spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်ဒေသကို အခြေပြုမယ့် KNDF ဗျူဟာအမှတ်(၇) ကို ဖွဲ့စည်းဖို့အတွက် တပ်သားအသစ်ခေါ်ယူ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်မှာ စတင်ခဲ့တဲ့ ၁လေးလုံး စစ်ဆင်ရေးဟာ ၃လကြာမြှင့်လာပြီဖြစ်ပြီး လွိုင်ကော်မြို့သိမ်းတိုက်ပွဲအတွက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) မှ လွိုင်ကော်ဒေသကို အခြေပြုမယ့် ဗျူဟာအမှတ် (၇)ကို ဖွဲ့စည်းနိုင်ဖို့အတွက် တပ်သားအသစ် ခေါ်ယူနေပါတယ်။

တော်လှန်ရေးမှာ အင်အားကောင်းကောင်းနဲ့ လွိုင်ကော်မြို့ကို ဆက်လက်ထိန်းနိုင်ဖို့ တပ်သားခေါ်ယူမှု အစီအစဥ်ကို ပြုလုပ်ရခြင်းဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ရဲ့ ဒု – စစ်ဦးစီးချုပ် မာဝီက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“လွိုင်ကော်မြို့ရဲ့လက်ရှိ အခြေအနေမှာကတော့ ဒါလွိုင်ကော်မြို့ကို သိမ်းနေတယ်။ သိမ်းပြီးတော့မှ ဝင်ထိန်းနိုင်ဖို့ သိမ်းနိုင်ဖို့ရန်အတွက် ထပ်ပြီးတော့မှ မသိမ်းရသေးတဲ့နေရာမှာ သိမ်းနိုင်ဖို့ရာ အတွက်ကို ကျနော်တို့ ဒီ ကိစ္စ လုပ်ရခြင်းဖြစ်တယ်။ နောက်တစ်ခုကတော့ ရန်သူကတော့ ပြိုလဲနေတဲ့အချိန်မှာ ကျနော်တို့ ပြည်နယ်ရဲ့ အင်အား၊ ကျနော်တို့ ပြည်နယ်ရဲ့ လူ့အရင်းအမြစ်စွမ်းအားကို ကြည့်ရင်လည်း ကျနော်တို့ ဒါ တော်လှန်ရေးအတွက် အားကောင်းကောင်းနဲ့ ပါဝင်နိုင်တဲ့ အင်အားရှိသေးတယ်ပေါ့နော်။ ဒါကြောင့်မလို့ အဲ့လိုလူတွေကို ပြန်စုစည်းခြင်းဖြစ်ပါတယ်။”လို့ ဒု – စစ်ဦးစီးချုပ် မာဝီက ဆိုပါတယ်။

လွိုင်ကော်မြို့ရဲ့ ထက်ဝက်ကျော်ကို တော်လှန်ရေးတပ်ဖွဲ့တွေကနေ စိုးမိုးထားနိုင်ပြီး ဆက်လက်ထိန်းနိုင်ဖို့ နဲ့ ကျန်ရှိတဲ့နေရာတွေကို သိမ်းနိုင်ဖို့အတွက် ဖွဲ့စည်းမယ့် KNDF ဗျူဟာအမှတ် (၇)မှာ လူမျိုးဘာသာ၊ ကျား၊မ မရွေး ပါဝင်နိုင်တယ်လို့ ဖေဖော်ဝါရီလ ၃ရက်နေ့မှာ စည်းရိုး(The Fence) Page မှာ အသိပေးထုတ်ပြန်ထားပါတယ်။

KNDF ဗျူဟာအမှတ် (၇) မှာ ဝင်လာမယ့် တပ်သားအသစ်တွေအတွက် ရှိသင့်ရှိထိုက်တဲ့ အခြေခံ စစ်သင်တန်းကို တတ်မြောက်တဲ့အထိ သင်ကြားပို့ချပေးမှာဖြစ်တယ်လို့လည်း ဒု – စစ်ဦးစီးချုပ် မာဝီက ဆက်ပြောပါတယ်။

“သင်တန်းကတော့ ကျနော်တို့ KNDF ရဲ့ မူအရကတော့ ကျနော်တို့ရဲ့ KNDF တပ်ဖွဲ့ဝင်ဖြစ်မယ်ဆိုရင် အခြေခံ စစ်သင်တန်းတက်ကိုတက်ရမှာ ဖြစ်ပါတယ်။ အဲ့တော့ သင်တန်းတွေ လိုအပ်သလိုမျိုး ကျနော်တို့ ပေးသွားပြီးတော့မှ နောက်ထပ်လိုအပ်လာရင်လည်း မွမ်းမံတွေ တကယ့် Intern ဆင်း Training တွေ ထပ်ပေးနိုင်ဖို့ ဖြစ်ပါတယ်။” လို့ ဒု – စစ်ဦးစီးချုပ် မာဝီက ဆက်ပြောပါတယ်။

ဝင်လာမယ့် တပ်သားအသစ်တွေအနေနဲ့ အသက် ၁၈နှစ် နဲ့ ၄၀နှစ် အကြား ရှိရမှာဖြစ်ပြီး ကရင်နီပြည်တွင်းက တော်လှန်ရေး စိတ်ဝင်စားတဲ့သူတွေကို ဦးစားပေးခေါ်ယူသွားမှာဖြစ်သလို အခြားသောပြည်နယ်၊ ဒေသအတွင်းက စိတ်ပါဝင်စားမယ့်သူတွေကိုလည်း ခေါ်ယူဖို့ရှိတယ်လို့ ဆိုပါတယ်။ တပ်သားသစ်တွေအနေနဲ့ တိုက်ခိုက်ရေးတစ်ခုတည်းတင်မဟုတ်ဘဲ ရုံးပိုင်း၊ ဆေးပိုင်း၊ ထောက်ပို့ပိုင်း စတဲ့ ကဏ္ဍတွေမှာ ပါဝင်နိုင်တယ်လို့လည်း သိရပါတယ်။

spot_img
spot_img