spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လေယာဉ်ဗုံးကြဲမှုကြောင့် ဖားဆောင်းမြို့နယ် ဝမ်အောင်း(ယင်းတလဲ)ရွာက အမျိုးသားတစ်ဦးသေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ ည(၁၁)နာရီဝန်းကျင်‌မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ ဖားဆာင်းမြို့ နယ် ဝမ်အောင်း (ယင်းတလဲ) ကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲခဲ့သလို လက်နက်ကြီးပစ်ခတ်မှုလည်း လုပ်ဆောင်ခဲ့ပြီး အသက် ၅၆နှစ်အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါဗုံးကြဲမှုကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့ရသလို နေအိမ် (၈)လုံး ထိမှန်ပျက်စီးပြီး (၁) လုံး မီးလောင်ခဲ့တယ်လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

“သူတို့(စစ်ကောင်စီ) ဗုံးနဲ့ကြဲချတော့ အိမ်ကိုမီးလောင်သွားတယ်ပေါ့။ အဲ့အိမ်က ဦးလေးတစ်ယောက်ရှိတယ်။ သူက လက်နက်ကြီးထိမှန်လို့ အသက်ဆုံးရှုံးသွားတာ။ မီးမလောင်ပဲ လက်နက်ကြီးထိပြီး ပျက်စီးယိုယွင်းသွားတဲ့အိမ်က (၈)လုံးလောက်ပေါ့။ မီးလောင်သွားတဲ့အိမ်နဲ့ပါရင် အားလုံးပေါင်း(၉)လုံး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇွန်လ ၁၄ ရက်နေ့ကစပြီး ဖားဆောင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီကနေ သံလွင်မြစ်အရှေ့ဘက်ခြမ်းကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့သလို ကျေးရွာအတွင်း လက်နက်ကြီးပစ်ခတ်မှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝမ်းအောင်(ယင်းတလဲ)ကျေးရွာထဲကိုလည်း လက်နက်ကြီးကျရောက်မှုရှိခဲ့တာကြောင့် ကျေးရွာသား ဒေသခံအများစုက ဘေးကင်းရာလို့ ယူဆရတဲ့ နေရာတွေကို တိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်ရတဲ့ လူဦးရေ ၄၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ သိရပါတယ်။

ဖားဆောင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လ ၂၅ရက်နေ့က ကျေးရွာတစ်ရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ ၄ဦး သေဆုံးခဲ့ရပါတယ်။ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားရှိရာ နေရာတွေကို လေယာဉ်နဲ့ ဗုံးကြဲနေတာကြောင့် စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး ပိတ်ဆို့အရေးယူမှုတွေ အမြန်ဆုံးဆောင်ရွက်သင့်နေပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဦးဗညားက ပြောပါတယ်။

ဓါတ်ပုံ – ဒေသခံ

“နိုင်ငံတကာကလည်း ဒီဟာကို စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး အမြန်ဆုံး ပိတ်ဆို့အရေးယူမှုတွေ မကဘဲနဲ့ အခြားနည်းလမ်းတွေ ရှာဖွေပြီးတော့မှ စစ်အာဏာရှင်ကို ပြုတ်ကျနိုင်အောင် ဒီမိုကရေစီအင်အားစုတွေ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကို ကူညီပံ့ပိုးခြင်းအားဖြင့် ကျနော်တို့ရဲ့ ဒီမိုကရေစီ နဲ့ ဖက်ဒရယ်ထူထောင်ရေးပဲပြောပြော ဖက်ဒရယ်ဒီမိုကရေစီလုပ်ငန်းစဉ်ပဲ ပြောပြော ပိုပြီးတော့မှ ပါဝင်သင့်ပြီပေါ။ ဒါမှသာလျှင် ကျနော်တို့ နေ့တဓူဝ သေဆုံးနေရတဲ့ ပြည်သူလူထုအတွက် ပြန်ပြီး ကုစားနိုင်မယ်။” လို့ ဦးဗညားက ပြောပါတယ်။

ဖားဆောင်းမြို့နယ် ဝမ်အောင်း‌(ယင်းတလဲကျေးရွှာ) မှာ စုစုပေါင်း လူဦးရေ (၇၀၀)ကျော်ရှိပြီး အိမ်ခြေ(၁၂၀)ကျော်ရှိတယ်လို့လဲသိရပါတယ်။

spot_img
spot_img

Recent posts