လောပိတကျေးရွာအုပ်စု အတွင်းက ရွာတွေအချို့ကနေ ကျေးရွာဒေသခံတချို့နဲ့တွေ့ဆုံခဲ့စဉ် ၎င်းတို့၏ အသံကို ပြန်လည် တင်ပြပေးလိုက်ပါတယ်။
ဦးသိန်းဇံ ရှမ်းရွာ
မီးအားတွေကမကောင်းဘူး။ ပြီး ဟိုဘက်ကပိုင်းတွေဆို ထရမ်စဖာ(transformer) နဲ့ဝေးတော့ မီးအားက ခရမ်းချဉ်သီးလောက်ပဲ ရှိတယ်လေး။ အဲ့ကြောင်း ကျတော်တို့ကလည်း ဒီ အခုအစိုးရပေါ်လာတဲ့ အစိုးရ အရပ်သားပေါ်မှာ ပြန်တင်တောင်းတာပေါ့နော်။… အဲ့ဒီအပေါ်မှာတော့ ကျတော်တို့ မီတာဘောက်တွေ အိမ်တိုင်းထိလိုချင်တယ်။ မီးကလည်းအိမ်တိုင်းထိ ထွန်းချင်တာပေါ့နော်။ မီးလင်းလုပ်ပေးတဲ့ အဖွဲ့ကလာလုပ်ဖို့ဆိုရင်တော့ ပိုကောင်းတယ်။ လာလုပ်ပေးရင် ပိုကောင်းတယ်ပေါ့။ မီတာဘောက်ဆိုလည်း အစိုးရကို ခက်ခဲခက်ခဲနဲ့မလျှောက်ဘူးပေါ့နော်။ အလုံးအလောက်အိမ်တိုင်းထိ အခုဟာကျတော်တို့ ရွာမှာ အိမ်ခြေ ၂၀ဝကျော် ရှိတဲ့အထည့်မှာ ၁၀ဝကျော်ပဲ မီတာဘောက်ရတယ်လေး။
ဦးစိုးရယ် ဆိုလစယ်ကျေးရွာအုပ်ချုပ်ရေးမှူး
အရေးကြီးတာကရေပေါ့နော။.. ရေသုံးဖို့မလောက်ဘူးလေ။ ကျနော်တို့ဒီကယားရွာမှာ အိမ်ခြေ ၁၀၄ အိမ်ရှိတယ်။ ရေက စားဖို့သောက်ဖို့ မလုံလောက်ဘူးလေနော။ ပြီးတော့ ကျနော်တို့ လမ်းတွေက ပြန်ပျက်ကုန်ဘီ ကျောင်းခင်းလမ်းမဟုတ်တဲ့ မြေသားလမ်းတွေပဲဆိုတော့ ပြန်ပျက်ကုန်ပြီလေ။ ကျတော်တို့ အဲတာတွေ ကတောင်းဆိုချင်တယ်။ အကူညီတောင်းချင်တာပေါ့။
ဦးလီးရယ် ဆိုလစယ်ရွာသား
ပြောင်းဖူးနဲ့ပါတ်သက်ရင်တော့ ကျနော်တို့ တောင်သူတွေက ဓလေ့အရ တောင်ယာလုပ်စားလာတာဆိုတော့ ပြောင်းဈေးမရှိတော့ စားဝတ်နေရေးအတွက် မလောက်မငှ ဖြစ်တယ်။ အိမ်သစ်ဆောက်ဖို့တွေ၊ တိုးချဲ့လုပ်ဖို့တွေ၊ ပစ္စည်းဝယ်ဖို့တွေက အရင်ကလောက်မလုပ်နိုင်ကြတော့ဘူးပေါ့။ ပြောင်းဈေး၊ ပဲစေးငုံဈေးတွေသာကောင်းရင်တော့ လူတွေက စီးပွားရေးအသင့်အသင့် လုပ်ငန်းအသင့်အသင့် တိုးပွားလာတယ်လို့ထင်တယ်။ အခုက ပဲစေးငုံကလည်းဈေးမရှိဘူး၊ ပြောင်းဖူးကလဲ ဈေးမရှိတဲ့ခါကျတော့ အရင်အတိုင်းပဲပေါ့။ တိုးတက်မှုမရှိတော့ဘူး။