spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လူမှုကွန်ယက်စာမျက်နှာမှ သွေးခွဲသည့် အမုန်းစကားများကို သတိထားရန် ကရင်နီအမျိုးသားနေ့တွင် KNPP ပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လက်ရှိခေတ်စားနေသည့် လူမှုကွန်ယက်စာမျက်နှာ (Facebook)ပေါ်မှ အမုန်းစကားများသည် ကရင်နီအမျိုးသား အချင်းချင်းသွေးခွဲစေသည့် စကားလုံးများတွေ့နေရသည့်အတွက် ကရင်နီတမျိုးသားလုံးက သတိထားဆင်ခြင်သုံးသပ်ကြရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဗဟို ကော်မတီဝင် ခူညေးရယ်က ယနေ့ ဇွန်လ ၂၁ ရက်နေ့ ကရင်နီအမျိုးသားနေ့ အခန်းအနားတွင် ပြောကြားသွားပါသည်။

“အခုခေတ်မှာက ကျနော်တို့ပြန်ကြည့်လိုက်ရင် social media တို့ဖေ့ဘုတ်ပေါ်တို့ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ခေတ်ကြီးမှာ ကျနော်တို့ အမျိုးသားညီညွတ်ရေးနဲ့ပတ်သက်ပြီး သွေးခွဲတာတို့ အမုန်းစကားလို့ပြောရမလား အဲဒါတို့ ဒီကြားထဲမှာ ပြိုကွဲသွားတာမျိုးရှိတယ်။ ဒီထက်ညီညွတ်ဖို့ လိုအပ်တဲ့အတွက်အဲဒါ ဒီထက်ပိုသတိထားဖို့ ကရင်နီအမျိုးသား အားလုံးပါဝင်တယ်ဆိုတာ ရှင်းပြချင်တယ်။”

ဇွန်လ ၂၁ ရက်နေ့သည် ၁၄၄ နှစ်မြောက် ကရင်အနီအမျိုးသားနေ့ကို လွိုင်ကော်မြို့ ချစ်ကယ်ကျေးရွာ၊ ကေ့ထျိုးဘိုးဝင်းတွင် ကျင်းပခဲ့စဉ် တက်ရောက်လာကြသည့် ကရင်နီအမျိုးသားထု ၃၀ဝ နီးပါးခန့်ရှေ့တွင် ခူညေးရယ်က ပြောကြားသွားပါသည်။

“ဒီနေ့ကရင်နီလို့ပြောတာတော့ စကားလုံးက ကြီးကြီးပါပဲ။ဘာဖြစ်လို့လဲဆိုတာတော့ ကျနော်တို့ အဓိက ညီညွတ်ရေးပါပဲ။ ကရင်နီထဲမှာ မျိုးနွယ်စုတွေ အများကြီးရှိတယ်။ ဒီမှာနှစ်ရှည်လများနေထိုင်လာကြတဲ့ မျိုးနွယ်စုတွေ အားလုံးကို ကရင်နီအမျိုးသားလို့ခေါ်တယ်။ သူတို့အားလုံးပါတယ်။”ဟု ခူညေးရယ်က ပြောသွားပါသည်။

ကရင်နီအမျိုးသားတို့၏ ဇာတိသွေးဇာတိမာန် တက်ကြွရေး ၊ ပျောက်ဆုံးနေသည့် ကရင်နီပြည် ပြန်လည်အမှတ်ရရေး ၊ မျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးအတွက် ၊ ကရင်နီအမျိုးသားတို့အကြား သွေးစည်းညီညွတ်ရေး စသည့်ရည်ရွယ်များဖြင့် အမျိုးသားနေ့ကို နှစ်စဉ်ကျင်းပကြလျက်ရှိကြသည်။

