အရင်တုန်းကခုတ်တာက...

နယ်စပ်ဒေသမှာ ဖွင့်လှစ်တဲ့ Pre-GED program ကို အဆင့်မြင့်တိုးချဲ့သွားဖို့ရှိ

ကန္တာရဝတီတိုင်း(မ်) ထိုင်း-ကရင်နီနယ်စပ်တစ်နေရာမှာဖွင့်လှစ်ထားတဲ့ Pre-GED program အပတ်စဉ် (၁) ဆင်းပွဲကို ဒီကနေ့ မတ်လ ၂၁ ရက်နေ့မှာပြုလုပ်ခဲ့ပြီး လာမယ့် စာသင်နှစ်တွေမှာ အဲဒီ programကို အဆင့်မြင့် တိုးချဲ့သွားဖို့ရှိတယ်လို့ ဆယ်သဲဖောင်ဒေးရှင်းဒါရိုက်တာ ဆရာမမော်မိမာက ပြောပါတယ်။ “ ကျမတို့ လက်ရှိမှာက ထိုင်း ပညာရေးဌာနတွေနဲ့ ချိတ်ဆက်ထားတာ...

KNDF ဥက္ကဌ ခွန်းဘီထူးနဲ့ တွေ့ဆုံမေးမြန်းခြင်း

ကန္တာရဝတီတိုင်း(မ်) မတ်လအတွင်း ပြင်းထန်တဲ့ ထိုးစစ်တွေကြောင့် တိုက်ပွဲတွေ ဖြစ်ပွားတဲ့ ကရင်နီပြည်အတွင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ စစ်ရေးအခြေအနေ၊ တိုက်ပွဲကြောင့် ထပ်ဆင့်ထွက်ပြေးတိမ်းရှောင်ကြရတဲ့ စစ်ရှောင်လူထုတွေရဲ့ လတ်တလောရင်ဆိုင်ကြုံတွေ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကန္တာရဝတီတိုင်း(မ်) မှ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ ဥက္ကဌ ခွန်းဘီထူးနဲ့ တွေ့ဆုံမေးမြန်းမှုကို တင်ဆက်ပေးလိုက်ပါတယ်။ https://youtu.be/8DLngFbR4J4