spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လေကြောင်းပစ်ခတ်မှုကြောင့် KNDF B-09 တပ်ဖွဲ့ဝင်တစ်ဦး ထိမှန်ကျဆုံး

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ မနက် နံနက် ၄နာရီအချိန်မှာ ဒီးမော့ဆိုမြို့ တစ်နေရာကို စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှု ပြုလုပ်ခဲ့ပြီး ဗုံးကြဲထိမှန်မှုကြောင့် KNDF B-09 မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့တယ်လို့ KNDF B-09က သတင်းထုတ်ပြန်ပါတယ်။

“ ၂၀၂၂ခုနှစ် မတ်လ ၁၁ ရက်နေ့တွင်ကရင်နီပြည်နယ်၌ စစ်ကောင်စီမှလေယာဉ်ဖြင့်နံနက် ၄ နာရီခန့်တွင်တစ်ကြိမ် နံနက် ၇ နာရီခန့်တွင်တစ်ကြိမ် လာရောက်ဗုံးကြဲပစ်ခတ်ခဲ့သည်။ လေယာဉ်ဖြင့် နှစ်ကြိမ်ခန့် ပစ်ခတ်မှုများပြုလုပ်စဥ်တွင် ကျွန်တော်တို့KNDF B-O9 မှ ရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာရပြီးကျဆုံးသွားခဲ့သည်။” လို့ ရေးသားထုတ်ပြန်ထာားပါတယ်။

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စစ်ကောင်စီလေကြောင်းအသုံးပြုပြီးတိုက်ခိုက်တာ နေ့စဉ်နီးပါးပြုလုပ်နေပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေ ၃ခုကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှုအပြင် ဘာသာရေးအဆောက်အအုံ၊ နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

spot_img
spot_img