spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်က စစ်ရှောင်လူထုတွေတွေ ပအိုဝ်းအခြေပြုဒေသမှာ လာရောက်ခိုလှုံနိုင်ကြောင်း PNLO အသိပေး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့ပေါ် တိုက်ပွဲတွေ ပြင်းထန်လာတဲ့နောက်ပိုင်းမှာ ဘေးလွတ်ရာကို တိမ်းရှောင်လာကြတဲ့ လွိုင်ကော်က စစ်ရှောင်လူထုတွေ အနေနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ရဲ့ အခြေပြုဒေသတွေမှာ လာရောက်ခိုလှုံနိုင်ကြောင်းကို ဒီကနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် က အသိပေး ထုတ်ပြန်ထားပါတယ်။   

လွိုင်ကော်က တိမ်းရှောင်လာတဲ့ စစ်ရှောင်တွေကို ရှမ်းပြည်နယ်တချို့ဒေသမှာ လက်မခံကြတာကြောင့် ပအိုဝ်း အခြေပြုဒေသမှာ လာရောက်ခိုလှုံနိုင်ကြောင်းကို ထုတ်ပြန်ရေးသားရခြင်းဖြစ်တယ်လို့ ပအိုဝ်း ဗဟို ဒေသန္တာရ အုပ်ချုပ်ရေး ဌာန ဒု-ဗိုလ်မှူးကြီး ခွန်အာဠာရ က ကန္တရဝတီတိုင်း(မ်) ကို‌ ပပြောပါတယ်။

“ကျနော်တို့ အခြေပြုဒေသဆိုတာက  ဘားမက် ဖက်မှာပေါ့နော်။  အရင်က ကျနော်တို့ စစ်ရှောင်တွေ လာခိုလှုံခဲ့ဖူး တဲ့ နေရာပေါ့ အဲ့ဒီနေရာတွေကို လာခိုလှုံလို့  ရပါတယ်။ ဒီမှာက သူတို့ ပျော်သလောက်ပေါ့။ တစ်ချို့ကလည်း အရင်က အိမ်ထောင်စု ၄၀ ကျော် ဒီဘားမက်ဖက်မှာ လာခိုလှုံပါတယ်။ သူတို့ လူအားဖြင့်တော့ ၁၀၀ကျော်ပေါ့။ နောက်ပိုင်း စိတ်နည်းနည်းအေးတဲ့အချိန်ကျတော့ သူတို့ ဟိုဖက်ကို ပြန်သွားတာရှိတယ်။ တစ်ချို့ကလည်း သားသမီးရဲ့ ပညာရေး အတွက်ဆိုပြီးတော့မှ တခြားနေရာ ပြောင်းသွားတာတွေ ရှိတယ်။ အခုလက်ရှိကလည်း ၁၃ အိမ်ထောင်စုလောက်တော့ ရှိမှာ ပေါ့။ အချင်းချင်း ဆက်သွယ်လာလို့ ရတယ်။ ဒါမှမဟုတ် ကျနော်တို့ ပေးထားတဲ့ ဖုန်းနံပါတ်တွေလည်း ဆက်သွယ်လာလို့ ရပါတယ်။” လို့ ပအိုဝ်း ဗဟို ဒေသန္တာရ အုပ်ချုပ်ရေး ဌာန ဒု-ဗိုလ်မှူးကြီး ခွန်အာဠာရ က ကန္တရဝတီတိုင်း(မ်) ကို‌ပြောပါတယ်။

လာရောက်ခိုလှုံတဲ့ စစ်ရှောင်တွေအတွက် လုံခြုံရေး၊ စားဝတ်နေရေးနဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီ တွေကို လုပ်ဆောင်ပေးနိုင်ဖို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေလည်း ဖွဲ့စည်းထားတာရှိတယ်လို့ သိရပါတယ်။

ဒေသခံပအိုဝ်းပြည်သူတွေအနေနဲ့လည်း ပအိုဝ်းဒေသကိုရောက်ရှိလာတဲ့ စစ်ရှောင်တွေကို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ဝိုင်း၀န်းကူညီပေးကြဖို့ကိုလည်း  PNLO က တိုက်တွန်းထားပါတယ်။

spot_img
spot_img