spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လေထုညစ်ညမ်းမှုနှင့် ကျန်းမာရေးပြဿနာများ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

သေးငယ်တဲ့ အမှုန်အမွှားတွေ (PM2.5) ကြောင့်ဖြစ်တဲ့ လေထုညစ်ညမ်းမှုဟာ လေထုထဲကို တစ်ကုဗမီတာမှာ (PM2.5) အမှုန်အမွှား ၂၅ မိုက်ခရိုဂရမ်ထက် ပိုများတဲ့အခါမှာ လူတွေကို ကျန်းမာရေးဆိုးကျိုးမှုတွေ ဖြစ်လာစေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားပါတယ်။

လေထုညစ်ညမ်းခြင်းဟာ သဘာဝနဲ့ လူသားတွေ ပြုလုပ်တဲ့ အရင်းအမြစ် နှစ်ခုစလုံးမှ ဖြစ်ပွားပြီး ဆောင်းအကုန် နွေအကူးမှာ တောမီးလောင်မှုကြောင့် နဲ့ လူဦးရေထူထပ်တဲ့ မြို့ပြတွေမှာ ပိုမိုအဖြစ်များပါတယ်။

ဒါကြောင့် လူတွေရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အဲဒီလေထုညစ်ညမ်းမှုတွေဟာ ဘာကြောင့်ဖြစ်လာတာလဲ။ ဘယ်လိုကာကွယ်လို့ရသလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

လေထုညစ်ညမ်းမှု ဖြစ်စေနိုင်သောအကြောင်းရင်းများ
လေထုညစ်ညမ်းမှုဆိုတာ လူတွေရဲ့ ကျန်းမာရေးကို ဘေးအန္တရာယ်ဖြစ်စေတဲ့ အရာဝတ္ထု (ဒါမှမဟုတ်) အမှုန်တွေနဲ့ ဓာတ်ငွေ့တွေ ရောနှောပြီးဖြစ်လာတဲ့ ဒြပ်ပေါင်းတွေဟာ လေထုထဲ တည်ရှိနေတာဖြစ်ပါတယ်။
ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုဟာ သယ်ယူပို့ဆောင်ရေး၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ စွမ်းအင်ထုတ်လုပ်တာတွေနဲ့ အိမ်တွင်းအပူပေးစနစ် စတဲ့နေရာတွေကနေထွက်လာတဲ့ (PM 2.5) လို့ခေါ်တဲ့ သေးငယ်လွန်းသော အမှုန်အမွှားတွေ၊ အမိုးနီးယား (NH3)၊ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ် (NO2)၊ ဆာလဖာ ဒိုင်အောက်ဆိုဒ် (SO2) နဲ့ မီသိန်းအဖြစ် မပြောင်းလဲနိုင်တဲ့ အော်ဂဲနစ်ဒြပ်ပေါင်းတွေဖြစ်ပါတယ်။

