spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“လောင်းကစားဂိမ်းမကစားနဲ့”…

Author

Date

Category

ဆန်းဘွန်း

လောင်းကစားဂိမ်းတွေဟာ ဂရိနဲ့ရောမတို့ရဲ့ ရှေးခေတ်ယဉ်ကျေးမှုအရ ကစားခဲ့ကြတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ခဲ့ပေမဲ့ ၁၇ ရာစုမှာတော့ အပန်းဖြေစရာ ဖျော်ဖြေရေးတစ်ခုလို ကမ္ဘာအနှံ့ လောင်းကစားဂိမ်းကိုခေတ်စားလာခဲ့ကြပါတယ်။

အဲဒီတုန်းက လူတွေဟာ roulette၊ blackjack နဲ့ poker လိုမျိုး ဂိမ်းတွေဆော့ဖို့ saloons shop နဲ့ ကာစီနိုဝိုင်းတွေမှာ စုပြီးကစားကြပါတယ်။ 20 ရာစုနှောင်းပိုင်း အင်တာနက်ပေါ်ထွန်းလာတာကြောင့် လောင်းကစားလုပ်ငန်းကို ပြောင်းလဲစေခဲ့ပြန်ပါတယ်။

ကစားသမားတွေဟာ ကိုယ်ပိုင်အိမ်တွေမှာ သက်တောင့်သက်သာနဲ့ လောင်းကစားခွင့်တွေရရှိခဲ့ပါတယ်။ အင်တာနက်ရဲ့အကျိုးကျေးဇူးကြောင့် လောင်းကစားဂိမ်း ကစားသူဦးရေ သိသိသာသာတိုးလာစေခဲ့ပါတယ်။

သင့်အနေနဲ့ စလော့ဂိမ်း၊ ငါးပစ်ဂိမ်း တွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ကြော်ငြာသဖွယ် ဇာတ်လမ်းတို ပုံစံအမျိုးမျိုးကို တွေ့ဖူးကြမယ်ထင်ပါတယ်။ အဲ့ဒီဂိမ်းတွေဟာ K pay wave pay တို့လို အကောက်များရှိရုံနဲ့တင် လွယ်ကူစွာကစားနိုင်တာဘဲဖြစ်ပါတယ်။

လက်ရှိ ကရင်နီပြည်နယ်မှာဆိုရင်လဲ စလော့ဂိမ်းကို စွဲစွဲလမ်းလမ်းကစား နေသူများတွေ့ရှိရပါတယ်။

အွန်လိုင်းလောင်းကစား ဂိမ်းအမျိုးအစား များစွာရှိတဲ့အနက် ကရင်နီလူငယ်များကြားမှာ စလော့ဂိမ်း၊ ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီး စတဲ့ ကစားနည်းများ ခေတ်စားလာပါတယ်။

အဲဒီဂိမ်းတွေကို ဆော့နေသူ အများစုဟာ ယောင်္ကျားလေး လူလတ်ပိုင်းတွေဖြစ်ပြီး အသက်လေးဆယ်ကျော် သက်ကြီးပိုင်းများလဲပါဝင်ပြီး တစ်ခါတစ်ရံ အမျိုးသမီးတွေကိုလဲ တွေ့ရတတ်ပါသေးတယ်။

ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းမှာ ဆိုရင် အင်တာနက်လိုင်းရရှိတဲ့ နေရာတွေမှာ စလော့ဂိမ်းလာရောက်ကစားနေတဲ့ လူငယ်များစွာတွေ့မြင်နိုင်ပါတယ်။

သူတို့အနားကပ်သွားလိုက်ရင် “တကလင်း တကလင်း” အသံကိုကြားလျှင် အတိအကျပါဘဲ စလော့ဂိမ်းတွေဆော့နေတယ်ဆိုတာပါဘဲ။ အင်တာနက်သုံးသူ ၈၀%လောက်သောသူတွေဟာ အဲ့ဒီအသံနဲ့လွမ်းမိုးနေနိုင်ပါတယ်။

