spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ သဘောတူထားသည့်အတိုင်း တွေ့ဆုံညှိနှိုင်းမှုမပြုလုပ်နိုင်သေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဧပြီလအတွင်း ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ ပတ်သက်ပြီး လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှု ပြန်လည် ပြုလုပ်ရန် သဘောတူညီချက်အတိုင်း ယခုအချိန်ထိ မတွေ့ဆုံနိုင်သေးကြောင်း ကရင်နီလူငယ် အင်းအားစု ခူးရီးရယ် က ပြောပါသည်။

“ကျတော်တို့လူငယ်ဖက်ကတော့ အဆင်သင့်ရှိနေပါတယ်။ ပြီးလို့ရှိရင်လည်း ဆွေးနွေးကြမယ်ဆိုတော့လည်း ကျတော်တို့လည်း အကုန်လုံးပြင်ဆင်ထားပါတယ်။ သို့သော်လည်း NRPC ဖက်ကနေမှ သူက တိကျတဲ့ဒိတ်တွေ ပြန်လည်ပြီးမှ သတ်မှတ်ပေးတာမျိုးမရှိသလို တိတိကျက တုန့်ပြန်မှုလည်း အခုချိန်ထိ တစ်စုံတစ်ရာ မလုပ်သေးတဲ့အတွက်ကြောင့်မို့လို့ ဆွေးနွေးပွဲ ခုထိ မဖြစ်သေးတဲ့ ကိစ္စဖြစ်တယ်ပေါ့။ အဓိက အကြောင်းအရင်း အဲဒါပါပဲ” ဟု ခူးရီးရယ်က ပြောသည်။

မတ်လ ၂ဝရက်နေ့က ပြုလုပ်ခဲ့သည့် ငါးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကိစ္စဖြေရှင်းရေး ညှိနှိုင်းအစည်းအဝေးတွင် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ဧပြီလအတွင်းတွင် ပြုလုပ်ရန် သဘောတူညီခဲ့ကြသည်။

မတ်လ ၂ဝ ရက်နေ့ ဆွေးနွေးပွဲတွင် ကယားပြည်နယ်ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှို ဦးဆောင်တဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ ၄ ဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ဦးဆောင်တဲ့ NRPC ကိုယ်စားလှယ်အဖွဲ့ ၄ ဦး၊ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီမှ ကိုယ်စားလှယ် ၅ ဦး၊ ကရင်နီပြည်လူငယ်အင်အားစုသပိတ်ကော်မတီမှ ကိုယ်စားလှယ် ရ ဦး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ မှ ကိုယ်စားလှယ် ၄ ဦး ဆိုပြီး ငါးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်သည်။

ဧပြီလအတွင်း တွေ့ဆုံဆွေးနွေးမှု မဖြစ်တဲ့အကြောင်းအရင်းကို NRPC ကိုယ်စားလှယ် ဦးဇော်ဌေးနှင့် ကယားပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ကို ကန္တာရဝတီတိုင်းမ်က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ဖို့ ကြိုးစားခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

မတ်လ ၂ဝ ရက်နေ့က အဆိုပြုချက်အရ ပြည်နယ်အစိုးရအဖွဲ့မှ ဗိုလ်ချုပ်ကြေးရုပ်ကို လက်ရှိအတိုင်း ထားရှိမှာဖြစ်ပြီး ယင်းနေရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကတိကဝတ်၊ ပင်လုံစာချုပ်ပါအချက်တွေကို နှစ်ဖက် ညှိနှိုင်းပြီး ကမ္ပည်းကျောက်စာထားရှိမှာ ဖြစ်သလို ကရင်နီတိုင်းရင်းသား ခေါင်းဆောင်တစ်ဦး၏ ရုပ်တုကိုလည်း ထားရှိမည်ဟု ဆွေးနွေးခဲ့ကြသည်။

ကရင်နီပြည်လူငယ်များအင်အားစု ၏အဆိုအရ ဗိုလ်ချုပ်ကြေးရုပ်တုကို ပြည်နယ်ပြင်ပသို့ ရွှေ့ပြောင်းပေးရန်နှင့် အများနှင့် မသက်ဆိုင်သော နေရာတွင် ထားရန် ဆွေးနွေးခဲ့သည်။

spot_img
spot_img

Recent posts