လေထုကိုညစ်ညမ်းစေသော ပစ္စည်းများနှင့် အရင်းအမြစ်များ
မီးသွေး၊ ဂတ်စ်၊ ရေနံနဲ့ သစ်သား စတဲ့ ကာဗွန်ပါတဲ့ လောင်စာဆီတွေကို လောင်ကျွမ််းပြီး အသုံးပြုတဲ့ အိမ်တွင်းသုံးစက်ပစ္စည်းတွေဖြစ်ကြတဲ့ ရေနွေးငွေ့စက်ဘွိုင်လာ၊ အပူပေးစက်၊ မီးရှို့/မီးမွှေးတာတွေ၊ လျှပ်စစ်မီးဖိုနဲ့ ဂတ်စ်မီးဖိုတွေ ကနေထုတ်လွှတ်သော အမှုန်တွေဟာ လေထုကိုညစ်ညမ်းစေတဲ့ အရင်းအမြစ်တွေဖြစ်ပါတယ်။
ဒါတွေအပြင် သန့်ရှင်းရေးနဲ့ တကိုယ်ရေသုံး ထုတ်ကုန်ပစ္စည်းတွေ၊ ဆောက်လုပ်ရေး ပစ္စည်း တွေနဲ့ အိမ်သုံးကုန်ပစ္စည်းတွေဖြစ်ကြတဲ့ အိမ်သုတ်ဆေး၊ ကော်ဇော၊ ကြွေထည်ပရိဘောဂ၊ လေထုသန့်စင်ဆေးတွေနဲ့ ပေါလစ်ဆီ စတဲ့ပစ္စည်းတွေမှ ထုတ်လွှတ်တဲ့ အော်ဂဲနစ်ဒြပ်ပေါင်းတွေလည်း ပါဝင်ပါတယ်။
ဆေးလိပ်၊ စီးကရက်ငွေ့တွေနဲ့ တဆင့်ခံ ဆေးလိပ်ငွေ့တွေဟာလည်း လေထုညစ်ညမ်းမှုကို ဖြစ်စေနိုင်ပါတယ်။

လေထုညစ်ညမ်းမှုကြောင့် ဖြစ်နိုင်သော ကျန်းမာရေးပြဿနာများ
သေးငယ်သော အမှုန်အမွှားများ (Fine particles) လို့ခေါ်တဲ့ PM2.5 ဆိုတာ လေထုထဲရှိ ၂.၅ မိုက်ခရွန် နဲ့ အောက်မှာရှိတဲ့ အလွန်သေးငယ်တဲ့ အမှုန်တွေဖြစ်ပြီး အကြီးဆုံးဖြစ်တဲ့ PM2.5 အမှုန်တွေတောင် လူတွေရဲ့ဆံပင်ထက် အဆ ၃၀ မျှ သေးငယ်သေးတယ်လို့ ဆိုပါတယ်။
အဲဒီအမှုန်အမွှားတွေဟာ အသက်ရှူလမ်းကြောင်းကနေတဆင့် ရောက်ရှိနိုင်ပြီး မျက်စိ၊ နား၊ နှာခေါင်းနဲ့ အဆုတ်စတာတွေကို ရောင်ရမ်းစေနိုင်သလို ချောင်းဆိုးတာ၊ နှာချေတာ၊ နှာရည်ယိုတာနဲ့ အသက်ရှူမဝတာတွေ ဖြစ်စေနိုင်ပါတယ်။

ဒါတွေအပြင် PM2.5 အမှုန်တွေကြောင့် နှလုံးနဲ့ အဆုတ်ရဲ့ လုပ်ငန်းတွေကို ထိခိုက်စေနိုင်ပြီး ရင်ကျပ်ရောဂါနဲ့ နှလုံးရောဂါတွေကို ပိုမို ဆိုးရွားစေတဲ့အပြင် ရုတ်တရက် နှလုံးတိုက်ခိုက်ခံရတာ (နှလုံးသွေးကြောပိတ်ခြင်း)ကို ဖြစ်နိုင်ခြေကို မြင့်မားစေတယ်လို့ သိရပါတယ်။

အထူးသဖြင့် နှလုံးရောဂါ ရှိသူတွေ၊ အသက်ရှူရ ခက်ခဲသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေဟာ အလွန်သေးငယ်သော အမှုန်အမွှားများကြောင့် ဖြစ်တဲ့ လေထုညစ်ညမ်းမှုကို ခံနိုင်ရည် နည်းပါးပြီး နာတာရှည်အဆုတ်ပွတာ၊ အဆုတ်အားနည်းတာနဲ့ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများစေတယ်လို့ သိရပါတယ်။

