spot_imgspot_imgspot_imgspot_img
Thursday, March 27, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်ကနေ စစ်ဘေးတိမ်းရှောင်သွားတဲ့ ကလေးငယ်တစ်ဦး ကားကြိတ်ခံရပြီး ဆေးကုသစရိတ် ခက်ခဲနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့တွင်း တိုက်ပွဲကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ဖက်ကို စစ်ဘေးတိမ်းရှောင်သွားတဲ့ မိသားစုတစ်စုမှ ကလေးငယ်တစ်ဦးမှာ ကားကြိတ်ခံရပြီး လက်ရှိမှာ ဆေးဝါးကုသစားရိတ်အတွက် ခက်ခဲနေတယ်လို့ သိရပါတယ်။

“ဆေးကုသမှု အခက်အခဲကတော့ ရှိတာပေါ့ဗျား။ အလုပ်မှ မရှိတာ။ အလုပ်မရှိတော့ ဒီအတိုင်း အသိနားတွေကနေ ချေးပြီးတော့ သုံးနေရတာပေါ့။” လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

ဒီဇင်ဘာ ၇ ရက်နေ့က သမီးဖြစ်သူမှာ မိခင်ဖြစ်သူနဲ့အတူ ဆီဆိုင်စျေးကို စျေးဝယ်ဖို့ သွားနေစဉ်မှာ သမီးဖြစ်သူမှ ကားတစ်စီးနဲ့ မတော်တဆချိတ်မိပြီး ချော်လဲသွားတဲ့အချိန်မှာ ကားကဝမ်းဗိုက်ကို တက်ကြိတ်မိသွားတာ ဖြစ်တယ်လို့ ဖခင်ဖြစ်သူက ရှင်းပြပါတယ်။

လက်ရှိမှာတော့ သမီးဖြစ်သူမှာ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှာ ခွဲစိတ်ကုသမှုခံယူနေတယ်လို့ သိရပါတယ်။

“ဆီဆိုင်စျေးမှာ စျေးသွားဝယ်ရင်းနဲ့ ကလေးက ချော်လဲသွားတာ၊ ကားက အနောက်လာနေတာ မသိဘူးထင်တယ်။ ကားက သူ့ကို တက်ကြိတ်သွားတာ။ ခွဲစိတ်ထားတယ်။ ဗိုက်ကို တက်ကြိတ်ထားတာ။ ဗိုက်ကို ခွဲစိတ်ထားတယ်။” လို့ ဖခင်ဖြစ်သူက ဆက်ပြောပါတယ်။

စစ်ဘေးရှောင်နေရတဲ့အပြင် စျေးကုသစရိတ်အလွန်ခက်ခဲနေတာကြောင့် တက်ကြိတ်မိသွားတဲ့ ကားမှယာဉ်မောင်းကနေ ဆက်သွယ်လာပေးဖို့ကို မိခင်ဖြစ်သူက လူမှုကွန်ယက်စာမျက်နှာမှာ အသိပေးအကူအညီတောင်းထားတာ ဖြစ်ပေမယ့် ယနေ့အချိန်ထိ ဆက်သွယ်လာတာ မရှိသေးဘူးလို့ ဖခင်ဖြစ်သူက ပြောပါတယ်။

“ကျနော်တို့က ကယားပြည်နယ်သားဘဲ။ စစ်ရှောင်တာ တစ်လခွဲလောက်ဘဲ ရှိသေးတယ်။ ဘာမှ မသယ်ရဘူးလေ။ စစ်ရှောင်တာ စောင်၊ ခေါင်းအုံး၊ အဝတ်အထည် အဲ့လောက်ဘဲ ရတာ။ ဆိုင်ကယ်နဲ့ဆိုတော့ မနိုင်ဘူးလေ။ ဘာမှမပါဘူး။” လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

ကရင်နီပြည်၊ လွိုင်ကော်မြို့ကနေ စစ်ဘေးတိမ်းရှောင်လာတာဖြစ်ပြီး ဆီဆိုင်မြို့အတွင်းက ဥတ္တရုံဘုန်းကြီးကျောင်းတိုက်မှာ နေထိုင်နေပြီး အထောက်အပံ့လည်း မရရှိသေးတာကြောင့် စားနပ်ရိက္ခာအတွက်ပါ ရှာဖွေစားသောက်နေရသလို သမီးဖြစ်သူရဲ့ ဆေးကုစရိတ်မှာအတွက်လည်း ချေးငှားသုံးစွဲနေရတယ်လို့ သိရပါတယ်။

ခွဲစိတ်ကုသမှု ခံယူနေရတဲ့ မိသားစုအတွက် ဆက်သွယ်လှူဒါန်းလိုသူများအနေနဲ့ 09662065115 သို့ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ဖခင်ဖြစ်သူက အသိပေးထားပါတယ်။

spot_img
spot_img
spot_img

Recent posts