spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်စစ်အာဏာရှင်ဆန့်ကျင်တဲ့သပိတ်မှာ စစ်တပ်နဲ့ ပြည်သူ အချင်းချင်းစည်းတွေတားကြ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်တပ်တွေ လုံခြုံရေးယူထားတဲ့ မြန်မာ့စီးပွားရေးဘဏ်ရှေ့လမ်းမပေါ်မှာ စည်ပိုင်းတွေပိတ်ဆို့ထား သလို ဆန္ဒပြပြည်သူတွေလည်း အဲဒီလမ်းမပေါ်မှာပဲ သဲတွေကျောက်တွေနဲ့ စစ်တပ်၊ရဲနဲ့ပြည်သူ သီးသန့်စီရှိနေဖို့ စည်းတားထားလိုက်ပါတယ်။

ဒီကနေ့ မတ်လ ၃ ရက်နေ့မှာ ကယားပြည်နယ် လွိုင်ကော်စစ်အာဏာရှင်ဆန့်ကျင်တဲ့ သပိတ်မှာ ပြည်သူတွေက လူဦးရေ သိန်းချီပြီး လွိုင်ကော်မြို့ပေါ်ထဲပတ်ပြီး ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အခုလို သဲကိုအသုံးပြုပြီးတော့ စည်းပြန်တားလိုက်တာဟာ စစ်တပ်တွေကို အသိအမှတ်မပြုနိုင်တဲ့ အဓိပ္ပါယ်ကို ပြချင်တဲ့အတွက် ပြုလုပ်တာဖြစ်တယ်လို့ သပိတ်ကော်မတီအဖွဲ့ဝင် ကိုဒီးဒီက ပြောပါတယ်။

‘’ ဒီရက်တော့ လူငယ်တွေရဲ့ လုပ်ဆောင်မှုလို့ပဲ ကျနောတို့ ပြောတယ်ပေါ့နော။ အဓိကတော့ အဓိပ္ပာယ်ကတော့ ဒီသဲတွေပုံတယ်။ သဲတွေ ပုံပြီးတော့မှ လုပ်တယ်ဆိုတာတော့ ကျနောတို့ စစ်ကောင်စီကို ကျနောတို့ ပြည်သူနဲ့ စည်းခြားလိုက်တယ်ပေါ့နော။ မင်းတို့ဟာမင်းတို့နေ ငါတို့ဟာငါတို့နေမယ် မင်းတို့ကို အသိအမှတ် မပြုဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒါကတော့ လူငယ် အထူးသဖြင့် G-zတွေရဲ့ အိုင်ဒီယာလို့ပဲ ကျနောတို့ ပြောချင်ပါတယ်။ ‘’

ကယားပြည်နယ်မှာ စစ်အာဏာရှင်ဆန့်ကျင် သပိတ်မှောက်တာကို ရက်တိုင်းပြုလုပ်ခဲ့ပြီးတော့ စစ်တပ်က သပိတ်မှောက်သူတွေရဲ့ လမ်းကို ပိတ်ဆို့တာတွေရှိခဲ့ပေမယ့် ထိပ်တိုက်တွေ့ဆုံမှုမလုပ်ပဲ အခြားလမ်းကို အသုံးပြုပြီး ငြိမ်းချမ်းစွာ သပိတ်မှောက်ခဲ့ကြပါတယ်။

စစ်တပ်က ပစ်ခတ်ဖြိုခွင်းပြီး လူစုခွဲတာတွေ ပြုလုပ်တာမရှိသေး ပေမယ့် ဆန္ဒပြသူတွေနဲ့ ရဲတွေ စစ်တပ်တွေ တွေ့ဆုံရာမှာတော့ လူစုခွဲဖို့ သတိပေး တိုက်တွန်းတာတွေတော့ရှိပါတယ်။ သပိတ်ကော်မတီအနေနဲ့လည်း ဆန္ဒပြသူတွေ အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုးမြင့်ဆောင်ရွက်ထားတာတွေ ပြုလုပ်ထားတယ်လို့ လုံခြုံရေးတာဝန်ယူထားသူတစ်ဦးက ပြောပါတယ်။

“ ဒီရက်အခြေအနေကတော့ ကျနောတို့တစ်ဖက်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်က အားဖြည့်ထားပြီပေါ့။ ဆိုတော့ ကျနောတို့ လူထုတွေကို မထိခိုက်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ သေချာပြင်ဆင်ထားတာရှိတယ်။ “

စစ်အာဏာရှင်ဆန့်ကျင်တဲ့ သပိတ်မှာ တချို့တိုင်းနဲ့ပြည်နယ်တွေက ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေရှိခဲ့ပြီးတော့ ကယားပြည်နယ်မှာတော့ မရှိသေးပါဘူး။

ညအချိန်မှာတော့ ကျေးရွာတချို့တွေမှာ ညအချိန်မတော် သူစိမ်းဝင်လာတာတွေရှိနေပါတယ်။ မနေ့ညမှာဆိုရင် ဒီး​​​မော့ဆိုမြို့၊ ခြောက်မိုင် ဟိုဝမ်ကျေးရွာမှာ လက်နက်ကိုင်ဆောင်ထားတဲ့ လူနှစ်ဦးကို ဖမ်းမိတာတွေရှိနေတဲ့အတွက် လူထုစိုးရိမ်းမှုကတော့ မြှင့်တက်နေပါတယ်။

spot_img
spot_img

Recent posts