spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွတ်လပ်စွာပညာသင်ကြားခွင့် အပြည့်အဝမရရှိတဲ့ ကရင်နီစစ်ဘေးရှောင်ကလေးများ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ အောက်တိုဘာလ ၅ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ( ILO ) နဲ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ ( UNESCO ) တို့ရဲ့ ထောက်ခံတင်ပြချက်ကို အတည်ပြုလက်မှတ်ရေးထိုးတဲ့ ကမ္ဘာ့ဆရာများနေ့ ဖြစ်ပါတယ်။

လွတ်လပ်စွာသင်ကြားခွင့်ဟာ ကမ္ဘာ့ဆရာများနေ့ကို ကျင်းပရတဲ့ အကြောင်းအရင်းထဲက တစ်ချက်ဖြစ်ပြီး တိုက်ပွဲနေ့စဉ်ရက်ဆက်ဖြစ်ပွားနေတဲ့ ကရင်နီပြည်တွင်းက စစ်ဘေးရှောင်စာသင်ကျောင်းမှာတော့ အဲ့ဒီအခွင့်အရေးကို မရရှိကြပါဘူး။

ကရင်နီပြည် ဒီးမော့ဆို မြို့နယ် မှာရှိတဲ့ စစ်ဘေးရှောင် စာသင်ကျောင်းတွင်းက ကျောင်းသား၊ကျောင်းသူတွေနဲ့ ဆရာ၊ဆရာမတွေဟာ စာသင်ချိန်တွေမှာ လက်နက်ကြီးပစ်ခတ်သံတွေကြောင့် စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

စစ်ရှောင်စခန်းမှာ စာသင်နေတုန်း လက်နက်ကြီးကျရောက်တာတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဆရာမတစ်ဦးက သူ့ရဲ့စိုးရိမ်စိတ်ကို အခုလို ပြောပြပါတယ်။

ဓာတ်ပုံ – အောက်တိုဘာလ ၅ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ကို ကျင်းပပြုလုပ်နေကြစဉ်။

“ အဓိက ပြည်သူကို ပစ်မှတ်ထားသလိုမျိုး ပုံစံဖြစ်နေတယ်ပေါ့နော။ ဒီစစ်ကောင်စီရဲ့ သူတို့ရဲ့ လုပ်ရပ်တွေဟာဆိုလို့ရှိရင် ပြည်သူတွေကိုပဲ အဓိက ထားပြီး တိုက်ခိုက်နေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ အဓိက သူတို့တွေ စစ်ရှောင်စခန်းတွေကို Target (ပစ်မှတ်) ထားပြီး တိုက်နေသလို စာသင်ကျောင်း တွေကိုလည်း အဓိက Target (ပစ်မှတ်) ထားပြီး တိုက်ခိုက်နေသလို ပစ်မှတ်ထားပြီးတော့ သူတို့တွေ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေသလို ခံစားရတယ်ပေါ့နော။ ” လို့ ဆရာမတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးကျရောက်မှုရှိတာကြောင့် စစ်ဘေးရှောင်စခန်းမှာ စာသင်ကျောင်းတွေကို နေ့တစ်ပိုင်းသာ ဖွင့်လှစ်နေရတဲ့ကျောင်းရှိပြီး ကလေးကျောင်းပို့ဖို့လည်း မိဘတွေက စိုးရိမ်ပူပန်မှုရှိကြပါတယ်။

ပြီးခဲ့တဲ့ လအတွင်းက စာသင်ကျောင်းနား လက်နက်ကြီးကျရောက်ခဲ့တာကြောင့် ဆရာမတွေက ကလေးတွေကို စာဆက်မသင်ပဲ ပြန်လွတ်လိုက်ရတာတွေ၊ အခြေအနေငြိမ်မှသာ ကျောင်းပြန်တက်ခိုင်းတာတွေရှိတယ်လို့ ကျောင်းသားမိခင်တစ်ဦးက ပြောပါတယ်။

“ ၂ရက် ၃ရက်လောက် ပြန်နားပြီးတော့ အခြေအနေပြန်ကြည့်ပြီးတော့ နည်းနည်းငြိမ်တယ် ပြောမှပဲ ကလေးတွေ ကျောင်းပြန်တက်ခိုင်းတယ်ပေါ့။ အဲ့တစ်ခေါက်ကဆို ကလေးတွေ တအားလန့်ပြီးတော့ အကုန်လုံးငိုကြတယ်ပေါ့။ အိမ်ပြန်ရောက်လည်း ငိုတယ်။ ကလေးတွေက အထိတ်တလန့် တအားဖြစ်တော့လေ။ ကြောက်စိတ်တွေ တအားဝင်သွားတယ်လေသူတို့။” လို့ ကျောင်းသားမိခင်တစ်ဦးက ပြောပြပါတယ်။