အဲ့ထဲမှ မောင်ငါးကလေးကလဲ သူစလော့ဂိမ်းဆော့ရတဲ့အတွေ့အကြုံကို အခုလိုပြောပြလာပါတယ်။

“သူကစိတ်လှုပ်ရှားမှုတွေအရမ်းပေးတယ်။ သူကဖဲချပ်ပုံစံမျိုးတွေဘဲ ဘယ်ချိန်မှာဘာတွေလာမလဲ။ အပွင့်ကြီးတွေပေးမလား။ သူက Big win တွေ super တွေရှိတယ်။ သူကအကြီးတွေဘဲ ပေးမလားအသေးလေးတွေဘဲ ပေးမလား။ ဒါမှမဟုတ်ရင် ကိုထည့်ထားတဲ့ ပိုက်ဆံတွေပဲကုန်မလားဆိုပြီး စိတ်လှုပ်ရှားမှုတွေပေးတတ်တာပေါ့နော်” လို့ ဆိုပါတယ်။

ခေတ်ပျက်ကြီးလိုဖြစ်နေတဲ့ကာလမှာ ဒီလိုလောင်းကစားဂိမ်း တွေဟာ လူငယ်တွေကြား ရေပန်းစားလာခဲ့ပါတယ်။

အချို့သောလူတွေက အွန်လိုင်းလောင်းကစားဂိမ်းတွေကို အပန်းဖြေရုံမျှ ကစားကြပေမဲ့ အချို့က ဂိမ်းကို စွဲလမ်းစွာ ကစားနေကြတာကို တွေ့ရပါတယ်။

လောင်းကစားဂိမ်းတွေရဲ့ ကောင်းကျိုးဟာ ငွေအမြောက်အများ ရရှိလေမလားဆိုတဲ့ မျော်လင့်ချက်နဲ့ လူတွေကို ဖျော်ဖြေပေးခြင်းပဲဖြစ်ပါတယ်။ စိတ်လှုပ်ရှားစရာတွေလဲပါတယ်။

ဒါပေမဲ့ လောင်းကစားဂိမ်းတွေရဲ့ ဆိုးကျိုးတွေကတော့ ငွေဆုံးရှုံးနိုင်ခြေ မြင့်မားခြင်း၊ စွဲလမ်းခြင်း အလားအလာ၊ လောင်းကစားနဲ့ ဆက်စပ်နေတဲ့ လူမှုရေးဆိုင်ရာ နာမည်ဆိုးတွေ ထွက်နေခြင်းပဲဖြစ်ပါတယ်။

လောင်းကစားဂိမ်းကို ကစားခဲ့ဖူးတဲ့ ငရှုပ် ဆိုသူကလည်း အဲဒီ ဂိမ်းတွေဟာ မူးယစ်ဆေးလို လူကိုစွဲလမ်းစေတယ်လို့ ဆိုပါတယ်။

“အဲ့ဒီဂိမ်းက စွဲလမ်းမှုတစ်ခုပါဘဲ။ ဟိုဘိန်းလိုမျိုး စွဲလမ်းစေတာပေါ့။ အလားကားရတဲ့ ပိုက်ဆံတွေလိုချင်တော့ ရူးသွပ်စေတယ်ပေါ့။ အလုပ်အကိုင်မရှိချင်နေ အဲ့ဂိမ်းဆော့ဖို့ မထိုက်တန်ဘူးပြောရမလား။ အခြားဖုန်းဘေလေးဖြည်လိုက် အခြားစစ်ရှောင်တွေကို ဖုန်းဘေလှူလိုက်ပေါ့” လို့ သူကဆိုပါတယ်။

ငရှုပ်ဟာလဲ အရင်က အွန်လိုင်းလောင်းကစားဂိမ်းကို စွဲလမ်းစွာဆော့ခဲ့ပေမဲ့ အနိုင်မရှိဘဲ ရှုံးတာတွေများလာတာကြောင့် ဆက်မဆော့ဖြစ်တော့ဘူးလို့ ဆိုပါတယ်။

သူရဲ့သူငယ်ချင်းတွေကတော့ စွဲလမ်းစွာ ဆက်ကစားနေဆဲပါ။ ဒါ့အပြင်သူရဲ့သူငယ်ချင်းတွေထဲမှာ ထိုဂိမ်းကစားပြီး ငွေရေးကြေးရေး ပြသနာဖြစ်လာတာတွေ၊ မိသားစုပြသနာတွေ၊ ကား ဆိုင်ကယ်တွေ ရောင်းချရတဲ့ သူတွေလဲ တွေ့မြင်နေရပြီး၊ တစ်ချို့မှာ အကြွေးတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ လူတွေလဲ ရှိတယ်လို့ ဆိုပါတယ်။

