spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိင်ကော်မြို့ အတွင်း ဌာနဆိုင်ရာရုံးများ ပြန်လည်ပတ်နိုင် စစ်ကောင်စီ ကြိုးစားနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

၁၁၁၁ စစ်ဆင်နောက်ပိုင်း မြို့ရဲ့ ၇၀ ရာခိုင်နှုန်းခန့် ပျက်စီးနေတဲ့ ကရင်နီပြည်ရဲ့ မြို့တော်လွိုင်ကော်မှာ အစိုးရရုံးတွေ ပြန်လည် လည်ပတ်နိုင်ဖို့ စစ်ကောင်စီကကြိုးစားနေတယ်လို့ မြို့ခံ တွေဆီကနေသိရပါတယ်။

၁၁၁၁ စစ်ဆင်ရေး စတင်ပြီး ၅ လအကြာမှာ အခုလို ကြိုးပမ်းလာတာဖြစ်ပါတယ်။

“ခရိုင်မှူးတွေ ပြည်နယ်မှုးတွေကိုတော့ ၆လ ပိုင်းနောက်ဆုံး ထားပြီး လွိင်ကော်မြိုတွင်း ပြန်လာရန်ညွှန်းကြားထားတယ်။ သူတိုရဲ့ လုံခြုံရေးကိုလည်း တာဝန်ယူတယ်ပေါ့ ။ ကျန်ဝန်ထမ်း တွေကိုတော့ တရားဝင်ခေါ်တာမျိုး မတွေ့ ရသေးဘူး ။ကျောင်း ဆရာမတွေကို လည်း ပြန်ခေါ်မယ်ကြားတယ်။”လို့ အမည်မဖော်လိုသူ Non-CDM ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

ဌာနဆိုင်ရာအကြီးပိုင်းတွေကိုတော့ ပြည်နယ်ခန်းမမှာ အလုပ်လုပ်ဖို့ စီစဥ်ပေးထားတယ်လို့ သိရှိရပြီး ကျန်ရှိနေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဆက်လက်ခေါ်ယူဖို့ရှိနေတယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့ပေါ်က အထက ( ၇ ) ကျောင်းကိုလည်း ဖွင့်လှစ်သွားဖို့ စစ်ကောင်စီ ပြင်ဆင်နေတယ်လို့လည်း လွိုင်ကော်မြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“ကျောင်းဖွင့် ဖို့က မဖြစ်နိုင်ဘူးထင်တယ် ။ ကလေးတွေလည်း မရှိသလို ကျမ တို့လည်း ပြန်မသွား ရဲဘူးလေ ။ နောက် စိတ်ချရတဲ့ အခြေနေ လိုလည်း မမြင်မိဘူးကော ။ တကယ်လို အတင်းခေါ် ရင်တော့လည်း အလုပ်ကထွက် ပြီးအခြား အလုပ်တစ်ခု ရှာဖိုပဲရှိတော့တယ်။”လို့ Non-CDM ကျောင်းဆရာမ တစ်ဦးက ဆိုပါတယ်။

သင်္ကြန်ကာလအပြီးမှာတော့ မြို့တွင်းက အချို့နေရာတွေမှာ MPT ဖုန်းလိုင်းတွေ ပြန်လည်ရရှိနေပြီဖြစ်သလို လျှပ်စီးမီးတွေ ပြန်လည် ရရှိဖို့ ကို စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက တောင်ကြီးမြို့ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းကနေ စစ်ဘေးရှောင် အချို့ ကို အစည်းဝေးခေါ်ပြီး လွိုင်ကော်မြို့ကို စည်းစည်း လုံးလုံး ပြန်လည်ဝင်ရောက်ကြရန် တိုက်တွန်း တယ်လို့လည်း သိရပါတယ် ။

“အစည်းဝေးခေါ်တာတော့ သင်္ကြန်မတိုင်ခင်က ၊ အားလုံး စုစု စည်းစည်း ပြန်ဝင် သင့်ကြောင်းခေါ်ပြောတာပါ ။ နေစရာ အိမ်မှ မရှိတာ ဘယ်လို ပြန်ရမလဲ ။ နောက် မိုင်းတွေ ကရှင်းထားလားမရှင်းထားလည်း မသိဘူးလေ “လို့ အသက် ၇၀အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

ကယားပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့ ဌာနဆိုင်ရာ လုပ်ငန်းညှိ့နှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံးခန်းမမှာ ဧပြီလ ၂၄ရက်နေ့က ပြုလုပ်ခဲ့ကြတယ်လို့ စစ်ကောင်စီပိုင် MRTV သတင်းဌာနကနေ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts