spot_img
Monday, March 27, 2023
spot_img

လွိုင်ကော်တိုက်ပွဲအတွင်း စစ်ကောင်စီ (၁၅)ဦး ထက်မနည်းသေဆုံး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုရားကျောင်းအပါအဝင် နေအိမ်ပျက်စီးမှုရှိ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့နယ်တစ်နေရာမှာ ယမန်နေ့ (ဖေဖော်ဝါရီ ၄ရက်) ည အချိန် စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့တယ်လို့ ကရင်နီတပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင် ကပြောပါတယ်။

“ ရန်သူဖက် ၁၅ယောက်သေတယ်လို့ ပြောတယ်။ ကျနော်တို့ဖက် KNDFက တစ်ယောက် ဒဏ်ရာရတယ်။ PDFဖက်က တစ်ယောက် ကျဆုံးပြီး တစ်ယောက် ဒဏ်ရာရတယ်။ “ လို့ ဗိုလ်မှူးကြီး ဘုန်းနိုင် ကပြောပါတယ်။

တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့မှ တစ်ဦးကျဆုံးသလို စစ်ကောင်စီဖက်ကတော့ ၁၅ဦးထက်မနည်း ထိခိုက်ကျဆုံးနိုင်တယ်လို့ သူက ပြောပါတယ်။ ဖေဖော်ဝါရီလ ၄ရက်နေ့ ည ၁၀နာရီကနေ မနက် ၂နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေကနေ လက်နက်ကြီးအချက်ရေပေါင်းများစွာ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် “ ဝမ်းနည်းသောမယ်တော် “ ဘုရားကျောင်း ထိခိုက်ပျက်စီးမှုရှိခဲ့သလို ပြည်သူတွေရဲ့ နေအိမ် အလုံး(၂၀)ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“ ၁၀နာရီခွဲအချိန် လက်နက်ကြီး အဆမတန် တစ်ညလုံး လက်နက်ကြီးထုတာပေါ့။ အိမ်က အလုံး ၂၀ ထိခိုက်သွားတယ်။ လူထုနေအိမ်ပေါ့။ ဘုရားကျောင်းတစ်ကျောင်းထိခိုက် ပျက်စီးသွားတယ်။ အဲ့တိုက်ပွဲထဲမှာ ရဲဘော်တစ်ဦးကျသွားတယ်ပေါ့နော။ ပြည်သူလူထု အသေးစားတစ်ယောက် ဒဏ်ရာရသွားတယ်။ ပြည်သူလူထုကတော့ထိခိုက်မှုမရှိဘူးပေါ့။ “ လို့ ကရင်နီမေတ္တာရှင် ကယ်ဆယ်ရေးပြန်ကြားရေး တာဝန်ခံ တစ်ဦးက ပြောပြပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝါရီကောခူကျေးရွာက နေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီးခဲ့သလို စစ်ကောင်စီပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး တွေကို ကောက်ယူရာမှာ လက်နက်ကြီး အလုံး ၇၀ ကျော်လောက် ရှိနေတယ်လို့ သူက ဆက်ပြောပြပါတယ်။ လက်နက်ကြီးအမျိုးအစားတွေက ၆၀ မမနဲ့ ၁၂၀ မမ တွေ ဖြစ်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၃ရက်နေ့ ည ၆နာရီကျော်အချိန်မှာလည်း လွိုင်ကော်အရှေ့ဖက်ခြမ်းတစ်နေရာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ရှောင်ဆေးခန်းအပြင် စာသင်ဆောင်၊ စာရွက်စာတမ်း၊ ရိက္ခာဆန် မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

ကရင်နီပြည်မှာ အာဏာသိမ်း ၂နှစ်ကာလအတွင်း တိုက်ပွဲပေါင်း ၅၀၀ ကျော် နဲ့ လေကြောင်းတိုက်ခိုက်မှု ၂၀၀ နီးပါး ဖြစ်ပွားခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPFက ဖေဖော်ဝါရီ (၁)ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကရင်နီပြည်တွင်း မြို့နယ်အလိုက် စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ကနေ တိုက်ပွဲဖြစ်ပွားခြင်းမရှိလည်း စစ်ရှောင်နဲ့ အရပ်သားနေထိုင်ရာနေရာတွေကို လက်နက်ကြီးသော်လည်းကောင်း၊ လေကြောင်းတိုက်ခိုက်မှုသော်လည်းကောင်း အသုံးပြုတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး...

စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့ ) မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ဘုရားကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူစုရုံးပြီး ကုလားပဲထုပ်...

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီးကျပြီး ဒေသခံထိခိုက်မှုရှိခဲ့၊ ဖရဲသီးစိုက်ခင်းလည်းပျက်စီး

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ မတ်လ ၂၄ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတချို့ ထိခိုက်ခဲ့သလို ဖရဲသီးစိုက်ခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ "အိမ်ကတော့ လူနေအိမ်ပဲ မိန်းက‌လေးထိတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်။ ဒီကျတာက ဖရဲသီးခြံစိုက်ခင်းထဲမှာက...

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၁၀ ရက်နေ့ ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းက ဆွေမျိုးတွေဆီကို ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေအထဲက ကလေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "အကြောင်းရင်းက ဘာလဲ မသိဘူး၊ ရေရှားတဲ့ နေရာလဲ မဟုတ်ဘူး၊...