spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်တက္ကသိုလ်ထဲ ရဲတပ်ဖွဲ့ဝင်ရောက်ရာမှာ လက်နက်ပစ္စည်းတချို့ကျန်ရစ်ခဲ့ပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ပြန်လည်အပ်နှံ

Author

Date

Category

ယနေ့ မတ္လ ၆ ရက်နေ့ညနေအချိန်မှာ ရဲတပ်ဖွဲ့ တချို့ လွိုင်ကော်တက္ကသိုလ်ထဲကို ဝင်ရောက်လာခဲ့ပြီး ပြည်သူတွေက ကန့်ကွက် ဆန္ဒပြခ့ဲကလို့ ပြန်လည်ထွက်ခွာပြီးနောက်မှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပစ္စည်းတချို့ ကျန်ရစ်ခဲ့တယ်ဆိုပြီး ကယားပြည်နယ် သပိတ်ကော်မတီရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။

ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကတော့ (၁)9mm ကျည်ဆံ ၁၀၀ ထောင့် (၂) 12 ဗို့ ရာဘာကျည်ဆံ ၁၃၀ ထောင့် (၃) 38mm ရာဘာကျည်ဆံထောင့်( 38mm Rubber Ball Cartridge-70 Balls) ၅ထောင့် (၄)38mm CS မျက်ရည်ယိုဗုံး ၅လုံး တို့ ကျန်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကိုတွေ့ရှိတဲ့ ပြည်သူတွေက သပိတ်ကော်မတီကို အပ်နှံခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ကယန်းပြည်သစ်တပ်မတော် (KNLA) ၊ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(KNPLF) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့က တိုင်ပင်ပြီး KNPLF အရာရွိ စောဖိုးလုံးမှတစ်ဆင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး သို့ လက်ပြောင်းအပ်နှံလိုက်ပြီလို့ ဖော်ပြထားပါတယ်။

လွိုင်ကော်တက္ကသိုလ် ကျောင်းထဲကို ရဲတပ်ဖွဲ့ဝင် (၁၆)ယောက်လောက်က အထက်ကညွှန်ကြားတယ်ဆိုပြီး ရိက္ခာပစ္စည်းတချို့သယ်လာပြီး ရောက်ရှိလာခဲ့တာဖြစ်ပြီး ပြည်သူတွေ ချက်ချင်းလာရောက်ဝန်းရံ ပြီး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေကလည်း ကျောင်းဝန်းထဲ တပ်စွဲခွင့် မပြုကြောင်း ပြန်လည်ထွက်ခွာဖို့ တောင်းဆိုရာမှာ ပြန်လည်ထွက်ခွာခဲ့ကြတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts