spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လူငယ်တွေ ပညာရေးအခွင့်အလမ်း မဆုံးရှုံးဖို့အတွက် (YAC) ကောလိပ်ကျောင်း အခက်ခဲကြား စတင် ဖွင့်လှစ်နေ

ကန္တာရဝတီတိုင်း(မ်)

လက်ရှိ တော်လှန်ရေးကာလမှာ လူငယ်တွေ ပညာသင်ကြားခွင့် မဆုံးရှုံးဖို့ လူငယ့်အကယ်ဒမီကောလိပ် (YAC)ကျောင်းကို တိုက်ပွဲဖြစ်ပွားနေတဲ့ကြားကနေ စတင်ဖွင့်လှစ်နေပြီဖြစ်ပါတယ်။

YAC ကျောင်းကို ကရင်နီပြည် စစ်ရှောင်စခန်းတစ်နေရာမှာ ၂၀၂၃ခုနှစ် ဇန်နဝါရီလအတွင်းမှာ စတင်သင်ကြားနေပြီဖြစ်ပြီး ပညာသင်နှစ်ကာလ ၂နှစ် သတ်မှတ်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားနေသလို လက်နက်ကြီး ရန်၊ လေကြောင်းရန်တွေလည်း ရှိတဲ့အတွက် လုံခြုံရေးပိုင်းမှာ စိန်ခေါ်မှုတွေရှိနေသလို ကျောင်းနေကျောင်းစားဖြစ်တဲ့အတွက် စားနပ်ရိက္ခာအတွက် အခက်အခဲရှိတယ်လို့ YACကျောင်းအုပ်ဖြစ်တဲ့ ခူးပရေးရယ်က ပြောပါတယ်။

“အခက်အခဲလို့ ပြောတဲ့အခါမှာ မတူညီတဲ့အခက်အခဲတွေ အများကြီးရှိတယ်ပေါ့လေ။ ကျနော်တို့ တခါတလေကျလို့ရှိရင် စားနပ်ရိက္ခာအတွက် အခက်အခဲရှိတယ်။ ဒီကျောင်းကို တည်ထောင်ရတဲ့အတွက် ဘတ်ဂျက် အခက်အခဲတွေရှိတယ်။ “လို့ ခူးပရေးရယ်က ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီလ (၁၂)ရက်နေ့မှာ ပြုလုပ်သွားတဲ့ YACအကြောင်း သတင်းစာရှင်းလင်းပွဲမှာ ခူးပရေးရယ်က ပြောဆိုသွားတာဖြစ်ပါတယ်။

YACကျောင်းကတော့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)ထဲ စာရင်းပေးသွင်းဖို့ရှိပြီး သင်ကြားပေးတဲ့ ဘာသာရပ်တွေ၊ သင်ကြားမှု ပုံစံတွေကတော့ ဒေသတွင်း ဆယ်ကျော်သက်လူငယ်ကျောင်းတစ်ကျောင်းဖြစ်တဲ့ Level Up Academy ကျောင်းက သင်ကြားမှုပုံစံမျိုးဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံတကာတက္ကသိုလ်တွေနဲ့အတူ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ ခူးပရေးရယ်က ဆက်ပြောပါတယ်။

“ စစ်ကောင်စီကနေ သွားနေတဲ့ ပညာရေးနဲ့ ကျနော်တို့ရဲ့ ပညာရေး ကို ယှဉ်ပြလိုက်မယ်ဆိုရင် တော်တော်လေးတော့ကွာဟမှု ရှိလိမ့်မယ်။ စစ်ကောင်စီ သွားနေတဲ့ ပညာရေးက ဟိုး အရင်ခေတ်ကတည်းက သွားနေတဲ့ ပညာရေးကို အခုထိက လက်စွဲကိုင်သွားနေတဲ့ ပညာရေးပဲပေါ့နော။ ကျနော်တို့ YACကနေ သွားမယ့် ပညာရေးက မတူဘူး။ ကွဲထွက်မှာ ဖြစ်တယ်။ ကျနော်တို့က နိုင်ငံတကာပုံစံ ပညာရေးမျိုးကို ကျနော်တို့ သွားမှာဖြစ်တယ်။ သင်သွားမယ့် ဘာသာတွေ၊ လုပ်မယ့် activity(လှုပ်ရှားမှု) တွေ လုပ်မယ့် projectတွေကအစ ရှေးရိုးစွဲမဟုတ်ပဲ သူများထက် ideaအသစ်လေးတွေနဲ့ သူများထက်ပိုပြီး ဆန်းဆန်းလေးတွေဖြစ်တဲ့ နည်းစနစ်တွေနဲ့ ကျနော်တို့ သွားမယ်။ နိုင်ငံတကာကနေ သွားနေတဲ့ ပညာရေးစနစ်ကို ကျနော်တို့ သွားမှာဖြစ်ပါတယ်။ “ လို့ ခူးပရေးရယ်က ဆက်ပြောပါတယ်။

Youth Academy College (YAC) ကျောင်း မဖွင့်လှစ်ခင် Adolescence Engagement Program (AEP) ၃လ သင်တန်းကို ၂၀၂၂ ဖေဖော်ဝါရီလမှာ စတင်ဖွင့်ခဲ့ပါတယ်။ အပတ်စဉ်နှစ်ခု ဖွင့်လှစ်သင်ကြားခဲ့ပြီး ကျောင်းသားဦးရေ (၉၀) တက်ရောက်ခဲ့ကြပါတယ်။

၂၀၂၃ခုနှစ် ဇန်နဝါရီလမှာတော့ YAC အမည်နဲ့ ပြောင်းလဲဖွင့်လှစ်ခဲ့ပြီးနောက် လက်ရှိမှာ ကျောင်းသားဦးရေ (၆၄)ယောက်ကို ဆရာ၊ဆရာမ (၁၀)ဦးကနေ သင်ကြားပေးနေပါတယ်။

YACကျောင်းမှာ English , Karenni language, Karenni History, Social, Computer, Community Development တွေအပါအဝင် ဘာသာရပ် (၁၁)ခုကို သင်ကြားပေးလျက်ရှိနေပြီး ပြီးဆုံးအောင် တက်ရောက်မယ့် ကျောင်းသားကျောင်းသူတွေကို Diploma and Community Development ဘွဲ့လက်မှတ်ကို ပေးအပ်သွားမှာဖြစ်ပါတယ်။

spot_img
spot_img