လေထုညစ်ညမ်းမှုရဲ့ ဘေးအန္တရာယ်ကို ဘယ်လိုရှောင်ရှားနေထိုင်သင့်လဲ

အမှုန်အမွှားတွေကြောင့်ဖြစ်တဲ့ လေထုညစ်ညမ်းမှုဟာ အိမ်ပြင်ပနဲ့ အိမ်တွင်းနေရာ နှစ်ခုစလုံးမှာ ဖြစ်ပေါ်စေနိုင်ပါတယ်။

အိမ်ပြင်ပအရင်းအမြစ်တွေကြောင့် ဖြစ်တဲ့ လေထုညစ်ညမ်းမှုတွေက ယာဥ်အိတ်ဇောပိုက်တွေ၊ ထင်းမီး၊ ဂက်စ်နဲ့ အခြားလောင်စာမီးတွေမှ မီးလောင်မှုတွေ ပါဝင်ပါတယ်။

အမှုန်အမွှားတွေကြောင့်ဖြစ်တဲ့ လေထုညစ်ညမ်းမှုဟာ မူလရင်းမြစ်နေရကနေ အလွန်ဝေးတဲ့ နေရာတွေအထိ ရောက်ရှိနိုင်ပါတယ်။

တောမီးလောင်ခြင်းမှ အမှုန်အမွှားတွေဟာ မိုင်ရာချီအဝေးအထိ ရောက်နိုင်သလို အိမ်ပြင်ပ လေထုညစ်ညမ်းမှုတွေဟာ လေတိုက်နည်းတာနဲ့ လေရောနှောမှုမရှိတဲ့ အချိန်တွေမှာ ပိုမိုမြင့်မားစေပါတယ်။

အဖြစ်များတဲ့ အိမ်တွင်းလေထုညစ်ညမ်းမှု ရင်းမြစ်တွေကတော့ ဆေးလိပ်မီးခိုးငွေ့တွေ၊ အသားတွေကြော်တာ (သို့မဟုတ်) မီးကင်တာ၊ ဖယောင်းတိုင်မီးထွန်းတာ (သို့မဟုတ်) ဆီမီးထွန်းတာတွေ ဖြစ်ပါတယ်။

ပြင်ပလေတွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အခါအဆောက်အဦးထဲမှာ နေထိုင်ရမှာဖြစ်ပါတယ်။

အထူးသဖြင့် ကလေးငယ်နဲ့ ဆယ်ကျော်သက်တွေ ၊ အသက်ကြီးသူတွေ၊ နှလုံးရောဂါ အခံရှိသူတွေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူတွေ ၊ကိုယ်ဝန်ဆောင်မိခင်တွေ နဲ့ အပြင်နေရာ တွေမှာ အလုပ်လုပ်ရသူတွေ စတဲ့ ကျန်းမာရေး ထိခိုက်လွယ်တဲ့ သူတွေဟာ ပိုဂရုစိုက်သင့်ပါတယ်။

အခန်းထဲမှာ ပူလာမယ်ဆိုရင် တတ်နိုင်သမျှ လေအေးပေးစက်ဖြင့် အေးအောင် ပြုလုပ်ပေးရမှာဖြစ်သလို လေအေးပေးစက် မရှိတဲ့ နေရာတွေမှာ အေးတဲ့နေရာကို ရှာဖွေ ပြီးနေထိုင်ရမှာဖြစ်ပါတယ်။

အဆောက်အအုံပြင်ပမှာ မဖြစ်မနေ နေရမယ့်သူတွေ အနေနဲ့ ပါးစပ်နဲ့ နှာခေါင်းစည်း (Mask) တပ်ပေးရပါမယ်။

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ လေထုဖြစ်ပေါ်နေချိန်မှာ စာသင်ကျောင်းတွေ၊ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်မှုလုပ်ငန်းတွေ ၊ အလုပ်သမားတွေ အနေနဲ့ အပြင်မှာ သွားလာလှုပ်ရှားမှု အချိန်တွေကို လျော့ချရမှာဖြစ်ပါတယ်။

ကိုးကား – NUG MOH website.

spot_img
spot_img

Recent posts