spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်က နေအိမ်ပစ္စည်း ပြန်သယ်ချင်တဲ့ပြည်သူတွေကို စစ်ဆေးမေးမြန်းမှုပြုလုပ်ပြီး ပြန်သယ်ခွင့်ပေးနေတယ်လို့ KNDF ဒု-စစ်ဦးစစ်ချုပ် မာဝီ ဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်မှာ ၁လေးလုံး စစ်ဆင်ရေး ရှိနေဆဲဖြစ်ပေမဲ့ တိုက်ပွဲဖြစ်ပွားရာနဲ့ အလှမ်းဝေးတဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ နေအိမ်ပြန်ပြီး ပစ္စည်းသယ်ယူဖို့ကို စစ်ဆေးမှုပြုလုပ်ပြီး ခွင့်ပြုပေးနေတာရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေး (KNDF) ဒု-စစ်ဦးစစ်ချုပ် မာဝီက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ယုံကြည်ရတဲ့ လူတချို့ ၊ ပိုင်ရှင်မှန်တဲ့ လူတချို့တွေက ပစ္စည်း သယ်ချင်တဲ့ လူတွေကို နည်းနည်း ပြန်ခွင့်ပြုတာတွေရှိတယ်။ ဒေသခံတွေရဲ့ အိုးအိမ်တွေကတော့ သူ့ပိုင်ရှင်မှန်တယ်ဆိုရင် ကျနော်တို့ ပြန်ကြည့်ခွင့်ပေးတယ်။ ကျနော်တို့ ပြန်ကြည့်ချင်တယ်ဆိုရင် ကျနော်တို့ စီစဥ် ပေးတာတွေတော့ ရှိပါတယ်။ သို့သော် ေ-ွး (စစ်ကောင်စီ)နဲ့ အရမ်းကပ်တဲ့ နေရာမျိုးမှာဆို ကျနော်တို့ သွားလာဖို့ ပိတ်ပင်တာရှိတယ်။ ဘာလို့ဆို ဘယ်နားကနေ ကိုယ့်ကိုလှမ်းပစ်မှန်းမသိတဲ့အနေအထားမှာရှိတော့ ပစ္စည်း ဥစ္စာ တွေထက် အသက်ကတော့ ပိုတန်ဖိုးရှိတာပေါ့လေနော်” လို့ KNDF ရဲ့ ဒု-စစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။

နေအိမ်ပြန်ကြည့်ချင်တဲ့ ပြည်သူတွေကို ပိုင်ရှင်အမှန် ဟုတ်၊ မဟုတ် စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်တဲ့အပြင် စစ်ကောင်စီတပ်စခန်းတွေနဲ့ အလှမ်းဝေးပြီး လုံခြုံနိုင်မယ့် နေရာတွေကိုသာ ပြန်ခွင့်ပေးတယ်လို့ ဆိုထားပါတယ်။

ပြည်သူတွေရဲ့ပစ္စည်းဥစ္စာတွေကိုထိန်းသိမ်းနိုင်ဖို့ မြို့၊ ရပ်ကွက်စောင့်ရှောက်ရေး အဖွဲ့တွေ ဖွဲ့စည်းထားတာရှိသလို ပိုင်ရှင်ဖြစ်ကြောင်း စစ်ဆေးမေးမြန်းမှုတွေကို လုပ်ကိုင်ဆောင်ရွက်ပေးနေတာကြောင့် ပြည်သူတွေအနေနဲ့ ဆက်လက် တောင့်ခံထားပေးဖို့ကိုလည်း KNDF ဒုစစ်ဦးစီးချုပ် မာဝီက ဆိုပါတယ်။

လက်တလောမှာတော့ လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲ ဖြစ်ပွားတာမျိုးမရှိပေမဲ့ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးပစ်ခတ်တာတွေ၊ ဒရုန်းဗုံးသီးအသုံးပြုပြီး ကြဲတာတွေကို နေ့စဉ်နဲ့အမျှ လုပ်ဆောင်နေတာရှိတယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

spot_img
spot_img

Recent posts