spot_imgspot_imgspot_imgspot_img
Thursday, March 20, 2025
spot_imgspot_imgspot_imgspot_img

လွတ်မြောက်နေတဲ့ စစ်ကောင်စီလေယာဉ်မှူးတစ်ဦးကို ၉ရက်အကြာမှာ ဖမ်းဆီးမိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

(၁၁.၁၁) စစ်ဆင်ရေး စတင်တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ တိုက်ပွဲအတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီရဲ့ K-8 အမျိုးအစား တိုက်လေယာဉ်တစ်စီး ပျက်ကျသွားခဲ့ပြီးနောက် လေထီးနဲ့ခုန်ဆင်းကာ လွတ်မြောက်သွားခဲ့တဲ့ လေယာဉ်မှူးနှစ်ဦး အနက် တစ်ဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG)က ဒီကနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးမိသူတစ်ဦးမှာ စစ်တက္ကသိုလ် အပတ်စဉ် ၄၄ တက်ရောက်ခဲ့သူ ဗိုလ်မှူး ခိုင်သန့်မိုး ဖြစ်တယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၁၉ရက်နေ့ နေ့လည် ၂ နာရီအချိန်မှာ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ နေပြည်တော် တိုင်းစစ်ဌာနလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ KNDF နှင့် KA တပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်း ရှာဖွေ ဖမ်းဆီး နိုင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါ တိုက်လေယာဉ်တစ်စီးကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်က ဝိုင်းဝန်းပစ်ချခဲ့တာဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က စစ်ဆင်ရေးစတင်တဲ့နေ့မှာ ထုတ်ဖော်ပြောထားပါတယ်။

အဲ့ဒီလေယာဉ်ဟာ ပျက်ကျပြီးနောက် လေယာဉ်ပေါ်က လေယာဉ်မှူးနှစ်ဦးဟာ လေထီးတွေနဲ့ ခုန်ဆင်းခဲ့ပြီး ဖရူဆိုမြို့နယ်အတွင်း နယ်မြေတစ်နေရာမှာ ၎င်းတို့ဝတ်ဆင်ခဲ့တဲ့ လေထီးပစ္စည်းတွေကို ပူးပေါင်းတပ်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ နောက်တစ်နေ့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာတော့ ပစ်ချခံရတဲ့ တိုက်လေယာဉ်ရဲ့ အပိုင်းအစတွေကို ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၊ ကမာဒီပိုလီရွာ နဲ့ မရောပိုလီ ရွာကြား တောင်ယာတဲအနီးမှာ တွေ့ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်လေယာဉ်တစ်စီးပျက်ကျတာနဲ့ပတ်သက်ပြီး ပစ်ချခံရတာ မဟုတ်ဘဲ စက်ချို့ယွင်းမှုကြောင့် ပျက်ကျသွားတာဖြစ်တယ်လို့ စစ်ကောင်စီကတော့ တန်ပြန်ပြောဆိုထားပြီးနောက်ပိုင်းမှာတော့ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

spot_img
spot_img
spot_img

Recent posts