စာသင်ကျောင်းတွေ ပစ်မှတ်ထားတိုက်ခိုက်ခံရတာဟာ စစ်ကောင်စီကနေ အကြမ်းဖက်မှု လုပ်ဆောင်နေတာဖြစ်တယ်လို့ ကရင်နီပြည် ပညာရေးဝန်ကြီးဌာန ဝန်ကြီး ခူးပလုရယ်က ပြောပါတယ်။

“စစ်ကောင်စီကတော့ အကြမ်းဖက်မှုလုပ်ငန်းမျိုးစုံကို လုပ်နေတာကျနော်တို့ တွေ့ရတယ်။ ပညာရေး၊ ကျန်းမာရေးဆိုတာက လူ့အခွင့်အရေးရှုထောင့်ကနေကြည့်မယ်ဆိုရင်တော့ ဒီလိုမျိုး မလုပ်သင့်ပါဘူး။ ဒါအကြမ်းဖက်မှုလုပ်ငန်းတွေကို လုပ်နေတာပဲလို့ ဒါကျနော်တို့ ပြောရမှာပဲ။ ပညာတော့ ကျနော်တို့ လွတ်လွတ်လပ်လပ်သင်ကြားခွင့်ရှိရပါမယ်။ ဒါကမ္ဘာ့ကုလသမဂ္ဂရဲ့ ကြေညာစာတမ်းမှာ လူတစ်ဦးရဲ့ ပညာသင်ကြားခွင့်၊ အသက်ရှင်ခွင့် ဆိုတာ ကျနော်တို့ ရှိနေရပါမယ်။ ပြောချင်တာကတော့ စစ်ကောင်စီကတော့ အကြမ်းဖက်မှုလုပ်ရပ်တွေကို နည်းမျိုးစုံ ကျနော်တို့ကို လုပ်နေတယ်လို့ပဲ ကျနော်ကတော့ ပြောလိုပါတယ်။” လို့ ခူးပလုရယ်က ပြောပါတယ်။

လက်ရှိ ကရင်နီပြည်မှာ မြေပြင်ပြည်သူအခြေပြု ကြားကာလပညာရေးကျောင်းပေါင်း ၃၀၀နီးပါးရှိတယ်လို့ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများ သမဂ္ဂက ထုတ်
ပြန်ထားတာရှိပါတယ်။
စာသင်ကြားပေးတဲ့ ဆရာဆရာမတွေ ကတော့ အများစုဟာ စေတနာ့ဝန်ထမ်းတွေဖြစ်ပြီး ထောက်ပံ့ကြေးပုံမှန်မရကြဘူးလို့သိရပါတယ်။
ဒါ့အပြင် တချို့ စာသင်ကျောင်းတွေမှာ စာသင်ကြားပေးတဲ့ ဆရာဆရာမ လိုအပ်နေတာတွေလည်းရှိနေပါတယ်။

ဓာတ်ပုံ – အောက်တိုဘာလ ၅ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ကို ကျင်းပပြုလုပ်နေကြစဉ်။

ပညာသင်ကြားခွင့်ရရှိဖို့ ဆရာ၊ ဆရာမဟာ မရှိမဖြစ်လိုအပ်တယ်လို့ ကရင်နီ အမှတ် ( ၁ ) ဒုက္ခသည်စခန်းက Karenni national collage ( KnNC ) ပထမနှစ် ကျောင်းသူ မော်တီမိုးက ပြောပါတယ်။

“ဆရာ၊ ဆရာမတွေဆိုတာ ကျမတို့ကို အသိပညာတွေသင်ပေးတယ်။ ကျမတို့ ကျောင်းတက်တယ်ဆိုတာက အသိပညာတွေတိုးလာတယ်။ ဆရာ၊ဆရာမတို့ မရှိဘူးဆိုရင် ကျမတို့ အသိပညာတွေက မရရှိလာနိုင်ဘူး။ ဘာမှကို မသိရှိလာနိုင်ဘူး။ သူတို့က ကျမတို့ကို အလင်းပြပေးတယ်။ ပြီးတော့ လမ်းညွှန်ပေးတယ်။” လို့ မော်တီမိုးက ပြောပါတယ်။

လွတ်လပ်စွာပညာသင်ကြားခွင့် ဆုံးရှုံးနေတဲ့ ကရင်နီပြည်တွင်းက စစ်ဘေးရှောင်စခန်းက ကလေးတွေ ၊ လက်နက်ကြီးကျရောက်တဲ့ကျေးရွာက ကလေးတွေ ပညာရေးအဆက်မပြတ်ဖို့ ပညာရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေအပြင် လူမှုအသင်းအဖွဲ့ တချို့က နည်းမျိုးစုံနဲ့ ပညာသင်ကြားပေးနေပါတယ်။

ဒီကနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့မှာ အန္တာရာယ်မျိုးစုံကြားထဲက ပညာသင်ကြားပေးနေတဲ့ ဆရာ၊ဆရာမတွေကို ဂုဏ်ပြုတဲ့အနေနဲ့ “ ပညာရေးပြုပြင်ပြောင်းလဲမှု ဆရာများနှင့်အစပြု” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကရင်နီပြည်နေရာတချို့တွေမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

spot_img
spot_img

Recent posts