spot_img
Monday, October 2, 2023
spot_imgspot_imgspot_imgspot_img

လေယာဉ်ဗုံးကြဲခံရမှုကြောင့် တောတောင်ထဲ ပုန်းခိုနေတဲ့ ဖရူဆိုစစ်ရှောင် ၁၃၀၀ ကျော်အတွက် အရေးပေါ်မိုးကာ နဲ့ ခြင်ထောင်တွေလိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ် ထဲက စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံရပြီး တောတောင်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင် ၁၃၀၀ ကျော်အတွက် မိုးကာနဲ့ ခြင်ထောင်တွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ News Light In Karenni အဖွဲ့က ပြောပါတယ်။

“အခုချိန်မှာက ဖရူဆိုနောက်ဖက်ခြမ်းက နေတစ်ရက်မှ မတွေ့ရဘူးပေါ့နော်။ သူ့ဟာက မိုးတွေက အဆက်မပြတ်ရွာနေတဲ့ ဟာမျိုးတွေဖြစ်တော့ သူတို့မိုးကာတွေ ခြင်ထောင်တွေလိုအပ်တယ်လို့ပြောကြတယ်ပေါ့နော်။” လို့ New Light in Karenni အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဆိုပါ စစ်ရှောင်တွေဟာ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာဒေသခံတွေဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လတွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သူတို့နေထိုင်တဲ့ ကျေးရွာတွေကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက်မှာ တောတောင်ထဲကို ထွက်ပြေးပုန်းရှောင်နေကြရတာပါ။

လက်ရှိအချိန်ထိ နေရပ်ကိုမပြန်ရဲကြသေးတာကြောင့် တောတောင်ထဲမှာ ဆက်လက်နေထိုင်ကြဆဲဖြစ်တဲ့အတွက် အခုလိုမိုးတွင်းကာလမှာတော့ မိုးကာနဲ့ခြင်ထောင်တွေ အရေးပေါ်လိုအပ်နေတာပါ။

“တောတောင်ထဲမှာ နေထိုင်ရတော့ မိုးကာမလုံလောက်ဘူး။ မိုးရာသီအတွင်းလည်းမိုးကြီးတော့ အအေးမိကြရာကနေ ဖျားနာကြမယ် တုပ်ကွေးဖြစ်ကြမယ်၊ အခန့်မသင့်ရင် အသက်ပါဆုံးရှုံးနိုင်တာပေါ့။ အဓိကခြင်ထောင်၊ ခြင်ထောင်မရှိဘဲအိပ်နေရတော့ ဘယ်လိုဖြစ်ဖြစ် ခြင်ကိုင်ဖြုတ်ကိုက်မှာပဲ တကယ်ကြုံဖူးသူတွေဆို သိပါတယ် အဲ့ဒီခံစားချက်” လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။

ဒါ့အပြင် အဆိုပါ စစ်ရှောင်အုပ်စုအတွင်းမှာ ရိက္ခာမလုံလောက်တာတွေရှိနေတာကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေဟာ အာဟာရချို့တဲ့မှု ဆိုင်ရာရောဂါတွေလည်း ခံစားလာနိုင်တယ်လို့ဆိုပါတယ်။

Recent posts