spot_img
Friday, March 24, 2023
spot_img

လေကြောင်းပစ်လက်နက်တွေကို တာဝန်ယူရတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်ကြပ်ကြီးတစ်ဦး CDM ပြုလုပ်

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း( မ် )

နေပြည်တော်တိုင်းစစ်ဌာနချုပ် ၂၀၃၀ လေကြောင်းရန်ကာကွယ်ရေးတပ်က တပ်ကြပ်ကြီးတစ်ဦး ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)ထံ အောက်တိုဘာလ ၁၂ရက်နေ့မှာ CDM ပြုလုပ်လာတယ်လို့ KDF တာဝန်ခံ ကိုလင်းလင်းက ပြောပါတယ်။

သူဟာ အသက်၂၃နှစ်အရွယ်ရှိပြီဖြစ်ပြီး လေကြောင်းပစ်လက်နက်တွေကို တာဝန်ယူရတဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်မှာ ကျောင်းသုံးနှစ်တက်ရောက်ခဲ့ပြီး တာဝန်ထမ်းဆောင်တာ ၂နှစ်ရှိပြီလို့ ဆိုပါတယ်။

“လေကြောင်းရန်ကာကွယ်ရေးတပ်ကဆိုတော့ ဒီဝေဟင်ပစ် ဒီလေယာဉ်ပစ်တဲ့လက်နက်တွေကို ကိုင်တွယ်ရတာပေါ့။ အဲဒီလိုတာဝန်ထမ်းဆောင်ခဲ့တယ်လို့ ကျနော်တို့ကို ပြောပြတာပေါ့။ သူက လုပ်သက် ၅နှစ်ပေါ့။ သူ့ရဲ့လုပ်သက်က ကျောင်းဆင်းတာက သုံးနှစ် လုပ်သက်က နှစ်နှစ် အားလုံးပေါင်း ငါးနှစ်။” လို့ ကိုလင်းလင်းက ပြောပါတယ်။

သူ့ရဲ့လုံခြုံရေးအရ အမည်ကို ဖော်ပြခွင့်မပေးသလို စောင့်ကြည့်ကာလအနေနဲ့ နှစ်လ စောင့်ကြည့်ပြီး သူ့ရဲ့ရွေးချယ်မှုအတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားဖို့ ရှိတယ်လို့ ကိုလင်းလင်းက ပြောပါတယ်။

“ကျနော်တို့ဒီ သူ့ကိုရွေးချယ်ခွင့်ပေးမှာပေါ့နော။ သူ့ရွေးချယ်ခွင့်ပေးမယ်ဆိုတာ သူ့ကို တရားဝင် CDM ဖြစ်အောင်ကြိုးစားပေးမယ်။ သူ့ရဲ့ရွေးချယ်ခွင့်ပေါ့။ ကျနော်တို့နဲ့ တိုက်ပွဲဆက်လက်ဝင်မလား။ ဒါမှမဟုတ်ပဲ သက်ဆိုင်ရာ တခြားတာဝန်တွေကို လုပ်မလား။ အဲဒီလိုမျိုးပဲ ပြန်ပြီးတော့ လက်ရှိတော့ သူ့ကိုတော့ စောင့်ကြည့်ကာလအနေနဲ့ နှစ်လထားထားတယ်ပေါ့။ အကုန်လုံး အသေးစိတ်စီစစ်ပြီးတော့ စောင့်ကြည့်မှာပေါ့။” လို့ သူက ဆက်ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)ထံ CDM ဝင်လာတဲ့ စစ်ကောင်စီတပ်သား ၇ဦးရှိပြီဖြစ်ပြီး တော်လှန်ရေးမှာ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်သူ သုံးဦး နဲ့ NUG ပြည်သူ့ရင်ခွင်ထံဝင်ရောက်သူ ၄ဦးရှိနေပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို လေကြောင်းတိုက်ခိုက်ပြီး နေအိမ် ( ၁၀၀ ) ဝန်းကျင် မီးလောင်ပျက်စီး

ကန္တာရဝတီ တိုင်း(မ်) ဒီကနေ့ မတ်လ ၂၄ ရက်နေ့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တစ်နေရာကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ကန္တာရဝတီတိုင်း(မ်)ရဲ့ မြေပြင်သတင်းထောက်မှ သတင်းပေးပို့ချက်အရ သိရပါတယ်။ ကျေးရွာတစ်ရွာထဲကို ယနေ့ နေ့လည် ၁၂ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ...

စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် ကရင်နီ စစ်ရှောင်ဦးရေ နှစ်သိန်းခွဲအထိ ရှိလာ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် စစ်ရှောင်ပြည်သူ နှစ်သိန်းခွဲအထိ ရှိလာပြီလို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC) ရဲ့ လူသားချင်းစာနာထောက်ထားမှုကော်မတီ တာဝန်ခံ ဦးဗညားက ပြောပါတယ်။ “အနည်းဆုံးကတော့ ၂သိန်းခွဲရှိသွားပြီလို့ ကျနော်တို့က ယတိပြတ်ပြောလို့ရသွားပြီပေါ့နော။ ဘာဖြစ်လို့ အဲ့လိုပြောရတာလဲဆိုရင်တော့ အရင်က ၂ သိန်းဝန်းကျင် ရှိတယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ဒီလိုမျိုးခန့်မှန်းချက်ကလည်း မြို့နယ်အလိုက်...

ဒီးမော့ဆိုအရှေ့ဘက် (၂)ပတ်ကျော် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တစ်ရာဝန်းကျင် သေဆုံးပြီး ပူးပေါင်းတပ်မှ (၄)ဦးကျဆုံး

ကန္တာရဝတီတိုင်း(မ်) ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ မတ်လ ဒုတိယအပတ်ကနေစပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာ ၂ပတ် ကျော် ရှိလာပြီဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်းမှာ နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိနေပြီး စစ်ကောင်စီဖက် တစ်ရာဝန်းကျင်သေဆုံးပြီး ပူးပေါင်းတပ်မှ (၄)ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ “ အရေအတွက်တော့ မသိဘူး။ ဒါပေမယ့် အကျအဆုံးတော့...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း KNDF တပ်ရင်း (၁၀)မှ ရဲဘော်နှစ်ဦးကျဆုံး

ကန္တာရဝတီတိုင်း(မ်) တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေတဲ့ ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ ဒေါညေးခူ၊ ဒေါတမကြီးကျေးရွာတိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) တပ်ရင်း (၁၀)မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း (၁၀)က ဒီကနေ့ ( မတ်လ ၂၄ ရက်နေ့) မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့...