ထိုလောင်းကစားဂိမ်းတွေဟာ ဘယ်သူဘယ်နေရာက စတင်လာခဲ့လဲဆိုတာ မေးကြည့်သော်လဲ အဖြေအတိအကျမရလာပါဘူး။ ထိုလောင်းကစားဂိမ်း company တစ်ခုမှာ အလုပ်လုပ်နေတဲ့ အေးဂျင့်တစ်ဦးကို မေးကြည့်တဲ့အခါမှာ ထိုင်းနှင့် တရုတ်နိုင်ငံဘက်က ရောက်လာတာလို့ဆိုပါတယ်။ သူဟာလောင်းကစား company တစ်ခုမှာ ငွေသွင်းငွေထုတ်တာဝန် လုပ်ဆောင်ပေးနေသူတစ်ဦး ဖြစ်ပါတယ်။

ထိုအွန်လိုင်း လောင်းကစားဂိမ်းတွေဟာ ကံစမ်းမဲသဘောသာဖြစ်ပြီး အနိုင်ရနိုင်ခြေ အရမ်းနည်းတယ်လို့ သူကဆိုပါတယ်။

“ကံတရားဘဲပေါ့ သူဟာက၁၀၀ ရာခိုင်နှုန်းမှာ ၁၀ရာခိုင်နှုန်းပဲ နိုင်နိုင်ခြေရှိတာပေါ့။ ဒိုင်က၉၀ရာခိုင်နှုန်း သူစားနိုင်ခြေရှိတယ်၊ အဲ့လိုပုံစံမျိုးပေါ့” ဟုဆိုပါတယ်။

ထို့အပြင် ဂိမ်းကိုထိန်းချုပ်နေတဲ့ အကြီးပိုင်းတွေလဲရှိပြီး ထိုသူတွေက ဂိမ်းဆာဗာကို လိုသလိုထိန်းချုပ်လို့ရတယ်လို့ ဆိုပါတယ်။

“ဆာဗာက အကြီးပိုင်းတွေဘဲ ကိုင်တာလေ ငါတို့အငယ်တွေ ထိန်းချုပ်လို့ မရဘူး။ ငါတို့က ငွေထုတ်ငွေသွင်း၊ ကာစတာမာတွေနဲ့ ဖုန်းပြောတဲ့ အပိုင်းဘဲ လုပ်ရတာ” လို့ သူကဆိုပါတယ်။

ဆိုလိုတာက ဂိမ်းကစားသူရဲ့ အနိုင်အရှုံးကို ဆာဗာကိုင်တဲ့သူတွေက ထိန်းချုပ်ထားတဲ့သဘောပါ။ မြန်မာပြည်မှာ company တွေအများကြီးရှိပြီး အများစုမှာ တာချီလိတ်နှင့် လောက်ကိုင်မြို့တွေဘက်မှာ တည်ရှိနေတယ်လို့ဆိုပါတယ်။

ထိုcompany တွေဟာ ထိုင်းနိုင်ငံမှာ လုပ်ပိုင်ခွင့်မရှိတဲ့အတွက် မြန်မာပြည်ကို ရောက်လာပြီး စစ်ကောင်စီအဖွဲ့တွေနဲ့ လက်ဝါးချင်းရိုက်ပြီး လုပ်စားနေကြတာလို့လဲ သူကဆိုပါတယ်။

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာဆိုရင် လောင်းကစား စွဲလမ်းသူများသာမက ဘိလိယက်ခုံတွေလဲ များပြားလာတာကိုတွေ့မြင်ရပါတယ်။

မည်သို့ပင်ဖြစ်စေကာမှု အွန်လိုင်းလောင်းကစားဂိမ်းများဟာ လူငယ်တွေကို အကျိုးပြုတဲ့အရာတော့ မဟုတ်ပါဘူး။ ထိုဂိမ်းကစားလို့ ချမ်းသာလာတဲ့ သူမတွေ့ဖူးပေမဲ့ ဆင်းရဲမွဲတေသွားတဲ့ သူတွေကိုတော့ မြင်ဖူးကြပါလိမ့်မယ်။

တိုတိုရှင်းရှင်းပြောရရင် မက်ဆေ့ကရှင်းရှင်းလေးပါဘဲ… “လောင်းကစားဂိမ်းမကစားနဲ့”

spot_img
spot_img

Recent posts