spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ကနေ တိမ်းရှောင်လာတဲ့စစ်ရှောင်ကားတချို့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခြင်းခံရ

Author

Date

Category

CJ/ ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ နိုဝင်ဘာလ ၂၃ရက်နေ့ မနက်ပိုင်းမှာ လွိုင်ကော်မြို့ကနေ တခြားမြို့နယ်ကို တိမ်းရှောင်ဖို့ ထွက်လာတဲ့ စစ်ရှောင်ကားတချို့ကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တယ်လို့ လွိုင်ကော်မြို့ကနေ တိမ်းရှောင်လာတဲ့ ကုန်ကားမောင်းသူတစ်ဦးက ပြောပါတယ်။

” ကျနော့်ကားအပစ်ခံရတယ်။ လူတော့ဘာမှ မဖြစ်ပေမဲ့ မောင်းပြေးရတာပေါ့။ သူတို့က ဘယ်အချိန်ပစ်မယ် ဘယ်အချိန်မပစ်ဘူး ဘယ်သူမှမသိဘူး။ လွတ်တဲ့ လူတွေလည်း ရှိသလို ထိမယ့်သူတွေလည်း ရှိနေမှာပဲ ” လို့ ကုန်ကား မောင်းသူတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့နယ်က နောင်ယားနဲ့ နာနတ်တော ရပ်ကွက်အစပ်နားနဲ့ လွိုင်ကော်မြို့အထွက်မှာ စစ်ကောင်စီတပ်က လမ်းမကြီးပေါ် သွားလာနေတဲ့ ကားတွေကို မကြာမဏ ပစ်ခတ်မှုရှိတယ်လို့ ရှမ်းပြည်ရောက် ကရင်နီစစ်ရှောင်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်တွေက လွိုင်ကော် မြို့တွင်းကနေ တိမ်းရှောင်လာတဲ့ ယာဉ်တွေကို စစ်ကောင်စီက ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးသူ တစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ နှစ်ဦးထက်မနည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

” စစ်ရှောင်တဲ့အခါ မြို့ထဲက ထွက်ဖို့ လမ်းကြော သေချာ သိထားဖို့ လိုမယ်။ လမ်းကြောင်း တစ်ခုလောက်မှားသွားတာနဲ့ အပစ်ခံရဖို့များတယ်။ အကောင်းဆုံးကတော့ ယာဥ်တန်းတွေနဲ့ အတူလိုက်တာပါပဲ ” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ် ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ၊ ၁၈ နေ့အတွင်း လွိုင်ကော်ကို စွန့်ခွာ ထွက်လာတဲ့ စစ်ရှောင်တွေ အများဆုံးရှိနေခဲ့ပြီး ကားအစီးရေ ၅၀၀ ထက်မနည်းရှိခဲ့တယ်လို့ ယာဥ်မောင်းတစ်ဦးက ဆိုပါတယ် ။

နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတဲ့ လွိုင်ကော်မြို့ကို စွန့်ခွာလာတဲ့ စစ်ရှောင်အရေအတွက်က ၄သောင်းဝန်းကျင်အထိရှိနေပြီး မြို့တွင်းမှာ ၂သောင်းဝန်းကျင် ကျန်ရှိနိုင်သေးတယ်လို့ စစ်ရှောင်ကူညီတဲ့အဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။(၁၁.၁၁) စစ်ဆင်ရေး ၁၃ ရက်မြောက်နေ့အထိ လွိုင်ကော်မြို့ကနေ စွန့်ခွာတိမ်းရှောင်လာတဲ့ စစ်ရှောင်တွေရှိနေဆဲ ဖြစ်ပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ လွိုင်ကော်မြို့မှာ လူဦးရေ ၅သောင်းကျော်ရှိနေပြီး တခြားမြို့နယ်တွေကနေ စစ်ရှောင်လာသူ ၁သောင်းဝန်းကျင် ခိုလှုံနေထိုင်ခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts