spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လေယာဉ်သံ၊ လက်နက်ကြီးသံကြားမှာ ဝမ်းရေးအတွက် တောင်သူတွေ လယ်ယာလုပ်ကိုင်နေရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းက တောင်သူတွေဟာ လက်နက်ကြီးပစ်ခတ်မှာ၊ လေယာဉ်လာမှာကို ကြောက်နေကြပေမယ့် ဝမ်းရေးအတွက် လယ်ယာစိုက်ပျိုးနေကြရပါတယ်။ စစ်ကောင်စီတပ်ရဲ့ လေယာဉ်ဝဲတာတွေ ၊ လက်နက်ကြီးပစ်ခတ်သံတွေကို နေ့စဉ် ကြားနေရတယ်လို့ ဆိုပါတယ်။

အခုလို လက်နက်ကြီးသံ၊ လေယာဉ်သံကြားက စိုက်ပျိူးရတဲ့အတွက် အဲဒီအသံတွေကြားရင် ချုံပုတ်ကြား၊ လယ်ကဇင်းကြား၊ ချောင်းသေးသေးလေးတွေကြား ပုန်းခိုနေရတယ်လို့ ဒေသခံတောင်သူအမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

” လေယာဉ်လာရင် အစ်မတို့က ကဇင်းရိုးနားမှာပုန်းကြတယ်။ နောက် တစ်ခါတလေ လက်နက်ကြီးလာရင် ရှိတဲ့နေရာ ချုံရှိရင် ချုံထဲမှာပုန်းတယ်။ ချုံမရှိရင် အဲ့မျိုးချောင်းထဲ သေးသေးလေးထဲမှာပုန်းနေကြတယ်။ ” လို့ ဒေသခံတောင်သူ အမျိုးသမီး တစ်ဦးကပြောပါတယ်။

လေယာဉ်လာတဲ့အချိန်၊ လက်နက်ကြီးသံကြားတဲ့အချိန်ဆို ပုန်းနေပြီး အသံငြိမ်မှ တောင်ယာအလုပ်ဆက်လုပ်ကြရတယ်လို့ ပြောပါတယ်။ စိုးရိမ်ပူပန်မှုတွေနဲ့ လယ်စိုက်နေရပေမယ့် သားသမီးအတွက် ၊ စားဝတ်နေရေးအတွက် မဖြစ်မနေ လုပ်နေရတဲ့အကြောင်းကို ဒေသခံတောင်သူ အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

” ကြောက်နေရတယ် လေယာဉ်လာရင် ကျနော်တို့က ဟိုပြေးဒီပြေးပုန်းပြီးမှ ပြီးရင် ကျွန်တော်တို့ပြန်စိုက်တယ် ကျတော်တို့အလုပ်ပြန်လုပ်တယ်။ မလုပ်လဲမစားရဘူးလေ။ အဲ့ဒါကြောင့် ကျနော်တို့ မလုပ်မဖြစ် မဖြစ်မနေပေါ့နော် ကျနော်တို့သားသမီးတွေအတွက် ကျနော်တို့လုပ်ပေးနေရတယ် ” လို့ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် စစ်ကောင်စီက လေကြောင်းအင်အားအပြင် လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာတွေဟာ ‌ဒေသခံတောင်သူတွေရဲ့ လယ်ကွင်း အနီးအနားကျရောက်တာတွေရှိ‌နေပါတယ်။

spot_img
spot_img

Recent posts