မျိုးဆက်သစ်လူငယ်များအနေဖြင့် သမိုင်းအမှန်ကို သိမှသာလျှင် မိမိတို့၏ ပြည်နယ်ဒေသကို မည်ကဲ့သို့ တည်ဆောက်ပြုပြင်သွားမည်ကို သိမြင်လာနိုင်မည်ဖြစ်သည့်အတွက် ကရင်နီသမိုင်းသည် မဖြစ်မနေ သိထားသင့်သည်ဟု ၁၄၄ နှစ်မြောက် ကရင်နီအမျိုးသားနေ့ ကယား(ကရင်နီ)ပြည်နယ်အတွင်းတွင် ကျင်းပပြုလုပ်နိုင်ရေး ဦးစီးကော်မတီ ဥက္ကဌ ဦးပလုရယ်က ပြောကြားသွားပါသည်။

“သမိုင်းအမှန်ကိုသိဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကိုလေ့လာဖို့ လည်းလိုသလို၊ ပိုပြီးတော့ထဲထဲဝင်ဝင်ညီညီညွတ်ညွတ်နဲ့ ဒီကရင်နီဆိုတဲ့ အသိုင်းအဝင်းမှာ ပိုပြီးတော့ ပါဝင်ဖို့ လိုတယ်ဆိုတဲ့ဟာကိုပေါ့နော်။ ဒါကတခု နောက်တခုက နိုင်ငံရေး ရေချိန်ပေါ့။ ဆိုလိုချင်တာက သမိုင်းကြောင်းနဲ့ချိန်ပြီးတော့ ယခုလက်ရှိမှာ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုမျိုးကို မြင်ချင်သလဲဆိုတာ ဒီကရင်နီပြည်နယ်အတွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမမျိုးနွယ်စုအားလုံးအနေနဲ့ရှင်းရှင်းလင်းလင်းဖြစ်ဖို့လိုတယ်။ နိုင်ငံရေးအတွေးအခေါ်တွေ နိုင်ငံရေးခံယူချက်တွေ တတ်နိုင်သလောက် တူညီတဲ့ဘုံတူညီချက်တွေ ဒါမှအနာဂတ်မှာ ဘယ်လိုပုံစံနဲ့ပုံဖေါ်ချင်သလဲဆိုတာမြင်လာမယ်။” ဟု ဦးပလုရယ်က ပြောပါသည်။

ကရင်နီပြည်ကို မည်သူ တဦးတယောက်မျှ စီမံခန့်ခွဲစိုးမိုးချုပ်ချယ်ခြင်းမပြုရဘဲ သီးသန့်လျှက် လွှတ်လပ်သော အခွင့်အရေးပေးရန် မြန်မာဘုရင်အစိုးရနှင့် ဗြိသိသျှအစိုးတို့ နှစ်ဦးနှစ်ဘက် သဘောတူစာချုပ်ချုပ်ဆိုုပြီး ယင်းသို့သော ပဋိညာဉ်ဝန်ခံချက်ဖြင့် ခရစ်သက္ကရာဇ် ၁၈၇၅ခုနှစ်၊ ဇွန်လ ၂၁ရက်၊မြန်မာသက္ကရာဇ် ၁၂၃ရခုနှစ်၊နယုန်လဆုတ် ၃ရက်နေ့ သည် ကရင်နီပြည်သီးခြားလွတ်လပ်သောပြည်နယ်တပြည်နယ်အဖြစ်အသိအမှတ်ပြုလိုုက်သောနေ့ဖြစ်သည်။

ထိုုနေ့ကိုုအစွဲပြုပြီး ကရင်နီတိုုင်းရင်းသားမျိုးနွယ်စုုတိုု့က ကရင်နီအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။

ယနေ့ ကရင်နီအမျိုးသားနေ့ကို ထိုင်း-မြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်းမှာလည်း ကျင်းပပြုလုပ်လျက်ရှိသည်။ တတိယနိုင်ငံရောက် ကရင်နီအမျိုးသားများကလည်း မိမိတို့နေထိုင်သည့် ၎င်းတို့၏ အရပ်ဒေသနှင့် အားလပ်ရက်များအပေါ် မူတည်ပြီး အမျိုးသားနေ့ကို နှစ်စဉ်ကျင်းပပြုလုပ်သွားလျက်ရှိကြသည်။

spot_img
spot_img

Recent posts