spot_img
Friday, September 29, 2023
spot_imgspot_imgspot_imgspot_img

လောပိတတွင် ကိုဗစ် ၁၉ ကြိုတင်ကာကွယ်ရေးလုပ်ဆောင်ရာတွင် လိုအပ်ချက်ရှိနေသေး

Author

Date

Category

မီမြာ၊ ဦးမြာ

ယခုလက်ရှိဖြစ်ပွားနေသာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို ကြိုတင်ကာကွယ်ဖို့အတွက် လွိုင်ကော်မြို့နယ်ရှိ လောပိတဘက်မှာ လောပိတဖောင်ဒေးရှင်းအဖွဲ့နှင့် ကျေးရွာနေသူများက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာမှာ လိုအပ်ချက်တွေရှိနေသေးတယ်လို့ သိရပါတယ်။

ခုလိုလုပ်ဆောင်ရာမှာ Mask တွေ PPE ဝတ်စုံတွေလိုအပ်နေသေးတယ်လို့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွင် ပါဝင်ကူညီပေးနေတဲ့ လောပိသဒေသခံ ဦးမြင့်မောင်မောင် ကပြောပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ COVID-19နှင့် ပတ်သက်ပြီး ထုတ်ဝေထားတဲ့ အသိပညာပေးလက်ကမ်း စာဆောင်တွေကို လောပိတဖောင်ဒေးရှင်းမှ ဖြန့်ဝေပေးနေစဉ်။ ဓါတ်ပုံ – Kayah Lay Loikaw Facebook

ကာကွယ်ရေးပစ္စည်းတွေဘာမှ မရှိသေးဘူး ဆေးရုံမှာရော ကူညီနေတဲ့ လူမှုအသင်းအဖွဲ့တွေမှာရော
အခုက ပရဟိတအဖွဲ့တွေနဲ့ပေါင်းပြီး လုပ်နေတာ။ လို့ သူကဆက်ပြောပါတယ်။

အခုလက်ရှိလောပိတမှာ PPE ဝတ်စုံနှစ်စုံရှိပြီဖြစ်ပြီး ငါးစုံလောက်ရှိရင်လုံလောက်နိုင်တယ်လို့လည်း ပြောပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆေးနှင့်ဆေးပစ္စည်းဖြန့်ဖြူးမှု များပြုလုပ်နေပြီး မနေ့က ကယားပြည်နယ်ကို PPE ဝတ္စုံ ၃၀၀ ပေးလိုက်တယ်လို့သိရပါတယ်။

လောပိတမှာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို လက်ကမ်းစာစောင်ဝေခြင်း၊ ဗီနိုင်းလိုက်ကပ်ခြင်း၊ ညချိန်တွင်ကားနဲ့လိုက်ပြီး ဟောပြောခြင်းများကို ပြုလုပ်တာ ခုနစ်ရက်ရှိပြီဖြစ်ပါတယ်။

ကယားပြည်နယ်တွင်း ပြည်ပမှဝင်ရောက်လာတဲ့ သူတြကို Facility Quarantine ဆောင်ရွက်ထားပြီး မတ္လ ၃၁ ရက်နေ့ထိ တော့ ၅၈၄
ယောက်ရှိနေပါတယ်။

မြန်မာနိုင်ငံမှာနော့ ကိုရိုနာဗိုင်းရပ်စ် ပိုးကိုပြီးခဲ့တဲ့အပတ်ကစတင်တွေ့ရှိခဲ့ပြီး ခုချိန်မှာတော့ပိုးတွေ့ရှိသူ၁၄ဦးရှိသွားပါပြီ။

ဒီနေ့မှာဘဲ ပိုးတွေ့ရှိသူ ၅ယောက်မြောက်လူနာ ဟာ ကင်ဆာရောဂါအခံလည်း နေတာကြောင့် သေဆုံးသွားပြီဖြစ်ပါတယ်။

Recent posts